International Sports: ငယ်ချစ်ဦးနှင့် မင်္ဂလာဆောင်တော့မည့် မက်ဆီ

မက်ဆီရဲ့ မင်္ဂလာပွဲကို မကြာခင် မြင်ရတော့မှာ ဖြစ်ပါတယ်။

play

 

ဘာစီလိုနာ ကြယ်ပွင့်ကစားသမား ဖြစ်သူမက်ဆီဟာ  သူနဲ့ကာလကြာရှည်အတူနေလာတဲ့ ချစ်သူနဲ့ လက်ထပ်ပွဲ ကျင်းပတော့မှာ ဖြစ်ကြောင်း သိရပါတယ်။

play

 

မက်ဆီနဲ့ သူ့ရဲ့ချစ်သူ အန်တိုနယ်လာနဲ့အတူ မွေးရပ်မြေအာဂျင်တီးနားမှာ လက်ထပ်ပွဲ ကျင်းပသွားမယ်လို့ သိရပြီး ယခုနှစ် ဘောလုံးရာသီအပြီး နွေရာသီမှာ ပွဲပြုလုပ်သွားဖွယ် ရှိပါတယ်။ မက်ဆီနဲ့ သူ့ရဲ့ချစ်သူ အန်တိုနယ်လာတို့ဟာ အာဂျင်တီးနိုင်ငံ ရိုဆာရီယိုမြို့မှာ တွေ့ဆုံခဲ့ကြတာဖြစ်ပါတယ်။ မက်ဆီဟာ ငယ်စဉ်က ဘောလုံးသမားတစ်ဦးဖြစ်သူ လူးကပ်စ်နဲ့ ရင်းနှီးခဲ့ပြီး အန်တိုနယ်လာက လူးကပ်စ်ရဲ့ ညီမ တစ်ဝမ်းကွဲဖြစ်လို့ မက်ဆီနဲ့တွေ့ဆုံခဲ့တာဖြစ်ပါတယ်။

play

 

မက်ဆီဟာ အန်တိုနယ်လာနဲ့ ငယ်စဉ်ကတည်းက ချစ်ကြိုက်ခဲ့ကြပြီးနောက် အခုမက်တီယိုနဲ့ သီယေဂိုဆိုတဲ့ သားနှစ်ယောက် ရပြီးချိန်မှာ လက်ထပ်ဖို့ ဆုံးဖြတ်ခဲ့ာကတာဖြစ်ပါတယ်။၂၀၁၆-၁၇ ဘောလုံးရာသီ ပြီးဆုံးပြီး ဘာစီလိုနာ ကစားရမယ့်ပွဲစဉ်တွေ ပြီးဆုံးတဲ့အခါ မက်ဆီဟာ အာဂျင်တီးနားပြန်မှာဖြစ်ပြီး သူ့ရဲ့မွေးနေ့ဖြစ်တဲ့ ဇွန်လ ၂၄ ရက်နေ့မှာ လက်ထပ်ပွဲကျင်းပဖို့ သတ်မှတ်ထားဖွယ် ရှိနေပါတယ်။

play

 

လက်ထပ်ပွဲအကြောင်း မက်ဆီရဲ့ အမျိုးတစ်ဦးဖြစ်သူက အတည်ပြုပေးခဲ့တယ်လို့ အာဂျင်တီးနားသတင်းစာတစ်စောင်ဖြစ်တဲ့ La Capital က ဖော်ပြထားပါတယ်။ မက်ဆီရဲ့မင်္ဂလာပွဲကို ဘာစီလိုနာအသင်းသားတွေ၊  အာဂျင်တီးနားလက်ရွေးစင် ကစားသမားတွေနဲ့ အရင်ဘာစီလိုနာကစားသမားဟောင်းအချို့ တက်ရောက်ကြဖွယ် ရှိပါတယ်။

 

Source : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ