play
ပွဲကြည့်စင်မှာ အဆင်ပြေနေကြတဲ့ ဂျော်ဂျီနာနဲ့ သားငယ်ဂျူနီယာရော်နယ်ဒို

မကြာသေးခင်ကမှ ကမ္ဘာ့အကောင်းဆုံေးဘာလုံးသမားဆုဖြစ်တဲ့ဘလွန်းဒီအော်ဆုကို ပူပူနွေးနွေးရရှိထားတဲ့ ရော်နယ်ဒိုအတွက် နောက်ထပ် စိတ်ချမ်းသာမယ့်ဖြစ်ရပ်တစ်ခုကို မီဒီယာတွေက ဖော်ပြလိုက်ပါတယ်။

play

 

ရီးရဲလ်မက်ဒရစ်က ဒီပို့တီဗိုအသင်းကို ၃-၂ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ပွဲစဉ်မှာ ရော်နယ်ဒိုရဲ့ ချစ်သူဂျော်ဂျီနာရိုဒရီဂွက်ဇ်အပြင် သားငယ်ဖြစ်သူ ဂျူနီယယာရော်နယ်ဒိုလည်း လာရောက်ကြည့်ရှုခဲ့ပါတယ်။ ပွဲကြည့်စင်ရဲ့ အထူးတန်းထိုင်ခုံမှာ ရှိနေခဲ့ကြတဲ့ ရိုဒရီဂွက်ဇ်နဲ့ ရော်နယ်ဒိုရဲ့သားဖြစ်သူတို့ဟာ ခပ်စိမ်းစိမ်း ဖြစ်မနေကြပဲ အပြန်အလှန် ပွေ့ဖက်နှုတ်ဆက်နေကြတဲ့ မြင်ကွင်းကို သတင်းထောက်တွေက မှတ်တမ်းတင်ထားနိုင်ခဲ့တာပါ။ ရော်နယ်ဒိုရဲ့သားဖြစ်သူ ဂျူနီယာကို အဘွားဖြစ်သူက ခေါ်ဆောင်လာခဲ့တာ ဖြစ်ပါတယ်။

play

 

ပွဲလာကြည့်တာဖြစ်ပေမယ့် ရော်နယ်ဒိုရဲ့ချစ်သူဟာ ဂျော်ဂျီနာရိုဒရီဂွက်ဇ်ဟာ ဘောလုံးပွဲထက် သားငယ်ဂျူနီယာထံက  အာရုံစိုက်မှုကို ရဖို့ ကြိုးစားနေခဲ့ပြီး ကလေးငယ်နဲ့အတူ စကားတွေအများကြီးပြောဖို့ ကြိုးစားနေခဲ့တာပါ။ ဂျူနီယာကလည်း ဂျော်ဂျီနာကို သူစိမ်းတစ်ဦးလိုမဆက်ဆံပဲ မိသားစုဝင်တစ်ဦးလို စကားတွေပြောနေခဲ့တာ တွေ့ရပါတယ်။

play

 

ရော်နယ်ဒိုက သူတို့နှစ်ဦးကို အထူးတန်းပွဲကြည့်စင်အတွင်း ခေတ္တထားခဲ့တဲ့ အချိန်မှာလည်း ဂျော်ဂျီနာဟာ ကလေးငယ် ဂျူနီယာ ရော်နယ်ဒိုနဲ့ အဆင်ပြေပြေနေနိုင်ခဲ့တာ ဓာတ်ပုံတွေက ဖော်ပြနေပါတယ်။

Source : Mirror

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video