International Sports: ရော်နယ်ဒိုပုံတူပန်းချီကို လက်မသုံးဘဲ ရင်သားအသုံးပြုပြီး ရေးဆွဲသည့် ပန်းချီဆရာမ

ရွှေဘောလုံးဆုရ ရော်နယ်ဒိုကို ဂုဏ်ပြုရေးဆွဲထားတာ ဖြစ်ပါတယ်။

Cristiano Ronaldo after his Goal vs Club America
play


ကမ္ဘာ့အကောင်းဆုံး ကစားသမားဆုကို ပူပူနွေးနွေးရရှိထားတဲ့ ရော်နယ်ဒိုကို ဂုဏ်ပြုတဲ့အနေနဲ့ ရုရှားပန်းချီဆရာမတစ်ဦးဟာ သူမရဲ့ ရင်သားတွေကိုအသုံးပြုပြီး ရော်နယ်ဒိုရဲ့ ပုံတူပန်းချီကားကို ဖန်တီးလိုက်ပါတယ်။

play


ရော်နယ်ဒိုကို ဂုဏ်ပြုချင်တဲ့အတွက် သူမဟာ ပုံတူပန်းချီကိုလက်နဲ့မဆွဲပဲ ရင်သားတွေကို အသုံးပြုကာ ဆွဲပြခဲ့တာဖြစ်ပါတယ်။ ရော်နယ်ဒိုက ရွှေဘောလုံးဆု ကိုင်ထားတဲ့ပုံကို ခရမ်းရောင်ဆေးတွေအသုံးပြုကာ ပန်းချီဆွဲခဲ့တာဖြစ်ပြီး သူမအတွက် ပန်းချီဆွဲတဲ့ သက်တမ်းကြာလာပြီးနောက်မှာ အချို့ပန်းချီကားတွေဆွဲဖို့ စုတ်တံအသုံးပြုစရာမလိုဘူးလို့ ယူဆထားကြောင်း ရိုမာနော့ဗ်စကာရာက ပြောပါတယ်။ ရော်နယ်ဒိုဟာ ဒီပန်းချီကားအပြင် ရွှေရောင်ကိတ်မုန့်နဲ့ ရွှေရောင်ဖိနပ်တွေလည်း ရရှိထားကြောင်း သိရပါတယ်။

play


" ဒါဟာ ဘောလုံးသမားတိုင်း လိုချင်တဲ့ ဘဝတစ်ခုပဲလေ။ ပန်းချီပုံကို ရိုးရိုးမဆွဲပဲ ရင်သားအသုံးပြုပြီးဆွဲတာ အချိန်တော့ ပိုကြာတာပေါ့။ စုတ်တံနဲ့တင် မဟုတ်ပဲ အခြားအရာတွေနဲ့ ပန်းချီဆွဲခြင်းကနေ ပိုပြီးပြည့်စုံတဲ့အရည်အသွေးတွေရလာမယ်လို့ ဒီဘက်နောက်ပိုင်းမှာ ကျွန်မထင်လာတယ်" လို့ ပန်းချီဆရာမ ရိုမာနော့ဗ်စကာရာက ဆိုခဲ့တာပါ။ အဆိုပါပန်းချီဆရာမဟာ ဒီနည်းလမ်းနဲ့ ရုရှားသမ္မတ ပူတင်ရဲ့ပုံတူကိုလည်း ရေးဆွဲထားပါသေးတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ