International Sports: တရုတ်ကလပ်သို့ ပြောင်းရွှေ့မည့် အော်စကာ မက်ဆီနှင့်ရော်နယ်ဒိုထက် လစာပိုများလာမည်

ကမ္ဘာ့လစာအများဆုံး ဘောလုံးသမား ဖြစ်လာတော့မှာပါ။

play

 

ချယ်လ်ဆီးအသင်းထံကနေ တရုတ်စူပါလိဂ်ကလပ်ကို ပြောင်းရွှေ့တော့မယ့် ဘရာဇီးကစားသမား အော်စကာဟာ ကမ္ဘာ့လုပ်ခလစာ အများဆုံးဘောလုံးသမား ဖြစ်လာမယ်လို့ သိရပါတယ်။

လက်ရှိကမ္ဘာ့အကောင်းဆုံးဘောလုံးသမားနှစ်ဦးဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်က ရော်နယ်ဒိုနဲ့ ဘာစီလိုနာက မက်ဆီတို့ကို ကျော်ဖြတ်ပြီး လုပ်ခလစာအများဆုံး ဘောလုံးသမားအဖြစ် အော်စကာ ရပ်တည်နိုင်တော့မှာပါ။ အော်စကာကို ချယ်လ်ဆီးအသင်းထံက ပြောင်းရွှေ့ကြေးပေါင ၅၂ သန်းပေးချေကာ တရုတ်စူပါလိဂ်ကလပ် ရှန်ဟိုင်း SIPG အသင်းက ခေါ်ယူမှာ ဖြစ်ပြီး တစ်ပတ်လုပ်ခလစာ ပေါင်လေးသိန်းခန့် ပေးချသွားမှာလို့သိရပါတယ်။

play

 

ဒါဟာ မက်ဆီနဲ့ ရော်နယ်ဒိုထက် တစ်ပတ်လုပ်ခလစာ ပေါင်သုံးသောင်းခွဲလောက်ပိုပြီးရရှိမယ့် လစာ ဖြစ်ပါတယ်။ မက်ဆီနဲ့ ရော်နယ်ဒို နှစ်ဦးလုံးဟာ လက်ရှိမှာ တစ်ပတ်လုပ်ခလစာ ပေါင်သုံးသိန်းခွဲ ဝန်းကျင်ရရှိလျှက်ရှိပါတယ်။ ပရီးမီးယားလိဂ်မှာ လုပ်ခလစာ အ များဆုံးပေးချေထားရသူက မန်ယူအသင်းကစားသမား ပေါ့ဂ်ဘာ ဖြစ်ပါတယ်။

မကြာသေးခင်က ဘာစီလိုနာအသင်းနဲ့အတူ စာချုပ်သစ်ချုပ်ပြီး တစ်ပတ်လုပ်ခလစာပေါင် နှစ်သိန်းသုံးသောင်းရရှိလာတဲ့ တိုက်စစ်မှူး လူးဝစ္စဆွာရက်ဇ်တောင် ကမ္ဘာ့လုပ်ခလစာအများဆုံး ကစားသမားစာရင်းမှာ ပါဝင်မလာခဲ့ပါဘူး။ မက်ဆီ၊ ရော်နယ်ဒိုနဲ့ ဂါရက်ဘေးလ်တို့ ပြီးရင် ကမ္ဘာ့လုပ်ခလစာအများဆုံး အဆင့်-၄ နေရာမှာရှိနေတဲ့ ကစားသမားလည်း အော်စကာရဲ့အသင်းဖော်ဖြစ်လာမယ့် ရှန်ဟိုင်း SIPG အသင်းက ဘောလုံးသမား ဟော့ခ်ဖြစ်ပါတယ်။

play

 

တရုတ်ကလပ် ဟီဘိုင်အသင်းမှာ မက်ဆီနဲ့ ရော်နယ်ဒိုထက် လစာပိုများတယ်လို့ သတင်းထွက်ထားတဲ့ လာဗက်ဇီကတော့ ဒေးလ်လီးမေးလ်သတင်းစာက ပြုစုတဲ့ ဒီစာရင်းထဲမှာ ပါဝင်မလာခဲ့ပါဘူး။

Source : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ