International Sports: ဂျပန်ကလပ်ကို ဟက်ထရစ်သွင်းပြီး စံချိန်သစ် ရသွားပြန်တဲ့ ရော်နယ်ဒို

, updated

ကလပ်ကမ္ဘာ့ဖလား ဗိုလ်လုပွဲအပြီးမှာ ရော်နယ်ဒိုဟာ စံချိန်သစ်နှစ်ခု ရရှိခဲ့ပါတယ်။

play

 

ကလပ်ကမ္ဘာ့ဖလား ဗိုလ်လုပွဲမှာ ရီးရဲလ်မက်ဒရစ်အသင်းက ဂျပန်ကလပ် ကာရှီမာအန်းတလားစ်အသင်းကို ၄-၂ ဂိုးနဲ့ အနိုင်ရပြီးတဲ့နောက် ရော်နယ်ဒိုလည်း နောက်ထပ် စံချိန်သစ်တစ်ခု ထပ်ရသွားခဲ့ပါတယ်။

ပြိုင်ဘက်ကို လေးဂိုးသွင်းနိုင်ခဲ့တဲ့ ရီးရဲလ်မက်ဒရစ်အသင်းအတွက် ရော်နယ်ဒိုက ဟက်ထရစ်သွင်းယူပေးနိုင်ခဲ့ပြီးတဲ့နောက်မှာ ကလပ်အသင်းများကမ္ဘာ့ဖလား ပြိုင်ပွဲသမိုင်းတစ်လျှောက် ဗိုလ်လုပွဲမှာ နှစ်ပေါင်း ငါးဆယ်ကျော်အတွင်း ဟက်ထရစ်သွင်းယူနိုင်တဲ့ ပထမဆုံး ကစားသမား ဖြစ်လာခဲ့ပါတယ်။ ဗိုလ်လုပွဲ အနိုင်ရခဲ့တဲ့အတွက်လည်း ရီးရဲလ်မက်ဒရစ်ဟာ သူတို့အသင်းရဲ့ ရှုံးပွဲမရှိ စံချိန်ကို ၃၇ ပွဲအထိ ဆွဲဆန့်နိုင်ခဲ့ပြီဖြစ်ပါတယ်။ ဗိုလ်လုပွဲမှာ ဒုတိယမြောက် ဟက်ထရစ်သွင်းနိုင်တဲ့ ကစားသမားအဖြစ်သာ မကပဲ ရော်နယ်ဒိုဟာ နောက်ထပ်စံချိန်တစ်ခုလည်း ချိုးဖျက်နိုင်ခဲ့ပါတယ်။

play

 

တစ်နှစ်အတွင်းမှာ ယူရိုချန်ပီယံရှစ်ဖလား၊ ချန်ပီယံလိဂ်ဖလား၊ ကလပ်အသင်းများကမ္ဘာ့ဖလားနဲ့ ဘလွန်းဒီအော်ဆုကို ရယူနိုင်ခဲ့တဲ့ ပထမဆုံး ကစားသမားဖြစ်လာခဲ့ပါတယ်။ ရောယ်ဒိုဟာ ၂၀၁၆ ခုနှစ်အတွင်း ပေါ်တူဂီနဲ့ ယူရိုချန်ပီယံဖြစ်ခဲ့သလို ရီးရဲလ်မက်ဒရစ်နဲ့လည်း ချန်ပီယံလိဂ်ဖလား၊ ကလပ်အသင်းများကမ္ဘာ့ဖလားကို ယူနိုင်ခဲ့တဲ့အပြင် တကိုယ်တော်အောင်မြင်မှုအဖြစ် ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆုကိုပါ ယူနိုင်ခဲ့တာပါ။

Source : Daily Mail

Cristiano Ronaldo Hat-Trick Goal
ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ