International Sports: အနက်ရောင်ဖိနပ်ကို ရော်နယ်ဒို မကြိုက်ရသည့် အကြောင်းရင်း

ရော်နယ်ဒိုက ဘောလုံးကန်ရင် အနက်ရောင်ဖိနပ်တွေကို ရှောင်လေ့ရှိပါတယ်။

play

 

ရီးရဲလ်မက်ဒရစ်အသင်း ကစားသမား ရော်နယ်ဒိုဟာ ဘောလုံးကန်ဖိနပ်ရွေးချယ်ရာမှာ အနက်ရောင်ကို တက်နိုင်သမျှ ရှောင်ကြဉ်လေ့ ရှိတယ်လို့ ဆိုပါတယ်။ ရော်နယ်ဒိုဟာ ဘာကြောင့် ဘောလုံးကန်ဖိနပ် အနက်ရောင်ကို မကြိုက်ရသလဲဆိုတဲ့ အကြောင်းပြချက် ထွက်လာခဲ့ပြီဖြစ်ပါတယ်။

ရော်နယ်ဒိုနဲ့ မိတ်ဖက်အားကစားကုမ္ပဏီဖြစ်တဲ့ Nike က ရော်နယ်ဒိုဝတ်ဆင်တဲ့ ဖိနပ်တွေကို အထူးစီမံပြီး တီထွင်ဖန်တီးပေးရပါတယ်။ ဘောလုံးသမားတိုင်းမှာ ဘောလုံးကန်ဖိနပ်နဲ့ ပတ်သတ်လာရင် ကိုယ်ပိုင်စိတ်အကြိုက်အရောင် တစ်ရောင်တော့ ရှိတတ်ပြီး သူတို့ နှစ်သက်တဲ့ အရောင်တွေက သူတို့ကို ယုံကြည်မှု ပိုမိုပေးစွမ်းနိုင်တယ်လို့ Nike ကုမ္ပဏီရဲ့ ကမ္ဘာလုံးဆိုင်ရာဘောလုံးကန်ဖိနပ် ထုတ်လုပ်ရေးဒုတိယဥက္ကဌ မက်စ်က ပြောခဲ့တာဖြစ်ပါတယ်။

play

 

" သူပထမဆုံးပြောတဲ့စကားက ကျွန်တော်ဒီထက်ပိုကောင်းအောင် ကစားနိုင်သေးတယ်တဲ့။ ကျွန်တော်တို့အတွက်လည်း ဖိအား ရှိတာပါပဲ။ ကျွန်တော်တို့ကလည်း ရော်နယ်ဒိုကိုပိုပြီးတိုးတက်လာအောင် ကူညီပေးချင်တာပါ။ ဒါကြောင့်ပဲ Mercurial Superfly ဖိနပ်(လက်ရှိရော်နယ်ဒို စီးသောဘောလုံးကန်ဖိနပ်) ဖြစ်လာတာပေါ့" လို့ မက်စ်က ပြောခဲ့တာပါ။

play

 

အနက်ရောင် ဖိနပ်ကို ရော်နယ်ဒို မကြိုက်ရတဲ့ အကြောင်းရင်းကတော့ အနက်ရောင်ဖိနပ်စီးထားရင် ပိုပြီးနှေးကွေးသွားတယ်လို့ ခံစားရလို့ဖြစ်တယ်လို့ မက်စ်ကဆိုပါတယ်။

" အရောင်တွေက ယုံကြည်မှုကိုပေးစွမ်းနိုင်တယ်လေ။ ရော်နယ်ဒိုကအနက်ရောင်ဖိနပ်မကြိုက်ဘူး။ အဲဒါဝတ်ပြီး ကစားရင် သူနှေးသွားတယ်လို့ ထင်တယ်တဲ့လေ။ သူကပိုပြီးမြန်ချင်တာတဲ့" လို့ goal.com ကို မက်စ်က ပြောခဲ့ပါတယ်။

Source : Mirror

စိတ်ကြိုက် ဖိနပ်အရောင်က ဘောလုံးသမားတွေကို ယုံကြည်မှု ပိုပေးနိုင်တယ်လို့ သင်ရော ထင်ပါသလား။»

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ