International Sports: ရော်နယ်ဒိုနဲ့ မက်ဆီကို ကျော်လွန်ကာ ကမ္ဘာ့လစာအများဆုံး ဖြစ်လာတော့မည့် ကားလို့စ်တိဗက်ဇ်

တိဗက်ဇ်ဟာ တရုတ်စူပါလိဂ်ကို ရောက်ရှိလာတော့မှာဖြစ်ပြီး သူ့ရဲ့လစာငွေက မက်ဆီနဲ့ နေမာနှစ်ဦးပေါင်းရတဲ့ လစာငွေလောက် ရှိပါတယ်။

play

 

မန်ယူအသင်းနဲ့ မန်စီးတီးအသင်း တိုက်စစ်မှူးဟောင်း ကားလို့စ်တိဗက်ဇ်ဟာ ဘိုကာဂျူနီယာ အသင်းက ကိုလုံးအသင်းကို ၄-၁ ဂိုးနဲ့ အနိုင်ရတဲ့ပွဲစဉ်မှာ အသင်းပရိသတ်တွေကို နောက်ဆုံးနှုတ်ဆက်သွားခဲ့ကြောင်း သိရပါတယ်။

 

တိဗက်ဇ်ဟာ မွေးရပ်မြေကလပ်အသင်း ဘိုကာဂျူနီယာနဲ့ လမ်းခွဲတော့မှာဖြစ်ကာ တရုတ်စူပါလိဂ်ကို သွားရောက်ကစားတော့မှာ ဖြစ်ပါတယ်။ ကိုလုံးအသင်းကို ၄-၁ ဂိုးနဲ့ အနိုင်ရတဲ့ပွဲစဉ်မှာ  တိဗက်ဇ်က အသင်းအတွက် ဂိုးသွင်းယူပေးနိုင်ခဲ့ပါသေးတယ်။ မိနစ်ကိုးဆယ်ပြည့်တဲ့အချိန်မှာ တိဗက်ဇ်ကို လူစားလဲခဲ့ပြီး ကွင်းထဲက ထွက်တဲ့အချိန်မှာ တိဗက်ဇ်က ပရိသတ်တွေဘက်ကို လက်ပြနှုတ်ဆက်လိုက်တာ ဖြစ်ပါတယ်။

play

 

ကွင်းထဲက မထွက်ခင်မှာ တိဗက်ဇ်အတင်းပွေ့ဖက်ဆွဲထားခဲ့ပြီး  တရုတ်မှာသွားမကစားဖို့ တောင်းဆိုခဲ့ကြောင်း သိရပါတယ်။ ကားလို့စ်တိဗက်ဇ်ဟာ တရုတ်စူပါလိဂ်ကလပ် ရှန်ဟိုင်းရှန်ဟွာအသင်းက ခေါ်ယူသွားမှာဖြစ်ပြီး လုပ်ခလစာအများဆုံး ကစားသမား ဖြစ်လာတော့မှာပါ။ စူပါလိဂ်ကလပ်ကို နောက်ဆုံးရောက်ရှိလာတော့မယ် ချလ်ဆီးကစားသမား အော်စကာထက်တောင် တိဗက်ဇ်က လစာပိုများမှာ ဖြစ်ပြီး တစ်ပတ်လုပ်ခလစာ ပေါင် စတာလင်ပေါင် ခြောက်သိန်းတစ်သောင်းငါးထောင် ရရှိမှာ ဖြစ်ပါတယ်။

play

 

အဲဒီလစာငွေဟာ မက်ဆီနဲ့ နေမာ နှစ်ဦးပေါင်းရဲ့ လစာငွေနီးနီး ရှိတယ်လို့ သိရပါတယ်။ တိဗက်ဇ်ရဲ့ အပြောင်းအရွှေ့ဟာ လာမယ့်ဇန်နဝါရီလမှာမှ အပြီးသတ်မှာဖြစ်ပါတယ်။ တိဗက်ဇ်ဟာ စူပါလိဂ်ကို နောက်ဆုံးရောက်ရှိသွားခဲ့တဲ့ ထိပ်တန်းကစားသမားတစ်ဦးလည်း ဖြစ်လာပါပြီ။

Source : Mirror

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ