International Sports: ဘောလုံးအလိမ်အခေါက် မခံရဖို့ နေမာကို ဒူးထောက်တောင်းပန်တဲ့ ပြိုင်ဘက်ကစားသမား

နေမာကတော့ ပြိုင်ဘက်ရဲ့ တောင်းဆိုမှုကို လက်မခံခဲ့ပါဘူး။

Neymar Jr Opponent begs Neymar not to destroy him

လေယာဉ်ပျက်ကျသွားတဲ့ ရှာပီကွမ်းစ်ဘောလုံးအသင်းအတွက် ဘရာဇီးကြယ်ပွင့်ကစားသမားအချို့ပါဝင် ကစားပေးခဲ့ကြတဲ့ ရန်ပုံငွေ ဘောလုံးပွဲစဉ်မှာ နေမာရဲ့အလိမ်အခေါက်ကို မခံရဖို့ ပြိုင်ဘက်ဘောလုံးသမားက ဒူးထောက်တောင်းပန်ခဲ့ရတဲ့ ဗီဒီယိုဖိုင်ဟာ လူမှုကွန်ယက်မှာ ရေပန်းစားလာခဲ့ပါတယ်။

play

 

နေမာက ဘောလုံးဆွဲယူလာပြီးနောက် ပြိုင်ဘက်ကစားသမားနဲ့ ရင်တွေ့ချိန်မှာ ဒီဖြစ်ရပ်ဖြစ်ပွားခဲ့တာပါ။ နေမာရဲ့ အလိမ်အခေါက်နဲ့ ပညာပြမှုကို နောက်တစ်ခါ မခံလိုတော့တဲ့ ပြိုင်ဘက်ကစာသမားက မထင်မှတ်တဲ့အချိန်မှာ ဒူးထောက်ပြီး လက်အုပ်ချီကာ ပညာခန်းတွေ ထပ်မပြဖို့ ပြောခဲ့တာဖြစ်ပါတယ်။ နေမာက လက်မထောင်ပြလိုက်ပြီး သဘောတူခဲ့ပေမယ့် ဒီတစ်ကြိမ်မှာလည်း ပြိုင်ဘက် ကစားသမားဟာ နေမာရဲ့ အလိမ်အခေါက်ကို ခံလိုက်ရပြန်တာ တွေ့ရပါတယ်။ ရန်ပုံငွေပွဲဖြစ်လို့ ပြိုင်ဘက်ကစားသမားက နေမာကို နောက်ပြောင်ခဲ့တဲ့ သဘောသာ ဖြစ်ပါတယ်။

play

 

ရှာပီကွမ်းစ်အသင်းအတွက် ကစားပေးတဲ့ ရန်ပုံငွေပွဲမှာ နေမာအပါအဝင်၊ ကာကာ၊ ရော်ဘင်ဟို၊ ဂါဘရီရယ်ဂျီးဆပ် စတဲ့ နာမည်ကျော် ကစားသမားတွေပါဝင်ခဲ့ပြီး ဘရာဇီးပြည်တွင်းက အဆိုတော်အနုပညာရှင်အချို့လည်း ပါဝင်ခဲ့ပါသေးတယ်။ အဆိုပါပွဲစဉ်မှာ နေမာပါဝင်တဲ့ အသင်းက ပြိုင်ဘက်အသင်းကို ၁၃ ဂိုး ၉ ဂိုးနဲ့ အနိုင်ရရှိသွားခဲ့ပါတယ်။ ရလာတဲ့ငွေကြေးတွေကို နေမာဂျူနီယာဖောင်ဒေးရှင်းထံ လှူဒါန်းမှာဖြစ်ပြီး အဲဒီကတဆင့် ရှာပီကွမ်းစ်အသင်းအတွက် ပြန်လည်လှူဒါန်းပေးသွားမှာဖြစ်ပါတယ။်

ှSource : Fox

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ