International Sports: ဆီးရီးယား စစ်ပွဲအတွင်း ပိတ်မိနေတဲ့ ကလေးငယ်တွေအတွက် အားပေးစကားပြောတဲ့ ရော်နယ်ဒို

ဗီဒီယိုဖိုင်ကို အင်တာနက်လူမှုကွန်ယက်ကတဆင့် ရော်နယ်ဒိုက မျှဝေခဲ့တာပါ။

play

 

ဆီရီးယားနိုင်ငံ၊ အလက်ပိုမြို့ရဲ့ စစ်ပွဲအတွင်း ပိတ်မိနေတဲ့ ကလေးငယ်တွေအတွက် ရီးရဲလ်မက်ဒရစ်ကစားသမား ရော်နယ်ဒိုက အားပေးစကားပြောတဲ့ ဗီဒီယိုဖိုင်တစ်ခုကို လူမှုကွန်ယက်ပေါ် လွှင့်တင်လိုက်ပါတယ်။

အလက်ပိုမြို့အတွင်း တိုက်ပွဲတွေပြင်းပြင်းထန်ထန်ဖြစ်ပွားနေပြီး  ရက်ပိုင်းအတွင်းမှာ အရပ်သားများစွာ သေဆုံးနေတယ်လို့ သတင်ေးတွကလည်း ဆိုထားပါတယ်။ အလက်ပိုမြို့အတွင်း ရှိနေတဲ့ ကလေးငယ်တွေ၊ လူငယ်တွေအနေနဲ့ မျှော်လင့်ချက်ကို လက်မလွှတ်ဖို့ရော်နယ်ဒိုက တိုက်တွန်းထားပြီး မင်းတို့ဟာ တကယ့်သူရဲအကောင်းအစစ်တွေဖြစ်တယ်လို့ တိုက်တွန်းထားပါတယ်။

A message of hope to the children affected by the conflict in Syria. @savethechildren

A post shared by Cristiano Ronaldo (@cristiano) on

 

" ဒါဟာ ဆီးရီးယားက ကလေးငယ်တွေအတွက်ဖြစ်ပါတယ်။ မင်းတို့ အထိတ်တလန့် ဖြစ်နေမယ်ဆိုတာ ငါတို့အားလုံးသိပါတယ်။ ကျုပ်က နာမည်ကျော် ကစားသမားဖြစ်ပေမယ့် မင်းတို့ကမှ တကယ့်သူရဲကောင်းအစစ်တွေပါ။ ကမ္ဘာကြီးက မင်းတို့နဲ့အတူ ရပ်တည်ပေးမှာပါ။ ကျုပ်လည်း မင်းတို့နဲ့အတူ ရှိမှာပါ" လို့ ဗီဒီယိုဖိုင်ထဲမှာ ရော်နယ်ဒိုက ပြောကြားထားပါတယ။် ၂၀၁၆ ခုနှစ်အတွက် ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဆုရှင် ရော်နယ်ဒိုဟာ ဆီးရီးယားက ကလေးငယ်တွေအတွက် ငွေကြေးလှူဒါန်းမှုအချို့လည်း ပြုလုပ်ထားပြီဖြစ်တယ်လို့ သိရပါတယ်။

play

 

Source : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ