International Sports: မက်ဆီကသာ အကောင်းဆုံးကစားသမားဖြစ်ဟု ဂွါဒီယိုလာ ပြော

မက်ဆီရဲ့ခြေစွမ်းဟာ နောက်ထပ်အဆင့်တစ်ခုကို ရောက်ရှိနေပြီလို့ ဂွါဒီယိုလာက ပြောပါတယ်။

play

 

၂၀၁၆ ခုနှစ်အတွက် အကောင်းဆုံးဘောလုံးသမားဆုကို ရော်နယ်ဒို ရရှိခဲ့ပေမဲ့ မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာကတော့ ရော်နယ်ဒိုကို ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားအဖြစ် သဘောမတူနိုင်ဖြစ်နေဆဲပါ။

ဂွါဒီယိုလာရဲ့ နောက်ဆုံးမှတ်ချက်အရ မက်ဆီဟာ ရော်နယ်ဒိုထက် နောက်တစ်ဆင့်မြင့်တဲ့ ခြေစွမ်းကို ပိုင်ဆိုင်ထားသူ ဖြစ်ကြောင်း သိရပါတယ်။ လက်ရှိ ဘောလုံးသမားတွေထဲမှာ မက်ဆီသာလျှင် အကောင်းဆုံးဖြစ်တယ်လို့ လက်ရှိ ဘာစီလိုနာနည်းပြ လူးဝစ္စအင်းနရစ်ကလည်း မကြာသေးခင်ကမှ ထုတ်ပြောထားသူဖြစ်ပါတယ်။ မက်ဆီနဲ့ ရော်နယ်ဒို ဘယ်သူက ပိုကောင်းတဲ့ ဘောလုံးသမားလည်းဆိုတာ အမြဲအငြင်းပွားကြရတဲ့ အရာဖြစ်ပြီး အခုတော့ မက်ဆီရဲ့ နည်းပြနှစ်ဦးဖြစ်သူက ရော်နယ်ဒိုကို ပြတ်ပြတ်သားသား ငြင်းပယ်ကာ မက်ဆီဘက်က ရပ်တည်လိုက်တာဖြစ်ပါတယ်။

play

 

" ကျွန်တော်လည်း အင်းနရစ်ရဲ့ အမြင်ကို သဘောတူပါတယ်။ မက်ဆီဟာ အကောင်းဆုံးပါ။ အကောင်းဆုံး ဆိုတာ တကယ်ကို သေချာပါတယ်။ ဘယ်လိုကစားရမယ်ဆိုတာသိတဲ့အပြင် အခြားကစားသမားတွေကို ဘယ်လိုဖန်တီးပေးရမယ်ဆိုတာကိုပါ သူသိပါတယ်။ သူက ကစားသမားအကုန်လုံးကို လေးစားမှုလည်းရှိသူပါ။ ရော်နယ်ဒိုကိုလည်း သူလေးစားပါတယ်။ ကျွန်တော့်အထင် မက်ဆီက နောက်ထပ် တစ်ဆင့်မြင့်တဲ့နေရာမှာရောက်နေပါပြီ" လို့ ဂွါဒီယိုလာက ဆိုပါတယ်။

ှSource : Goal

သင်ရော ဘယ်သူ ပိုကောင်းသည် ထင်ပါသလဲ။»

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ