International Sports: ခရစ္စမတ်ကာလမှာ မွေးရပ်မြေကို လွမ်းနေတဲ့ ရော်နယ်ဒို

မွေးရပ်မြေ ပေါ်တူဂီကို ရော်နယ်ဒို လွမ်းဆွတ်နေတာ ဖြစ်ပါတယ်။

play

 

ခရစ္စမတ်ကာလမှ အိမ်မပြန်ရဘဲ မွေးရပ်မြေနဲ့ အဝေးမှာ ရှိနေရတဲ့ သူတွေလိုပဲ ရီးရဲလ်မက်ဒရစ် ကြယ်ပွင့်ကစားသမား ရော်နယ်ဒိုလည်း အိမ်လွမ်းဝေဒနာကို ခံစားနေရကြောင်း သိရပါတယ်။

ရော်နယ်ဒိုရဲ့ မိသားစုက ရော်နယ်ဒိုအခြေစိုက်ရာ စပိန်နိုင်ငံ မက်ဒရစ်မြို့မှာ အတူလာရောက်နေထိုင်ကြပေမဲ့ ရော်နယ်ဒိုက သူ့ရဲ့ငယ်ဘဝ မွေးရပ်မြေ ပေါ်တူဂီက ကမ်းခြေမြို့ကလေးကို လွမ်းဆွတ်နေတာဖြစ်ပါတယ်။ ရော်နယ်ဒို ကြီးပြင်းခဲ့ရာ ဒေသဟာ ပေါ်တူဂီက မက်ဒေးရီးယားမြို့ကလေးဖြစ်ပါတယ်။ ၂၀၀၃ ခုနှစ်မှာ စပို့တင်းလစ္စဘွန်းကနေ မန်ချက်စတာယူနိုက်တက်ကို ပြောင်းရွှေ့လာခဲ့ပြီးနောက် ရော်နယ်ဒိုဟာ ပေါ်တူဂီကို စွန့်ခွာခဲ့ပြီး လက်ရှိအချိန်အထိ ပေါ်တူဂီမှာ ပြန်လည်နေထိုင်ခြင်းမလုပ်နိုင်သေးသူ ဖြစ်ပါတယ်။

 

မွေးရပ်မြေ မက်ဒေးရီးယားကမ်းခြေမြို့  ဓာတ်ပုံကို ရော်နယ်ဒိုက သူ့ရဲ့အင်စတာဂရမ်အကောင့်မှာ တင်ထားခဲ့တာဖြစ်ပါတယ်။ " ခရစ္စမတ်လည်း ရောက်ပြီ။ ဒီလိုနှစ်၊ ဒီလိုအချိန် အိမ်လွမ်းနေတာ ကျွန်တော်တစ်ယောက်တည်းလား။ မက်ဒေးရီးယားမှာ ဒီလိုအချိန် သွားနေလိုက်ရရင် အရမ်းကောင်းမှာပဲ။ ပျော်စရာတွေအပြည့်နဲ့လေ" လို့ ရော်နယ်ဒိုက ရေးသားထားပါတယ်။

ရော်နယ်ဒိုလည်း အခြားသူတွေလို့ ခရစ္စမတ်ကာလမှာ အိမ်လွမ်းဝေဒနာခံစားနေရတာဖြစ်ပါတယ်။

Source : Goal

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ