International Sports: စပိန်မှာ သဘောကောင်းတဲ့ ကောင်မလေးတွေရှိလို့ ပျော်နေတဲ့ နာဆရီ

မန်စီးတီးအသင်းထံက စပိန်ကလပ် ဆီဗီးလ်အသင်းထံကို အငှားချခံထားရတာဖြစ်ပါတယ်။

NASRI
play

 

မန်စီးတီးအသင်းကနေ ဆီဗီးလ်အသင်းထံကို အငှားနဲ့ ရောက်ရှိနေတဲ့ ကွင်းလယ်ကစားသမား နာဆရီက စပိန်မြေမှာ သူပျော်ရွှင်နေရတဲ့ အကြောင်းရင်းထုတ်ပြောလိုက်ပြီဖြစ်ပါတယ်။

လက်ရှိ ဆီဗီးလ်အသင်းထံမှာ ရာသီအကုန်ထိ ဆက်ရှိမယ့် နာဆရီဟာ ၁၄ ပွဲကစားပြီး သုံးဂိုးသွင်းယူထားသူဖြစ်ပါတယ်။ ဆီဗီးလ်အသင်းနဲ့ အံဝင်နေသူဖြစ်တဲ့အတွက် ရာသီအကုန်မှာ အမြဲတမ်းစာချုပ်သစ်နဲ့ စပိန်မြေမှာ ခြေချဖွယ်ရှိသူလို့ ခန့်မှန်းထားကြတာပါ။ ပြင်သစ်လက်ရွေးစင်ကစားသမားလည်းဖြစ်တဲ့နာဆီရဟာ ချစ်သူမော်ဒယ်ဖြစ်တဲ့ အန်တန်းစ်နဲ့လည်း ပြတ်စဲသွားခဲ့ပြီဖြစ်ပါတယ်။

play

 

ဆီဗီးလ်ဘောလုံးအသင်း မဂ္ဂဇင်းနဲ့ အင်တာဗျူးမှာ နာဆရီက သူဘာကြောင့် စပိန်မြေမှာ ပျော်နေရသလဲဆိုတဲ့အကြောင်းကို ထည့်သွင်းပြောကြားခဲ့တာဖြစ်ပါတယ်။ " နာဗက်စ်၊ ဆေးလ်ဗားနဲ့ နိုလီတိုတို့ကိုတောင် ကျွန်တော်ပြောခဲ့သေးတယ်။ ဒီမှာအစစအရာရာ အဆင်ပြေတယ်လေ။ အစားအသောက်ကောင်းတွေလည်း ရှိတယ်။ အရမ်းသဘောကောင်းတဲ့ ကောင်မလေးတွေလည်း ရှိတယ်။ ကျွန်တော့်အတွက်တော့ ပြီးပြည့်စုံတဲ့ နေရာပဲ" လို့ နာဆီရီက အင်တာဗျူးမှာ ဖြေကြားခဲ့တာပါ။

play

 

ဂွါဒီယိုလာက နာဆီရီကို အသင်းမှာ ဆက်ရှိနေစေချင်ခဲ့ပေမဲ့ သူကိုယ်တိုင် အပြောင်းအလဲ လုပ်ရမယ်လို့ ခံစားရတာကြောင့် အသင်းပြောင်းခဲ့တာဖြစ်ကြောင်း နာဆရီက ပြောပါတယ်။

Source : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ