International Sports: လုပ်ခလစာ အများဆုံး ထိပ်သီးဘောလုံးသမား (၁၀) ဦး

လုပ်ခလစာအများဆုံး ဘောလုံးသမားနှစ်ဦးဟာ မက်ဆီနဲ့ ရော်နယ်ဒို မဟုတ်ပါဘူး။

play

 

ကမ္ဘာ့ထိပ်သီး ဘောလုံးသမားတွေအတွက် အသက်အရွယ်ရလာတဲ့အခါ အရင်ကလို အသင်းငယ်တွေထံမှာ သွားရောက် ကစားစရာ မလိုတော့တဲ့ခေတ်ကို ရောက်လာခဲ့ပါပြီ။ တရုတ်နဲ့ အမေရိက ဘောလုံးဈေးကွက်တွေဟာ အသက်အရွယ်ရလာတဲ့ ထိပ်သီးဘောလုံးသမားတွေကို များပြားလှတဲ့ဝင်ငွေနဲ့ ဆွဲဆောင်လျက်ရှိပါတယ်။

နောက်ဆုံး ကစားသမားအပြောင်းအရွှေ့တွေပေါ် မူတည်ပြီး လက်ရှိလုပ်ခလစာအများဆုံး အဖြစ်ရပ်တည်နေတဲ့ ဘောလုံးသမား ဆယ်ဦး ရှိပါတယ်။ တရုတ်မှာသွားကစားတဲ့ ကစားသမားအများစု ဒီစာရင်းထဲမှာ ပါဝင်နေပါတယ်။

၁။ ကားလို့စ်တိဗက်ဇ် (ရှန်ဟိုင်းရှန်ဟွာ)

play

 

လက်ရှိအာဂျင်တီးနားကလပ် ဘိုကာဂျူနီယာအသင်းကနေ ရှန်ဟိုင်းရှန်ဟွာကို ပြောင်းတော့မှာဖြစ်ပြီး တစ်ပတ်လုပ်ခလစာ ပေါင် ခြောက်သိန်းတစ်သောင်းငါးထောင် ရရှိမှာဖြစ်ပါတယ်။

၂။ အော်စကာ (ရှန်ဟိုင်း SIPG)

အော်စကာရဲ့ လစာကလည်း တစ်ပတ်ကို ပေါင်လေးသိန်းအထိ ရရှိမှာဖြစ်ပြီး ကမ္ဘာမှာ ဒုတိယလစာအများဆုံးဘောလုံးသမား ဖြစ်လာမှာပါ။

၃။ ရော်နယ်ဒို (ရီးရဲလ်မက်ဒရစ်)

play

 

ထပ်မံချုပ်ဆိုထားတဲ့ စာချုပ်သစ်အရ ရော်နယ်ဒိုဟာ တစ်ပတ်ကို ပေါင် သုံးသိန်းခြောက်သောင်းငါးထောင်ရရှိနေပါတယ်။

၎။ ဂါရက်ဘေးလ် (ရီးရဲလ်မက်ဒရစ်)

ဂါရက်ဘေးလ်ကလည်း ရော်နယ်ဒိုထက် ပေါင် တစ်သောင်းခွဲသာလျော့ပြီး တစ်ပတ်ကို ပေါင်သုံးသိန်းခွဲ ရနေတဲ့ ကစားသမားပါ။

၅။ လီယိုနယ်မက်ဆီ (ဘာစီလိုနာ)

play

 

ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဖြစ်ပေမဲ့ လုပ်ခလစာအပိုင်းမှာတော့ ပေါင် သုံးသိန်းသုံးသောင်းခြောက်ထောင်သာ ရလို့ အဆင့်-၅ နေရာမှာပဲရှိပါတယ်။ ဒါပေမဲ့ မက်ဆီမှာ အခြားဝင်ငွေများစွာတော့ ရှိပါတယ်။

၆။ ဟော့ခ် (ရှန်ဟိုင်း SIPG)

နောက်ထပ်တရုတ်စူပါလိဂ် ကစားသမားတစ်ဦးဖြစ်ပြီး တစ်ပတ်ကို ပေါင် သုံးသိန်းနှစ်သောင်း ရနေတဲ့သူပါ။

၇။ ပေါ့ဂ်ဘာ (မန်ယူ)

ပရီးမီးယားလိဂ်မှာ လစာအများဆုံး ကစားသမားဖြစ်ပြီး တစ်ပတ်ကိုပေါင် နှစ်သိန်းကိုးသောင်း ရနေတဲ့သူပါ။

၈။ ပယ်လီ (ရှန်ဒေါင်းလူနန်း)

play

 

ဆောက်သမ်တန်အသင်းကနေ တရုတ်စူပါလိဂ်ကို ရုတ်တရက်ပြောင်းရွှေ့သွားတဲ့ ကစားသမားပါ။ တစ်ပတ်ကို ပေါင် နှစ်သိန်းကိုးသောင်း ရပါတယ်။

၉။ နေမာ (ဘာစီလိုနာ)

ဘာစီလိုနာမှာ မက်ဆီပြီးရင် ဒုတိယလစာအများဆုံးဖြစ်ပြီး တစ်ပတ်ကို ပေါင် နှစ်သိန်းခုနှစ်သောင်းငါးထောင် ရရှိနေပါတယ်။

၁၀။ ရွန်နေး (မန်ယူ)

ရွန်နေးဟာ ပေါ့ဂ်ဘာတို့ ရောက်မလာခင်တုန်းက  အသင်းရဲ့ လစာအများဆုံး ကစားသမားဖြစ်ပါတယ်။ တစ်ပတ်ကို ပေါင် နှစ်သိန်းခြောက်သောင်း ရနေတဲ့သူပါ။

 

* အချို့ဘောလုံးသမားတွေအတွက် အသင်းက အခွန်ဆောင်ပေးပြီး အချို့ကိုတော့ မဆောင်ပေးတဲ့အတွက် အသားတင် ရရှိမှုအပိုင်းမှာတော့ ကွာဟမှု ရှိသွားနိုင်ပါတယ်။

Source : Mirror

၂၀၂၀ ခုနှစ်မရောက်ခင် ကစားသမားတစ်ဦး၏ တစ်ပတ်ဝင်ငွေ ပေါင်တစ်သန်းအထိ ရှိလာမည်ဟု ထင်ပါသလား။»

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ