play

 

ငယ်စဉ်ဘောလုံးသမားဘဝမှာ ခြေစွမ်းမမီတာကြောင့် ထိပ်သီးဘောလုံးအသင်းတွေရဲ့ ရွေးချယ်မှု မခံရတဲ့ ကစားသမားတိုင်း နာမည်ကျော် ထိပ်သီးဘောလုံးသမား မဖြစ်နိုင်ဘူးဆိုတာ မဟုတ်ကြောင်း သက်သေပြနေတဲ့ ဘောလုံးသမားတွေ ရှိပါတယ်။

အချို့ဘောလုံးသမားတွေရဲ့ ငယ်ဘဝဟာ ထင်ထားတာထက်ပိုပြီးကြမ်းတမ်းပါတယ်။ လက်ခံသင်ကြားပေးမဲ့ ဘောလုံးအသင်း အကယ်ဒမီရှားပါးလို့ တွေ့ရာအသင်းတွေမှာ တက်ခဲ့ရပြီး ယနေ့ နာမည်ကျော်ဖြစ်လာတဲ့ ကစားသမား ငါးဦး ရှိပါတယ်။

၁။ ဟယ်ရီကိန်း

play

 

ဟယ်ရီကိန်းဟာ ငယ်စဉ်က အာဆင်နယ်အရူးအမူးပရိသတ်လူငယ်လေးဖြစ်ခဲ့ပြီး အခုတော့ အာဆင်နယ်အသင်းရဲ့ အဓိကပြိုင်ဘက် ကစားသမားဖြစ်နေပါပြီ။ ဟယ်ရီကိန်းတစ်ယောက် အာဆင်နယ်အင်္ကျီဝတ်ပြီး ရိုက်ထားတဲ့ဓာတ်ပုံတောင် ရှိပါသေးတယ်။ အာဆင်နယ် အကယ်ဒမီမှာ တစ်ရာသီတက်ပြီး ခြေစွမ်းမမီလို့ စပါးအသင်းကို ရောက်ခဲ့ရပါတယ်။ အာဆင်နယ်အကယ်ဒမီကို ဟယ်ရီကိန်းရောက်လာခဲ့ဖူးကြောင်း အာစင်ဝင်းဂါးတောင် ပြန်သိရတာ မကြာသေးပါဘူး။

၂။ ကော်စတာ

play

 

ကော်စတာဟာ သူ့ရဲ့ငယ်ဘဝကို ဦးလေးဖြစ်သူရဲ့ ဆော်ပေါ်လိုမြို့က ဈေးဆိုင်လေးမှာ ကူညီလုပ်ကိုင်ပေးရင်း ဖြတ်သန်းလာတာပါ။ သူကတော့ တစ်နေ့ထိပ်သီးဘောလုံးသမားဖြစ်ရမယ်ဆိုတဲ့ ယုံကြည်ချက်ရှိခဲ့ပါတယ်။ ပါးလ်မီးယက်စ်၊ ဆန်းတို့စ်၊ ကိုရင်သီယန်အသင်းတို့မှာ ငယ်စဉ်ဖြတ်သန်းခဲ့ဖူးပေမဲ့ အောင်မြင်သူ ဖြစ်မလာဘဲ ဘယ်အသင်းကမှ မလိုချင် ဖြစ်ခဲ့ရပါတယ်။ အဲဒီနောက် ပေါ်တူဂီကလပ် ဘရာဂါကို ကော်စတာမမျှော်လင့်ဘဲ ရောက်သွားခဲ့ပြီး အဲဒီကတစ်ဆင့် အိမ်နီးချင်း စပိန်မြေကို ခြေချဖို့ လှေကားတစ်ထစ် တက်နိုင်ခဲ့တာပါ။ အသလက်တီကိုအသင်းကို ၂၀၁၃-၁၄ ဘောလုံးရာသီမှာ ချန်ပီယံဖြစ်အောင် ကူညီပေးနိုင်ခဲ့ပါတယ်။

၃။ ဂရိဇ်မန်း

play

 

ပြင်သစ်လူမျိုး ဘောလုံးသမားဖြစ်ပေမဲ့ ပြင်သစ်ကလပ်အသင်းတွေမှာ လုံးဝမကစားဖူးတဲ့ သူဖြစ်ပါတယ်။ ဂရိဇ်မန်းဟာ လူကောင်သေးလွန်းတဲ့အတွက် ပြင်သစ်ကလပ်တွေခေါ်ဖို့ လက်တွန့်နေချိန်မှာ စပိန်ကလပ် ရီးရဲလ်ဆိုဆီဒက်ကတွေ့သွားခဲ့ပါတယ်။ အခုတော့ အသလက်တီကိုရဲ့ အဓိက ကစားသမားဖြစ်နေပြီး ထိပ်သီးကလပ်အသင်းတွေ လိုချင်နေတဲ့အပြင် ရော်နယ်ဒို၊ မက်ဆီတို့နဲ့အတူ ကမ္ဘာ့အကောင်းဆုံး ကစားသမား သုံးဦးစာရင်းထဲ ပါဝင်လာသူ ဖြစ်ပါတယ်။

၎။ ဂျေဗီယာဇနက်တီ

play

 

အင်တာမီလန်အသင်းမှာ နောက်တစ်ခါထပ်ရဖို့ မလွယ်တော့တဲ့ ကစားသမားဖြစ်ပြီး အသင်းမှာ ၁၉ နှစ်ကစားခဲ့တဲ့ သက်တမ်းအတွင်း ပွဲပေါင်း ၉၀၀ ပြည့်လုနီးနီးဖြစ်ခဲ့ပါတယ်။ အခုတော့ အင်တာမီလန်အသင်းက သူ့ရဲ့ကျောနံပါတ် ၄ ကိုတောင် အနားပေးထားပြီး အသင်းမှာ ဒုတိယဥက္ကဋ္ဌအဖြစ် ပြန်လည်တာဝန်ထမ်းဆောင်နေသူပါ။ ငယ်စဉ်တုန်းက ဇနက်တီရဲ့ မွေးရပ်မြေ အာဂျင်တီးနားက ဗျူနိုအေရိစ်မြို့ အခြေစိုက် ထိပ်သီးဘောလုံးအသင်း အင်ဒီပန့်ဒီယန်တီဟာ ဇနက်တီကို ကြံ့ခိုင်မှုမကောင်းလို့ဆိုပြီး မရွေးချယ်ခဲ့ပါဘူး။ အဲဒီနောက်မှာတော့ အင်တာမီလန်မှာ ကျော်ဖြတ်ရအခက်ဆုံး ကစားသမား ဖြစ်လာပါတောာ့တယ်။

၅။ ရွိုင်ကိန်း

play

 

ရွိုင်ကိန်းကတော့ အထူးဆန်းဆုံးဖြစ်ပါတယ်။ မန်ယူအသင်းရဲ့ မမေ့နိုင်တဲ့ အသင်းခေါင်းဆောင်ဟောင်းတစ်ဦးဖြစ်ခဲ့ပေမဲ့ အသက် ၁၆ နှစ်လောက်အထိ သူ့ကိုခေါ်ချင်တဲ့အသင်း သိပ်မရှိခဲ့ပါဘူး။ အဲဒီတုန်းက ဒါဘီကောင်တီ၊ ရှက်ဖီးလ်ဝက်နက်စဒေး၊ ချယ်လ်ဆီး၊ အက်စတွန်ဗီလာ စတဲ့အသင်းတွေကို ရွိုင်ကိန်းက စာရေးပို့ကာ ခြေစွမ်းအစမ်းသပ်ခံဖို့ တောင်းဆိုခဲ့ရပါတယ်။ နောက်တော့ ကော့်ရမ်းဘလားစ်အသင်းမှာ ကြေးစားမကျ၊ တကျ ကစားသမားဖြစ်လာပြီးနောက် ၁၉၉၃ မှာ မန်ယူရောက်ခဲ့တာဖြစ်ပါတယ်။

Source : 90

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video