International Sports: ၂၀၁၆ မှာ ဂိုးအများဆုံး သွင်းခဲ့တဲ့ ကစားသမား ဘယ်သူလဲ

, updated

ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဆု ရခဲ့တဲ့ ရော်နယ်ဒိုက ဂိုးသွင်းအများဆုံး မဟုတ်ခဲ့ပါဘူး။

၂၀၁၅-၁၆ ဘောလုံးရာသီမှာ မက်ဆီသွင်းခဲ့သမျှ ဂိုးများ

၂၀၁၆ ခုနှစ်ဟာ ရက်ပိုင်းအတွင်း ကုန်ဆုံးတော့မှာဖြစ်ပါတယ်။ ၂၀၁၆ ခုနှစ်အတွက် အကောင်းဆုံးဘောလုံးသမားဆုကို ရော်နယ်ဒို ရရှိခဲ့ပေမဲ့ ရော်နယ်ဒိုဟာ ၂၀၁၆ ခုနှစ်အတွင်း ဂိုးသွင်းအများဆုံး ကစားသမားတော့ မဟုတ်ခဲ့ပါဘူး။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၁ ရက် ၂၀၁၆ ခုနှစ်ကစလို့ လက်ရှိအချိန်ထိ ဥရောပထိပ်သီးလိဂ်လေးခုမှာ ကစားတဲ့ ကစားသမားတွေထဲက ဂိုးအများဆုံး သွင်းထားတဲ့ ကစားသမား ၅ ဦးကို ဖော်ပြပေးလိုက်ပါတယ်။

၅။ ကာဗာနီ (ပီအက်စ်ဂျီ)

play

 

ဥရုဂွေး ကစားသမားဖြစ်တဲ့ တိုက်စစ်မှူး ကာဗာနီဟာ ပီအက်စ်ဂျီကို ချန်ပီယံဖြစ်အောင်စွမ်းဆောင်ပေးနိုင်ခဲ့တဲ့အပြင် ၂၀၁၆ ခုနှစ်အတွင်း ၄၃ ပွဲပါဝင်ကစားရာမှာ ၃၄ ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။

၎။ အီဘရာဟီုမိုဗစ်ခ်ျ (မန်ယူ)

play

 

ပီအက်စ်ဂျီအသင်းမှာ နှစ်တစ်ဝက်ကစားခဲ့ပြီး မန်ယူအသင်းနဲ့ပွဲထွက်ထားတာ ၁၆ ပွဲရှိပြီဖြစ်ပါတယ်။ ၂၀၁၆ အတွင်းမှာ စုစုပေါင်း ၄၂ ပွဲကစားပြီး ၃၉ ဂိုးသွင်းယူထားပါတယ်။

၃။ ရော်နယ်ဒို (ရီးရဲလ်မက်ဒရစ်)

play

 

ဒီနှစ်အတွက် ကမ္ဘာ့အကောင်းဆုံး ကစားသမားဆုကို ရရှိထားသူဖြစ်ပါတယ်။ ရီးရဲလ်မက်ဒရစ်အတွက် ဒီနှစ်ထဲမှာ ၄၄ ပွဲကစားပြီး ၄၂ ဂိုးသွင်းယူထားနိုင်ခဲ့သူပါ။ ဥရောပမှာတော့ ဂိုးသွင်းအများဆုံး တတိယနေရာမှာသာ ရှိနေပါတယ်။

၂။ ဆွာရက်ဇ် (ဘာစီလိုနာ)

play

 

၂၀၁၆ ဟာလည်း ဆွာရက်ဇ်ရဲ့ခြေစွမ်းထိပ်ဆုံးကို ရောက်ခဲ့တဲ့နှစ်ဖြစ်ပါတယ်။ ဘာစီလိုနာနဲ့အတူ ချန်ပီယံဆုဖလား ရရှိခဲ့ပြီး တစ်နှစ်အတွင်း ၄၉ ပွဲကစားရာမှာ ၄၈ ဂိုးသွင်းနိုင်လို့ တစ်ပွဲတစ်ဂိုးနှုန်းနီးနီးဖြစ်ပါတယ်။

၁။ မက်ဆီ (ဘာစီလိုနာ)

play

 

ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆုကို လွဲချော်ခဲ့ပေမဲ့ ၂၀၁၆ ခုနှစ်အတွက် ထိပ်သီးဂိုးသွင်းရှင် ဖြစ်ခဲ့ပါတယ်။ ၅၁ ပွဲမှာ ၅၁ ဂိုးသွင်းခဲ့လို့ တစ်ပွဲတစ်ဂိုးနှုန်းဖြစ်ပါတယ်။

Source : Marca

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ