International Sports: ငယ်စဉ်ကတည်းက ပြိုင်ဘက်တွေထက် ခေါင်းတစ်လုံး ပိုသာခဲ့တဲ့ မက်ဆီ

မက်ဆီရဲ့ ငယ်ဘဝစွမ်းဆောင်ရည်တွေ မှတ်တမ်းတင်ထားတဲ့ ဗီဒီယိုဖိုင် ထွက်လာခဲ့တာဖြစ်ပါတယ်။

play

 

ယနေ့ ကမ္ဘာ့အကောင်းဆုံးဘောလုံးသမား ဖြစ်နေတဲ့ လီယိုနယ်မက်ဆီဟာ ငယ်စဉ်ကတည်းက အခြားဘောလုံးသမားတွေထက် ထူးထူးခြားခြား သာလွန်ကောင်းမွန်ခဲ့တယ်ဆိုတာကို ဘာစီလိုနာက သက်သေပြလိုက်ပြီဖြစ်ပါတယ်။

မက်ဆီကို မွေးရပ်မြေအာဂျင်တီးနိုင်ငံရဲ့ကလပ်အသင်း နယူးဝဲလ်အိုးလ်ဘွိုင်းစ်အသင်းထံကနေ ဘာစီလိုနာ ခေါ်ယူခဲ့တုန်းက ဘယ်သူမှ သတိမထားမိခဲ့ကြပါဘူး။  အဲဒီနောက် ဘာစီလိုနာအသင်းရဲ့ နာမည်ကျော် ဘောလုံးအကယ်ဒမီမှာ မက်ဆီ တက်ရောက်ခွင့်ရခဲ့ပေမဲ့ စပိန်မြေကို ရောက်ခါစမှာ မက်ဆီဟာ အိမ်လွမ်းဝေဒနာကို အကြီးအကျယ် ခံစားခဲ့ရတယ်လို့ သိရပါတယ်။

play

 

အသင်းရဲ့ လူငယ်အကယ်ဒမီမှာ သင်ကြားနေစဉ် အသက် ၁၅ နှစ်လောက်အရွယ်ကတည်းက အလိမ်အခေါက်အမျိုးမျိုးနဲ့ ခြေစွမ်းပြခဲ့တဲ့ မက်ဆီရဲ့ဗီဒီယိုဖိုင်က ဘာစီလိုနာအသင်းက ပထမဆုံးအကြိမ် ထုတ်ပြလိုက်ပြီဖြစ်ပါတယ်။ ဒီနေ့မြင်နေရတဲ့ မက်ဆီရဲ့ ဘောလုံးစွမ်းဆောင်ရည်ကို အဆိုပါ ဗီဒီယိုဖိုင်ထဲမှာ မြင်တွေ့ရတာကြောင့် မက်ဆီဟာ ငယ်စဉ်ကတည်းက ဒီလိုခြေစွမ်းမျိုး ပိုင်ဆိုင်ပြီး ပြိုင်ဘက်တွေထက် ခေါင်းတစ်လုံးပိုမြင့်နေတာဖြစ်ကြောင်း ဗြိတိန်သတင်းအချို့က ချီးကျူးရေးသားထားပါတယ်။

 

ဗီဒီယိုဖိုင် မြင်ကွင်းအရ လူငယ်ဘောလုံးသမားဘဝမှာကတည်းက မက်ဆီဟာ အခြားသူတွေထက် လူကောင်သေးပြီး ကွင်းထဲမှာ အသေးဆုံးဘောလုံးသမား ဖြစ်နေပေမဲ့လည်း အဲဒီအရွယ်ကတည်းက ပြိုင်ဘက်နှစ်ဦး၊ သုံးဦးကို အသာအယာ လိမ်ခေါက်ကျော်လွှားခဲ့နိုင်ခဲ့တာ ဖြစ်ပါတယ်။

Source : Mirror

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ