play

 

အသင်းပေါင်း ၄၈ သင်းအထိ တိုးချဲ့ပါဝင်ကျင်းပသွားမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲ စနစ်သစ်အပေါ် တိုက်ကြီးများအလိုက် ဘောလုံးအဖွဲ့ချုပ်တွေက ထောက်ခံမှု ရှိနေကြောင်း သိရပါတယ်။

ကမ္ဘာ့ဖလားဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ အင်ဖန်တီနိုက အဆိုပါနည်းစနစ်သစ်နဲ့ ကမ္ဘာ့ဖလား ယှဉ်ပြိုင်ခွင့် ရရှိရေး ကြိုးပမ်းအားထုတ်နေတာ ဖြစ်ပါတယ်။ ပုံမှန် ၃၂ သင်းနဲ့ အုပ်စုပတ်လည်စနစ်ကစလို့ ကျင်းပတဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲကို ၄၈ သင်းအထိ တိုးချဲ့မယ့်အပေါ် ဝေဖန်မှုတွေ ရှိထားပေမဲ့ ဒေသဆိုင်ရာ ဘောလုံးအဖွဲ့ချုပ်တွေကတော့ ထောက်ခံမှု ရရှိထားတယ်လို့ အင်ဖန်တီနိုက ဆိုပါတယ်။

play

 

" လောလောဆယ်မှာတော့ ကျွန်တော်တို့ အသင်းတိုးချဲ့ပါဝင်စေမယ့် ကိစ္စကို ဆက်ဆွေးနွေးတုန်းပဲရှိပါသေးတယ်။ ၄၀ ဖြစ်မလား ၄၈ ဖြစ်မလားဆိုတာကိုတော့။ ဒေသဆိုင်ရာ ဘောလုံးအဖွဲ့ချုပ်တွေကတော့ ကမ္ဘာ့ဖလားမှာ အသင်းပိုများလာမယ့် ကိစ္စကို သဘောကျနေကြပါတယ်။ ၄၈ သင်းဖြစ်လည်း ပြိုင်ပွဲကာလက အရင်အတိုင်းပဲ ဖြစ်မှာပါ" လို့ အင်ဖန်တီနိုက  ဆိုပါတယ်။

ဥရောပချန်ပီယံရှစ်ဖလားကိုလည်း ၁၆ သင်းကနေ ၂၄ သင်းအထိ ပါဝင်စေဖို့ ကြိုးပမ်းနေကြပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
More From

International Sports

Video