International Sports: နာဆရီ တွစ်တာအကောင့် ခိုးယူခံရပြီး ဆရာဝန်နှင့် အိပ်ခဲ့သည့် သတင်းများ ဖြန့်ချိ

နာဆရီရဲ့ သတင်းတွေကို လုပ်ကြံဖန်တီးခဲ့တာဖြစ်ပါတယ်။

play

 

ဆေးကုသပေးတဲ့ ဆရာဝန်နဲ့ လိင်ဖျော်ဖြေရေးဝန်ဆောင်မှုတွေ ပေးခဲ့တယ်လို့ ဆီဗီးလ်အသင်းဘောလုံးသမား နာဆရီက သူ့ရဲ့လူမှုကွန်ရက်မှာ ရေးသားခဲ့မှု ပေါ်ပေါက်ခဲ့ပြီးနောက်ပိုင်း တွစ်တာဟာ ခိုးယူခံလိုက်ရတာ ဖြစ်တယ်လို့ သိရပါတယ်။

နာဆရီကတော့ သူ့ရဲ့တွစ်တာအကောင့်ကို တစ်ယောက်ယောက်က ခိုးယူဖောက်ထွင်းကာ ဒီလိုမသင့်တော်တဲ့ စာတွေ ဆက်တိုက် ရေးသားနေတာ ဖြစ်တယ်လို့ သိရပါတယ်။ မန်စီးတီးအသင်းကနေ ဆီဗီးလ်အသင်းထံကို အငှားနဲ့ သွားရောက် ကစားနေတဲ့ နာဆရီဟာ ရေဓာတ်ခမ်းခြောက်နေမှုအတွက် ဆေးသွင်းမှုအချို့ ပြုလုပ်ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

play

 

သူ့ကိုဆေးကုသပေးတဲ့ ဆရာဝန်နဲ့ အတူတွဲရိုက်ထားတဲ့ ဓာတ်ပုံကို အသုံးပြုကာ အဆိုပါအမျိုးသမီးဆရာဝန်က လိင်ဝန်ဆောင်မှု လုပ်ငန်းတွေကိုပါ ပေးခဲ့ကြောင်း တွစ်တာမှာ ပို့စ်တွေတင်ပြီးရေးသားခဲ့တာ ဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ နာဆရီက အဖြစ်မှန်ကိုရှင်းပြပြီး ပြန်လည်တောင်းပန်ခဲ့ပါတယ်။

" တစ်ယောက်ယောက်က ကျွန်တော့်အကောင့်ကို ခိုးယူသုံးစွဲခဲ့ပြီး မဟုတ်မှန်တဲ့ သတင်းမှားတွေ လွှင့်ခဲ့ပါတယ်။ ဒီဖြစ်ရပ်မှာ ထိခိုက်ခဲ့သူ အားလုံးကို ကျွန်တော်တောင်းပန်ပါရစေ" လို့  နာဆရီက ပြန်လည်ရေးသားထားပါတယ်။

Source : The Sun

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ