International Sports: ကမ္ဘာ့အလှဆုံးဂိုး ဆုကို မလေးရှားဘောလုံးသမား ပထမဆုံးအကြိမ်ရရှိ

အလွတ်တည်ကန်ဘောကတဆင့် သွင်းယူခဲ့တဲ့ ဂိုးဖြစ်ပါတယ်။

Mohd Faiz Subri free kick

၂၀၁၆ ခုနှစ်အတွင်း ကမ္ဘာ့အလှဆုံးဂိုးသွင်းရှင်ဆုကို အာဆီယံဒေသတွင်း မလေးရှားစူပါလိဂ်က ကစားသမား ဖေ့ဇ်ဆူဘရီ (Faiz Subri) က ရရှိသွားတယ်လို့ သိရပါတယ်။

play

ဖီဖာပွတ်ရှ်ကတ်စ်ဆိုလို့ အမည်ပေးထားတဲ့ အဆိုပါဆုကို ယမန်နေ့က ဇူးရစ်မြို့မှာ ကျင်းပခဲ့တဲ့ ဖီဖာအကောင်းဆုပေးပွဲမှာချီးမြင့်ခဲ့တာဖြစ်ပါတယ်။ ပီနန်းအက်ဖ်အေအသင်း ကွင်းလယ်တိုက်စစ်ကစားသမားဖြစ်တဲ့ ဖေ့ဇ်ဟာ ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလအတွင်း ကစားခဲ့တဲ့ ပီနန်းပြည်နယ်အသင်းနဲ့ ပွဲစဉ်မှာ အဆိုပါဂိုးကို အလွတ်တည်ကန်ဘောကတဆင့် သွင်းယူခဲ့တာဖြစ်ပါတယ်။

ဖီဖာပွတ်ရှ်ကတ်စ်လို့ခေါ်တဲ့ အလှဆုံးဂိုးသွင်းရှင်ဆုကို မလေးရှားကစားသမားတစ်ဦး ရရှိတာ ဒါဟာ ပထမဆုံးအကြိမ်လည်း ဖြစ်ပါတယ်။ ဖေ့ဇ်ရဲ့ ဖရီးကစ်ဂိုးဟာ နောက်ဆုံးဆန်ခါတင်စာရင်းထဲမှာ မဲပေးမှု ခြောက်ဆယ်ရာခိုင်နှုန်းအထိ ရရှိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ " ကျွန်တော်အရမ်းပျော်ရွှင်မိပါတယ်။ ဒီဆုကို ကျွန်တော်မမျှော်လင့်ထားခဲ့ပါဘူး။ တကယ့်ကို စိတ်လှုပ်ရှားမိပါတယ်။ ကျွန်တော့်ကစားသမားဘဝမှာ အကြီးကျယ်ဆုံးဆကို ရခဲ့လို့ပါ" လို့ ဆုပေးပွဲမှာ ဖေ့ဇ်က ပြောကြားခဲ့ပါတယ်။

play

 

မလေးရှားကစားသမား ဖေ့ဇ်ကို ဘရာဇီးဂန္တဝင်ဘောလုံးသမားဟောင်း ရော်နယ်ဒိုက  ဆုချီးမြှင့်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ဖီဖာပွတ်ရှ်ကတ်စ်ဆုကို ၂၀၀၉ ခုနှစ်မှာ စတင်ပေးအပ်ခဲ့တာဖြစ်ပြီး ရော်နယ်ဒိုနဲ့ နေမာတို့လည်း ရရှိဖူးကာ ၂၀၁၅ ခုနှစ်အတွက် အလှဆုံး ဂိုးသွင်းရှင်ဆုကိုတော့ ဘရာဇီးဂွီအန်နေးရှားကလပ်က ဝင်ဒယ်လီရာက ရရှိခဲ့တာဖြစ်ပါတယ်။

Source : Mirror

ယခုဂိုးသည် ၂၀၁၆ ကမ္ဘာ့အလှဆုံးသွင်းဂိုးဆုနှင့် ထိုက်တန်သည်ဟု ထင်ပါသလား»

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ