International Sports: ဖီဖာဆုပေးပွဲမှာ ချစ်သူနဲ့ မိသားစုဝင်အားလုံး ပွဲထုတ်ခဲ့တဲ့ ရော်နယ်ဒို

ရော်နယ်ဒိုက သူ့ရဲ့ချစ်သူကို တရားဝင်လူသိရှင်ကြား မိတ်ဆက်လိုက်တာဖြစ်ပါတယ်။

ယမန်နေ့ညက ဇူးရစ်ခ်ျမြို့မှာ ကျင်းပခဲ့တဲ့ ဖီဖာအကောင်းဆုံး ဆုပေးပွဲကို ရီးရဲလ်မက်ဒရစ်ကြယ်ပွင့် ကစားသမား ရော်နယ်ဒိုက ချစ်သူနဲဂျော်ဂျီယာအပြင် သားငယ် ရော်နယ်ဒိုဂျူနီယာကိုပါ ခေါ်ယူလာခဲ့ကြောင်း သိရပါတယ်။

play

 

ဖီဖာတစ်နှစ်တာအကောင်းဆုံး ဆုပေးပွဲရဲ့ အစိမ်းရောင်ကော်ဇောပေါ်မှာ ရော်နယ်ဒိုရဲ့ချစ်သူ ဂျော်ဂျီယာရိုဒရီဂွက်ဇ်ဟာ အနက်ရောင် ဂါဝန်နဲ့အတူ တောက်ပနေခဲ့တယ်လို့ ဗြိတိန်မီဒီယာတွေက ချီးကျူးရေးသားကြပါတယ်။

play

 

ရော်နယ်ဒိုဟာ ချစ်သူရိုဒရီဂွက်ဇ်ကို ပြီးခဲ့တဲ့လပိုင်းအတွင်းကမှ ပါရီမြို့မှာ တိတ်တဆိတ်တွေ့ဆုံခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် မီဒီယတွေက ရော်နယ်ဒိုတို့အတွဲကို ဖော်ထုတ်နိုင်ခဲ့ပြီးနောက်မှာ ရော်နယ်ဒိုတို့အတွဲဟာ လူမြင်ကွင်းအထွက်များလာခဲ့တာပါ။အခုဖီဖာဆုပေးပွဲမှာတော့ ရော်နယ်ဒိုက ပထမဆုံးအကြိမ် သူ့ရဲ့ချစ်သူဂျော်ဂျီယာရိုဒရီဂွက်ဇ်ကို တရားဝင်ပွဲထုတ်ခဲ့တာဖြစ်ပါတယ်။

play

 

ချစ်သူ ဂျော်ဂျီယာ၊ သားငယ်ဂျူနီယာနဲ့အတူ မိခင်ဖြစ်သူလည်း ရော်နယ်ဒို ဆုရခဲ့တဲ့ ဆုပေးပွဲကို တက်ရောက်ခဲ့ပါတယ်။ ရော်နယ်ဒိုရဲ့ ရီးရဲလ်မက်ဒရစ် အသင်းဖော်တွေဖြစ်တဲ့ မာဆယ်လိုနဲ့ မိုဒရစ်တို့လည်း သူတို့ရဲ့ ကလေးငယ်တွေ ခေါ်လာခဲ့ကြတာဖြစ်ပါတယ်။ ရီးရဲလ်မက်ဒရစ်နောက်ခံ့လူ ရာမို့စ်လည်း ရုပ်သံအစီအစဉ်တင်ဆက်သူ  ဇနီးသည် ရူဘီယိုကို ခေါ်ဆောင်လာခဲ့တာတွေ့ရပါတယ်။

ှSource : Daily Mail

Cristiano Ronaldo
ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ