International Sports: ရော်နယ်ဒိုထံ ဖုန်းဆက်တောင်းပန်စကားဆိုခဲ့သည့် အင်နီယေစတာ

ဆုပေးပွဲကို ဘာစီလိုနာကစားသမားတွေ ရောက်မလာနိုင်တဲ့အတွက် ဖြစ်ပါတယ်။

play

 

ဖီဖာအကောင်းဆုံးဆုပေးပွဲ တက်ရောက်ဖို့ ပျက်ကွက်ခဲ့တဲ့အတွက် ရော်နယ်ဒိုနဲ့ ရီးရဲလ်မက်ဒရစ် ကစားသမားတွေထံ ဘာစီလိုနာ အသင်းခေါင်းဆောင်  အင်နီယေစတာက ဖုန်းဆက် တောင်းပန်ခဲ့တယ်လို့ သိရပါတယ်။

ဇူးရစ်ခ်ျမြို့မှာ ကျင်းပပြုလုပ်ခဲ့တဲ့ ဆုပေးပွဲမှာ ဘာစီလိုနာကစားသမား မက်ဆီအပါအဝင် ဘာစီလိုနာအသင်းဘက်က ဖိတ်ကြားခံ ကစားသမားတွေ မတက်ရောက်ခဲ့ဘူးလို့ သိရပါတယ်။ ဆုယူနေတဲ့အချိန်မှာ ဒီပွဲကို ဘာစီလိုနာကစားသမားတွေ မတက်ရောက်လာခဲ့တဲ့ အတွက် စိတ်မကောင်းဘူးလို့ ပြောကြားခဲ့ပါသေးတယ်။ ဘာစီလိုနာအသင်းဟာ ဘီဘာအိုအသင်းနဲ့အရေးကြီး စပိန်ဘုရင့်ဖလား ပွဲစဉ် ကစားဖို့ ရှိနေခဲ့တဲ့အတွက် ဒီပွဲကို ကစားသမားတွေ မတက်ရောက်နိုင်ခြင်းဖြစ်ကြောင်း အသင်းခေါင်းဆောင် အင်နီယေစတာက ရုပ်သံမက်ဆေ့ခ်ျပေးပို့ခဲ့တာဖြစ်ပါတယ်။

play

 

အကောင်းဆုံး ဆုပေးပွဲမှာ အင်နီယေစတာနဲ့အတူ မက်ဆီ၊ ဆွာရက်ဇ်၊ နေမာ၊ ပီကေး စတဲ့ကစားသမားတွေအားလုံး တက်ရောက်ဖို့ ပျက်ကွက်ခဲ့တာဖြစ်ပါတယ်။ တရားဝင်ရုပ်သံမက်ဆေ့ခ်ျပို့ပြီး ဆုပေးပွဲအခမ်းအနား မတက်နိုင်တဲ့အတွက် တောင်းပန်ခဲ့တဲ့အပြင် ရော်နယ်ဒိုထံကို သီးသန့်ဖုန်းဆက်ပြီး တောင်းပန်စကား ဆိုခဲ့တယ်လို့ စပိန်မာကာ သတင်းစာက ဖော်ပြပါတယ်။

play

 

ရော်နယ်ဒိုက ၂၀၁၆ ခုနှစ်အတွက် ဖီဖာအကောင်းဆုံး ကစားသမားဆုကို ရရှိခဲ့တဲ့အပြင် ဖီဖာကမ္ဘာ့အကောင်းဆုံး ဘောလုံးသမား ၁၁ ဦးစာရင်းမှာလည်း ရီးရဲလ်မက်ဒရစ်က ငါးဦးအထိ ပါဝင်ခဲ့ပါတယ်။ ဆုပေးပွဲကို ဘာစီလိုနာကစားသမားတစ်ဦးမှ မလာခဲ့တဲ့အပေါ် ဂျူဗင်တပ် ကစားသမား အဲလ်ဗက်စ်ကလည်း စိတ်ပျက်ခဲ့တာ တွေ့ရပါတယ်။ အဲလ်ဗက်စ်ဟာ ဘာစီလိုနာကစားသမားဟောင်းဖြစ်ပြီး ဂျူဗင်တပ်အသင်းကို မကြာသေးခင်က ပြောင်းသွားခဲ့တာပါ။ " သူတို့ကျွန်တော့်ကို ရီးရဲလ်ကစားသမားတွေနဲ့ ထားခဲ့တယ်။ သူတို့ လာခဲ့သင့်တယ်ဗျာ" လို့ အဲလ်ဗက်စ်က ဆုပေးပွဲမှာ ပြောပါတယ်။

ှSource : Marca

Ronaldo Adds Best FIFA Player Award To Trophy Cabinet
ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ