International Sports: ညီမဖြစ်သူ အံ့အားသင့်အောင် ရော်နယ်ဒိုကို မွေးနေ့ပွဲ ခေါ်လာတဲ့ ဂျေလို

ဂျေလိုရဲ့ ညီမဖြစ်သူက ရော်နယ်ဒိုက အမာခံ ပရိသတ်ပါ။

ဂျေလိုနှင့် ရော်နယ်ဒို

ကမ္ဘာကျော် အဆိုတော် ဂျနီဖာလိုပက်ဇ်ဟာ ရီးရဲလ်မက်ဒရစ်ကြယ်ပွင့်ကစားသမား ရော်နယ်ဒိုကို အသုံးချပြီး ဝမ်းကွဲညီမဖြစ်သူကို ပျော်ရွှင်အောင် လုပ်ပေးခဲ့ကြောင်းသိရပါတယ်။

play

 

ဂျနီဖာလိုပက်ဇ်ရဲ့ ဝမ်းကွဲညီမဖြစ်သူဟာ ရော်နယ်ဒိုရဲ့ အမာခံပရိသတ်တစ်ဦးဖြစ်ပါတယ်။ ဒါပေမယ့် အပြင်မှာ ရင်းရင်းနှီးနှီး တွေ့ဆုံခဲ့ဖူးခြင်း မရှိပါဘူး။ မကြာသေးခင်ကမှ ဘလွန်းဒီအော်ဆုနဲ့ ဖီဖာတစ်နှစ်တာ အကောင်းဆုံး ကစားသမားဆုတို့ကို ရရှိထားတဲ့ ရော်နယ်ဒိုဟာ ဂျနီဖာလိုပက်ဇ်ရဲ့တောင်းဆိုမှုကို လိုက်လျောခဲ့တာဖြစ်ပါတယ်။ ဝမ်းကွဲညီမဖြစ်သူရဲ့ မွေးနေ့ပါတီပွဲမှာ ရော်နယ်ဒို ဂျနီဖာလိုပက်ဇ်က ခေါ်ဆောင်လာခဲ့တာဖြစ်ပါတယ်။

play

 

လူမှုကွန်ယက်မှာ ပျံ့နှံ့လာတဲ့ ဗီဒီယိုဖိုင်အရ ပါတီပွဲမှာ မထင်မှတ်ပဲ ရော်နယ်ဒိုကို တွေ့လိုက်ရတဲ့ ဂျေလိုရဲ့ ညီမဖြစ်သူဟာ အလွန်ပျော်ရွှင်သွားခဲ့တာတွေ့ရပါတယ်။ ဂျေလိုကတော့ ပါတီပွဲမှာ ရီးရဲလ်မက်ဒရစ်ရဲ့ ဂျာစီအင်္ကျီကို ဝတ်ဆင်ထားခဲ့တာတွေ့ရပါတယ်။ ရော်နယ်ဒိုနဲ့ ပွေ့ဖက်ပြီးအပြင်မှာ မိတ်ဆက်ခွင့်ရခဲ့တဲ့ ဂျေလိုရဲ့ညီမဟာ အနည်းငယ်တွန့်ဆုတ်ရှက်ရွံ့နေခဲ့တာလည်းတွေ့ရပါတယ်။

play
play

 

ဂျေလိုဟာ မကြာသေးခင်ကမှ ရက်ပါဒရိတ်နဲ့တွဲခုတ်နေတယ်လို့ သတင်းထွက်ခဲ့သူလည်းဖြစ်ပါတယ်။ အသက် ၃၁ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ရော်နယ်ဒိုဟာ ဖီဖာအကောင်းဆုံးဆုကို ရရှိခဲ့ပြီးနောက် ၂၀၁၆ ခုနှစ်ဟာ သူ့အတွက် အကောင်းဆုံးနှစ်ဖြစ်တယ်လို့ ပြောကြားခဲ့ပါသေးတယ်။

Source : The Sun

၂၀၁၆ အကောင်းဆုံး ကစားသမားဆု ရော်နယ်ဒို ရသင့်သည်ဟု ထင်ပါသလား»

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ