International Sports: မိုနာကို - မန်စီးတီး ချန်ပီယံလိဂ်ပွဲကြို ခန့်မှန်းချက်

ပီအက်စ်ဂျီကို မန်စီးတီးသင်ခန်းစာယူဖို့ လိုပါတယ်။

ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ရှုံးထွက်ပွဲစဉ်တွေကို ယနေ့ည ကစားကြဦးမှာ ဖြစ်ပါတယ်။ အင်္ဂလန်ကလပ်အသင်းတွေထဲမှာ မန်စီးတီးနဲ့ လက်စတာအသင်း ကျန်ရှိနေသေးပြီး မန်စီးတီးကတော့ နောက်တဆင့်တက်ဖို့ အခွင့်အရေးကောင်း ရရှိထားပါတယ်။

လက်စတာအသင်းက ပထမအကျော့မှာ ဆီဗီးလ်အသင်းကို ၂-၁ ဂိုးနဲ့ ရှုံးထားလို့ မျှော်လင့်ချက်အများကြီးရှိပါသေးတယ်။ မန်စီးတီးက မိုနာကိုအသင်းကို အိမ်ကွင်းမှာ ၅-၃ ဂိုးနဲ့ အနိုင်ရခဲ့ပြီးအခု ဒုတိယအကျော့ အဝေးကွင်းကစားရမှာဖြစ်ပါတယ်။

လက်ရှိခြေစွမ်း

play

 

မန်စီးတီးအသင်းကို ပထမအကျော့မှာ မိုနာကိုက ငါးဂိုးပေးခဲ့ရတယ်ဆိုပေမယ့် ထင်သလောက် ခံစစ်က ညံ့ဖျင်းခဲ့တာမျိုးမဟုတ်ပါဘူး။ မန်စီးတီးအသင်းဘက်မှာ ကံတရားနဲ့ ခြေစွမ်းပေါင်းစပ်ပါဝင်ခဲ့လို့ဖြစ်ပါတယ်။ မိုနာကိုဟာ ပုံမှန်အတိုင်းဆိုရင် ခံစစ်မျှပြီး တိုက်စစ်အားကောင်းတဲ့အသင်းဖြစ်ပါတယ်။ အခုမိုနာကို အသင်း အိမ်ကွင်းမှာ မန်စီးတီး နောက်တစ်ခါ အသာရဖို့သိပ်မလွယ်ပါဘူး။ ဒါပေမယ့် မန်စီးတီးအသင်းက အခုတလော ပွဲတွေမှာ ခြေစွမ်း အရမ်းတည်ငြိမ်နေတာဖြစ်ပါတယ်။

 

ထူးခြားချက်

play
ပွဲထွက်ရန်မသေချာသည့် မိုနာကိုတိုက်စစ်မှူး ဖယ်လ်ကာအို

 

မိုနာကိုအသင်းဟာ ချန်ပီယံလိဂ် ရှုံးထွက်အဆင့်ပြိုင်ပွဲ နောက်ဆုံး ၈ ပွဲ ကစားခဲ့ရာမှာ ခြောက်ကြိမ်ရှုံးနိမ့်ထားခဲ့တယ်လို့ သိရပါတယ်။ တစ်ကြိမ်သရေကျခဲ့ပြီး ၂၀၁၅ ခုနှစ်တုန်းက အာဆင်နယ်တစ်သင်းကိုသာ အနိုင်ရထားခဲ့တာဖြစ်ပါတယ်။

မိုနာကိုဟာ ချန်ပီယံလိဂ် ရှုံးထွက်အဆင့်ပြိုင်ပွဲတွေမှာ မန်ယူ၊ အာဆင်နယ်၊ ချယ်လ်ဆီးတို့နဲ့ ရင်ဆိုင်ခဲ့ဖူးပြီး အဲဒီသုံးကြိမ်လုံး အင်္ဂလိပ်အသင်းတွေကို အနိုင်ယူကာ နောက်တဆင့် တက်သွားနိုင်ခဲ့ပါတယ်။

play

 

မန်စီးတီးအသင်းက ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ပြင်သစ်အသင်းတွေကို ရှုံးနိမ့်ဖူးခြင်းမရှိပါဘူး။ လေးကြိမ်တွေ့ဖူးရာမှာ နှစ်ကြိမ်နိုင် နှစ်ကြိမ်သရေဖြစ်ပါတယ်။

မန်စီးတီးတိုက်စစ်မှူး အဂူရိုထက် ချန်ပီယံလိဂ်မှာ လက်ရှိဂိုးသွင်းထားတဲ့ တိုက်စစ်မှူးသုံးဦးသာရှိပါတယ်။ မက်ဆီ (၁၀)၊ ကာဗာနီ(၇)၊ လီဝမ်ဒေါစကီး (၆) ဖြစ်ပါတယ်။

ဒီရာသီမှာ ဘယ်ကစားသမားတွေအသင်းအတွက် ချန်ပီယံလိဂ်ဂိုးသွင်းထားလဲဆိုတာ အချက်အလက်ဖြစ်ပါတယ်။

 

လူစာရင်း

play

 

မိုနာကိုအသင်းဘက်မှာ ဂလစ်က ပွဲပယ်ခံထားရပါတယ်။ ဘော်ရှီလီယာနဲ့ ကာရီလိုတို့က ဒဏ်ရာရနေတာပါ။ မိုနာကို တိုက်စစ်မှူး ဖယ်လ်ကာအိုလည်း ပါဝင်ဖို့ မသေချာ ဖြစ်နေပါတယ်။ မန်စီးတီးဘက်ကမှာ ကွန်ပနီ၊ ဂျီးဆပ်နဲ့ ဂန်ဒိုဂန်တို့ ဒဏ်ရာ ရနေပါတယ်။

ှSource : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ