International Sports: ကွင်းထဲက ရန်ကြွေးကို ကွင်းထဲမှာ ပြန်ဆပ်ခဲ့တဲ့ ဘောလုံးသမားများ

ရွိုင်ကိန်း၊ ရော်နယ်ဒို၊ အီဘရာဟီမိုဗစ်ခ်ျတို့ ပါဝင်ပါတယ်။

ဘောလုံးသမားတွေအကြား ထားရှိတဲ့ ရန်ညှိုးနဲ့ အမုန်းတရားဟာ တစ်ခါတစ်ရံမှာ အလွန်ပြင်းထန်သွားတတ်ပါတယ်။ ကစားသမားတစ်ဦးရဲ့ ဥပဒေပ လုပ်လိုက်တဲ့အပြုအမူကို သက်ဆိုင်ရာ ကွင်းလယ်ဒိုင်လူကြီးက အရေးယူသည်ဖြစ်စေ၊ မယူသည်ဖြစ်စေ အချို့ကစားသမားတွေက မှတ်ထားတတ်ပြီး လက်တုန့်ပြန်လေ့ရှိပါတယ်။

ဘောလုံးကွင်းထဲက ရန်ကြွေးကို ဘောလုံးကွင်းထဲမှာပဲ ပြန်ဆပ်လိုက်ကြတဲ့ ကစားသမား (၅) ဦးရှိပါတယ်။

၁။ အီဘရာဟီမိုဗစ်ခ်ျနဲ့ တိုင်ရွန်မင်းစ်

play

 

ပူပူနွေးနွေးဖြစ်ထားတဲ့အဖြစ်မို့ ပရိသတ်တွေသတိရနေကြဦးမှာပါ။ ကွင်းအတွင်း အီဘရာဟီမိုဗစ်ခ်ျက တိုင်ရွန်ကို တွန်းလှဲခဲ့သလို တိုင်ရွန်မင်းစ်ကလည်း အီဘရာဟီမိုဗစ်ခ်ျရဲ့ ဦးခေါင်းကို တက်နင်းသလို ဖြစ်ခဲ့ပါတယ်။ အဲဒီနောက် အီဘရာဟီမိုဗစ်ခ်ျက တိုင်ရွန်နဲ့ ဘောလုံးချင်းယှဉ်တိုက်ရာမှာ တံတောင်နဲ့ ပြန်တွတ်ပြီး လက်စားချေခဲ့တာပါ။ ဒီအတွက် ကစားသားနှစ်ဦးလုံး ပွဲပယ်ပြစ်ဒဏ် ကျခံခဲ့ရပါတယ်။

 

၂။ အီဗရာနဲ့ ဆွာရက်ဇ်

play

 

၂၀၁၁ ခုနှစ် အောက်တိုဘာလတုန်းက မန်ယူနဲ့ လီဗာပူးပွဲစဉ်မှာ ဆွာရက်ဇ်နဲ့ အီဗရာတို့ ဇာတ်လမ်းစတင်ခဲ့တာပါ။ မန်ယူနောက်ခံလူ အီဗရာကို ဆွာရက်ဇ်က လူမျိုးရေးခွဲခြားတဲ့စကားပြောတယ်ဆိုရာ စခဲ့တာဖြစ်ပြီး နောက်ပိုင်းမှာ ဆွာရက်ဇ်က ဒဏ်ငွေဆောင်ပြီး ပွဲပယ်ပြစ်ဒဏ်ချခံခဲ့ရပါတယ်။ နောက်ရာသီ လီဗာပူးနဲ့ မန်ယူ ပြန်တွေ့တဲ့အခါ အီဗာနဲ့ ဆွာရက်ဇ်ဟာ လက်ဆွဲမနှုတ်ဆက်ခဲ့ကြပါဘူး။ အဲဒီပွဲမှာ မန်ယူ ၂-၁ ဂိုးနဲ့အနိုင်ရပြီးနောက် အီဗရာက ဆွာရက်ဇ်ရှေ့မှာ အောင်ပွဲခံခဲ့ပါတယ်။ ဒိုင်လူကြီးတွေက ဝင်ဆွဲခဲ့ရပါသေးတယ်။

 

၃။ ရော်နယ်ဒို

play

 

ယူရိုချန်ပီယံရှစ် ခြေစစ်ပွဲကစားနေတုန်းမှာ ရော်နယ်ဒိုရဲ့ ပေါ်တူဂီအသင်းက အာမေးနီးယားနဲ့ ကစားရဖို့ဖြစ်လာပါတယ်။ ၂၀၁၅ ခုနှစ်မှာပါ။ ရော်နယ်ဒိုတစ်ယောက် အာမေးနီးယားကို ရောက်လာတဲ့အခါ အာမေးနီးယာပရိသတ်တွေက မက်ဆီရဲ့ နာမည်ကိုခေါ်ပြီးရော်နယ်ဒိုကို လှောင်ပြောင်ခဲ့ကြပါတယ်။ ဒါပေမယ့် ရော်နယ်ဒိုက အဲဒီနေ့ပွဲမှာ အသင်းအတွက် ဟက်ထရစ်ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ ဟက်ထရစ်ဂိုးသွင်းပြီးနောက် အာမေးနီးယာပရိသတ်တွေဘက် လှည့်ကာ နားကိုလက်စွင့်သလို လုပ်ပြပြီး မက်ဆီနာမည်ထက်အော်ကြတာ ကြားချင်သေးတယ်ဆိုတဲ့ ပုံစံလုပ်ပြပြီး လက်စားချေခဲ့ကြတာပါ။

၎။ ဇိုကိုရာနှင့် ဘီလိုဇော့ဂ်လူ

play

 

၂၀၁၂ ခုနှစ်တုန်းက ဖီနာဘာချီနဲ့ ထရာဇွန်စပေါ တွေ့တဲ့ပွဲမှာ ဇိုကိုရာနဲ့ ဘီလိုဇော့ဂ်လူတို့ရဲ့ အဖြစ်ဟာလည်း နာမည်ကျော်ခဲ့ပါတယ်။ ဘီလိုဇော့ဂ်လူက ဇိုကိုရာကို လူမျိုးရေးခွဲခြားတဲ့စကားနဲ့ တိုက်ခိုက်ခဲ့ကြောင်း စွပ်စွဲခံရပါတယ်။ နောက်ပိုင်းမှ ဘီလိုဇော့ဂ်လူ ကိုယ်တိုင်သူစကားမှားခဲ့ကြောင်း ဝန်ခံပေမယ့် လူမျိုးရေးခွဲခြားတာတော့ မလုပ်ဘူးလို့ ငြင်ဆးန်ခဲ့ပါတယ်။ စုံစမ်းမှုအရ ဘီလိုဇော့ဂ်လူဟာ နှစ်ပွဲပယ်ပြစ်ဒဏ်ချခံခဲ့ရပါတယ်။ လူမျိုးရေးခွဲခြားမှု လုပ်တဲ့ကစားသမား မှန်ရင်တော့ အနည်းဆုံးခြောက်ပွဲကနေ ရှစ်ပွဲလောက် ပွဲပယ်ကျခံရနိုင်တာပါ။

နောက်ရာသီမှာ သူတို့ ပြန်ဆုံတဲ့အခါ ဇိုကိုရာက လက်ဆွဲနှုတ်ဆက်ဖို့ ငြင်းဆန်တဲ့အပြင် ကွင်းထဲမှာ ဘီလိုဇော့ဂ်လူရဲ့ ခြေထောက်ကို မသိမသာတက်နင်းခဲ့ပါတယ်။

၅။ ရွိုင်ကန်းနဲ့ အက်ဖ်အင့်ဂ်ဟာလန်း

play

 

ဒီရန်ကြွေးကတော့ အတော်ကြာကြာစောင့်ပြီး ဆပ်ခဲ့တဲ့ ရန်ကြွေးပါ။ နော်ဝေလက်ရွေးစင်ဟာလန်းဟာ လိဒ်အသင်းမှာ ကစားစဉ်ကတည်းက ရွိုင်ကိန်းကို အဖျက်ကြမ်းပြီး သူတို့မကျေမလည်ဖြစ်ခဲ့ပါတယ်။ ဟာလန်းရဲ့ဖျက်ထုတ်မှုကြောင့် ရွိုင်ကိန်းတစ်ယောက် တစ်ရာသီလုံး အနားယူလိုက်ရပါတယ်။ ဒါပေမယ့် ဟာလန်းကတော့ ရွိုင်ကိန်း မူယာပိုပြီး ဟန်ဆောင်တာလို့ ဝေဖန်ခဲ့ပါတယ်။

 

နောက်လေးနှစ်အကြာ ၂၀၀၁ ခုနှစ်မှာ မန်ယူနဲ့ မန်စီးတီးတွေ့ပါတယ်။ အဲဒီမှာတော့ ဟာလန်းဟာ မန်စီးတီးကစားသမား ဖြစ်နေပါပြီ။ အဲဒီပွဲစဉ်အတွင်း ရွိုင်ကိန်းဟာ ဟာလန်းနဲ့အတွေ့ ဟာလန်းရဲ့ခြေထောက်ကို ရည်ရွယ်ပြီး ဖျက်ထုတ်လိုက်လို့ ဟာလန်းကိုချက်ခြင်း ကွင်းထဲကခေါ်ထုတ်သွားကာ ဆေးကုသလိုက်ရပါတယ်။ ဟာလန်းလည်း တော်တ်ာနဲ့ ဘောလုံးမကစားနိုင်ဖြစ်ခဲ့ပါတယ်။ ရွိုင်ကိန်းကတော့ ဒီဖြစ်ရပ်အတွက် သုံးပွဲပယ်နဲ့ ဒဏ်ငွေငါးသောင်းရိုက်ခဲ့ပါတယ်။ ဒီဖြစ်ရပ်အတွက်နောင်တမရဘူးလို့ ဟာလန်းက ပြောပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ