International Sports: ချန်ပီယံလိဂ် လက်စတာကို ဂျူဗင်တပ် မတွေ့ချင်ရတဲ့ အကြောင်းရင်း

ကွာတားဖိုင်နယ်မှာ လက်စတာကို တွေ့ရမယ့်အစား ဂျူဗင်တပ်က ဘာစီလိုနာ၊ ရီးရဲလ်မက်ဒရစ်တို့ကိုသာ တွေ့ချင်နေတာပါ။

ချန်ပီယံလိဂ် ကွာတားဖိုင်နယ်တက်ရောက်သွားပြီဖြစ်တဲ့ ဂျူဗင်တပ်အသင်းအနေနဲ့ ကွာတားဖိုင်နယ်မှာ မတွေ့ချင်တဲ့ အသင်းရှိတယ်လို့ ဂိုးသမားဘူဖွန်က ပြောကြားလိုက်ပါတယ်။

play

 

ဂျူဗင်တပ်အသင်းဟာ ချန်ပီယံလိဂ် ၁၆ သင်းအဆင့်မှာ ပေါ်တိုအသင်းကို နှစ်ကျော့ပေါင်းရလဒ် ၃-၀ ဂိုးနဲ့ အနိုင်ရခဲ့ပြီးတဲ့နောက် ကွားတားဖိုင်နယ်ကို တက်ရောက်လာခဲ့သူဖြစ်ပါတယ်။ ဂျူဗင်တပ်အသင်းအနေနဲ့ ကွာတားဖိုင်နယ်မှာ ဘယ်အသင်းဖြစ်ဖြစ် တွေ့ဆုံပြီး ကျော်ဖြတ်နိုင်ပေမယ့် လက်စတာကိုတော့ မတွေ့ချင်ဘူးလို့ဝန်ခံပြောကြားခဲ့တာဖြစ်ပါတယ်။ လက်စတာအသင်းဟာ ဆီဗီးလ်အသင်းကို ပထမအကျော့မှာ ရှုံးနိမ့်သွားခဲ့ပေမယ့် ဒုတယအကျော့မှာ အနိုင်ယူပြီး ကွာတားဖိုင်နယ်တက်လှမ်းလာခဲ့တာဖြစ်ပါတယ်။

play

 

" ကွာတားဖိုင်နယ်မှာ မတွေ့ချင်တဲ့အသင်း တသင်းပဲရှိပါတယ်။ လက်စတာပါ။ လက်စတာအသင်းက အရမ်းကို စိတ်အားထက်သန်နေကြတာလေ။ တခြားအင်အားကောင်းတဲ့ အသင်းတွေကို ဘယ်လိုကျော်ဖြတ်ရမလဲ ကျွန်တော်သိတယ်" လို့ ဂျူဗင်တပ်ဂိုးသမား ဘူဖွန်က ပြောပါတယ်။ ဘူဖွန်ဟာ ဂျူဗင်တပ်အသင်းရဲ့ သက်တမ်းရင့် ကစားသမားတစ်ဦးဖြစ်ပြီး အသင်းနဲ့ အမှတ်ပေးချန်ပီယံဖလား ကိုးကြိမ် ရရှိထားပြီပါပြီ။

play

 

ချန်ပီယံလိဂ်ကွာတားဖိုင်နယ်ကို ဘာစီလိုနာ၊ လက်စတာ၊ ဂျူဗင်တပ်၊ ဘိုင်ယန်မြူးနစ်၊ ဒေါ့မွန်၊ ရီးရဲလ်မက်ဒရစ်အသင်းတို့ တက်ရောက်သွားခဲ့ပြီဖြစ်ပါတယ်။

 

လက်စတာအသင်းက နည်းပြရေနေီယာရီကိုထုတ်ပယ်ခဲ့ပြီးနောက်ပိုင်းမှာ လိဂ်ပွဲစဉ်အတွင်း ရလဒ်တွေကောင်းလာခဲ့တဲ့ပြင် ပထမအကျော့က ရှုံးခဲ့တဲ့ ဆီဗီးလ်အသင်းကို ဒုတိယအကျော့မှာ အနိုင်ယူပြီ ချန်ပီယံလိဂ် ကွာတားဖိုင်နယ်တက်ခဲ့တဲ့ အသင်းဖြစ်ပါတယ်။ လက်စတာက ဆီဗီးလ်အသင်းကို အသင်းခေါင်းဆောင် မော်ဂန်၊ အယ်လ်ဘရိုက်တန်တို့ရဲ့ ဂိုးတွေနဲ့ အနိုင်ခဲ့တာဖြစ်ပါတယ်။ ဆီဗီးလ်အသင်းက အဆိုပါပွဲစဉ်မှာ နာဆရီ အထုတ်ခံလိုက်ရပြီး ရလာတဲ့ပင်နယ်တီလည်း ဝင်အောင်မကန်နိုင်ခဲ့ပါဘူး။

Source : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ