International Sports: တံတောင်စွမ်းပြခဲ့သဖြင့် ဘောလုံးပွဲမှ လူရိုက်ပွဲ ဖြစ်သွားခဲ့

ပရိသတ်တွေဝင်လာပြီး ရန်ပွဲဖြစ်ခဲ့ကြပါတယ်။

ဘရာဇီးနိုင်ငံအတွင်း ကစားခဲ့တဲ့ ပရော်ဖက်ရှင်နယ်ဘောလုံးပြိုင်ပွဲဟာ ကွင်းအတွင်း ပြိုင်ဘက်ကစားသမားတွေ နှစ်ဖက်ပရိသတ်တွေရောထွေးပြီး လူရိုက်ပွဲအဖြစ်ကူးပြောင်းသွားခဲ့ရပါတယ်။

 

ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲမှာ အောင်မြင်မှုအရဆုံးနိုင်ငံဖြစ်တဲ့ ဘရာဇီးပြည်တွင်းဘောလုံးပြိုင်ပွဲတစ်ပွဲဟာ မလှမပ အဆုံးသတ်သွာဲး့ရတာဖြစ်ပါတယ်။ ဂါမာဘောလုံးအသင်းနဲ့ ဘရာစီးလိယန့်စ်အသင်းတို့ ပွဲစဉ်မှာ ဘရာစီးယန့်စ်အသင်း တိုက်စစ်မှူး နူနက်စ်က ဂါမာနောက်ခံလူကို တံတောင်နဲ့ တွတ်မိသွားခဲ့ပါတယ်။ အဲဒီဖြစ်ရစ်ဖြစ်ပွားပြီးနောက်မှာ နှစ်ဖက်အသင်းကစားသမားတွေ၊ နည်းပြအဖွဲ့ဝင်တွေ ရုန်းရင်းဆန်ခတ်ဖြစ်သွားခဲ့တာပါ။

play

 

နှစ်ဖက်ဘောလုံးအသင်း ရန်ပွဲအသွင်းပြောင်းနေတဲ့အချိန် ပရိသတ်တွေဝင်ရောက်လာခဲ့ပြီး အခြေအနေဟာ ကွင်းအတွင်း လုံခြုံရေးယူထားတဲ့ ရဲတပ်ဖွဲ့ဝင်တွေတောင် မထိန်းနိုင်တဲ့အခြေအနေကို ရောက်သွားခဲတာဖြစ်ပါတယ်။ မျက်ရည်ယိုဗုံးတွေနဲ့ လူစုခွဲခဲ့ရတယ်လို့ သိရပါတယ်။ ဂါမာနဲ့ ဘရာစီလိယန့်စ်အသင်းက တစ်ဖက်တစ်ဂိုးစီ သရေရလဒ်ထွက်ပေါ်နေချိန်မှာ ဒီအခြေအနေ ရောက်သွားခဲ့ရတာပါ။ ကွင်းလယ်ဒိုင်ကတော့ ပွဲကိုရပ်တန့်ပစ်လိုက်ဖို့ ဆုံးဖြတ်ချခဲ့ရပါတယ်။

play

 

ကွင်းထဲဝင်ရောက်လာတဲ့ ပရိသတ်တွေဟာ ကွင်းဘေးမှာ ထားရှိတဲ့ နဖူးစည်းပိတ်စကို ဆွဲဖြဲကာ ကွင်းထဲဆွဲသွင်းခဲ့ပြီး နှစ်ဖက်ပရိသတ်တွေထိုးကြိတ်သတ်ပုတ်မှု ဖြစ်ပွားခဲ့တာပါ။ အကြမ်းဖက်ဖြိုခွင်းမှု ရဲအရာရှိတွေက မျက်ရည်ယိုဗုံးတွေသုံးပြီး လူစုခွဲခဲ့ရတာဖြစ်ပါတယ်။ ဒီဖြစ်ရပ်ကို စတင်ခဲ့တဲ့ ကစားသမားတွေနဲ့ နှစ်ဖက်ပရိသတ်တွေကို ဘယ်လိုပြစ်ဒဏ်ချမလဲဆိုတာတော့ မသိရသေးပါဘူး။ အချို့ပရိသတ်တွေနဲ့ဘောလုံးသမားတွေ ဒဏ်ရာရသွားခဲ့တယ်လို့ သိရပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ