International Sports: မန်စီးတီး ချန်ပီယံလိဂ်က ဘာကြောင့်ထွက်ရသလဲ

မန်စီးတီးဟာ အမှားများစွာနဲ့ အသင်းဖြစ်ခဲ့ရပါတယ်။

ချန်ပီယံလိဂ် ပထမအကျော့မှာ မိုနာကိုအသင်းကို ငါးဂိုးသွင်းနိုင်ခဲ့ပေမယ့်လည်း ဒုတိယအကျော့မှာ မန်စီးတီးအသင်းဟာ ရှုံးနိမ့်ပြီး ကျန်နေခဲ့ရပြီဖြစ်ပါတယ်။ အဝေးဂိုးစည်းမျဉ်းအရ ပထမအကျော့မှာ မန်စီးတီးက ငါးဂိုးသုံးဂိုးနဲ့ နိုင်ပေမယ့်ဒုတိယအကျော့မှာ သုံးဂိုး တစ်ဂိုးရှုံးနိမ့်သွားလို့ ပြိုင်ပွဲက ထွက်ခဲ့ရတာပါ။

play

 

" ကျွန်တော့်အသင်းမှာ ပြင်စရာတွေရှိနေတယ်။ သူတို့အသင်းလည်းပြင်ဆင်လာလိမ့်မယ်။ ဒါပေမယ့် ကျွန်တော်အသင်း ဒီပွဲ(ဒုတိယအကျော့)မှာ  ဂိုးသွင်းပြဖို့ လိုတယ်။ ဒါမှမဟုတ်ရင် မိုနာကို ကျွန်တော်တို့ကို ဖြုတ်ချသွားလိမ့်မယ်" လို့ ဂွါဒီယိုလာက ပွဲမတိုင်ခင်ပြောခဲ့တာပါ။ အခုတော့ ဂွါဒီယိုလာ ပြေထာားတဲ့အတိုင်း တကယ်ဖြစ်လာတာပါပဲ။ မန်စီးတီးအသင်းဟာ မီးကို မီးနဲ့ တိုက်ဖို့ ပြင်ဆင်ခဲ့တဲ့ဆိုရင်တောင် ဒီနည်းဗျူဟာက အလုပ်မဖြစ်ခဲ့တာကို တွေ့ရမှာဖြစ်ပါတယ်။

play
ဘက်ပေး ဦးဆောင်ဂိုးသွင်းပြီး အောင်ပွဲခံစဉ်

 

မိုနာကိုနဲ့ပွဲက မန်စီးတီးရဲ့အမှားတွေကို ပြောရရင်တော့ကုန်နိုင်ဖွယ်မရှိပါဘူဘူး။  အထူးသဖြင့် ပထမပိုင်းပွဲကစားချိန် မိနစ် ၂၀ အတွင်း မန်စီးတီးအသင်းရဲ့ ကစားကွက်ဟာ တည်မရဖြစ်ခဲ့တဲ့အပြင် မိုနာကိုအသင်းဘက်ကို တစ်ကြိမ်မှ ဂိုးပေါက်မခြိမ်းခြောက်နိုင်ခဲ့တာဖြစ်ပါတယ်။ မိနစ် ၂၀ ဆိုတဲ့အတောအတွင်းမှာ မိုနာကိုအသင်းဘက်က မန်စီးတီးကို ဂိုးပေါက် သုံးကြိမ်လောက်ခြိမ်းခြောက်ပြီး တစ်ဂိုးသွင်းယူခဲ့ပြီးပြီဖြစ်ပါတယ်။

play

 

ပြောစရာအဖြစ်ခဲ့ဆုံးက ဂွါဒီယိုလာရဲ့ နည်းစနစ်တစ်ခုဖြစ်ပါတယ်။ တိုက်စစ်အားသန်တဲ့ ဖာနန်ဒင်ဟိုကို နောက်ခံကစားသမားလေးယောက်ရှေ့မှာ ထားပြီး ကစားခဲ့တာဖြစ်ပါတယ်။ ဖာနန်ဒင်ဟိုဟာ ဒီနေရာမှာ ဘယ်လိုမှ အံမဝင်တာကို ဒီပွဲမှာ အထင်သားတွေ့ခဲ့ရတာပါ။ ကိုလာရော့ဗ်နဲ့ စတုန်းအတွဲရဲ့ ခံစစ်ကလည်း ကျစ်လစ်မှုမရှိခဲ့ပါဘူး။ ဒီလိုခံစစ်ကစားပုံမျိုးနဲ့ ဥရောပချန်ပီယံလိဂ်မှာ နောက်တဆင့်တက်ဖို့ မထိုက်တန်သေးဘူးလို့ပဲ ပြောရမှာဖြစ်ပါတယ်။

 

အခုချန်ပီယံလိဂ် နောက်တဆင့်တက်သွားပြီဖြစ်တဲ့ လက်စတာ၊ ရီးရဲလ်မက်ဒရစ်၊ ဘာစီလိုနာ၊ ဂျူဗင်တပ်၊ အသလက်တီကို၊  ဒေါ့မွန်စတဲ့အသင်းတွေဟာ ချန်ပီယံလိင်္ဂမှာ တစ်ပွဲပျှမ်းမျှ ဂိုးပေါက်ကန်သွင်းချက်နည်းပါးတဲ့ အသင်းတွေဖြစ်ပါတယ်။ ဒါပေမယ့် နောက်တဆင့် တက်သွားရခြင်းအကြောင်းရင်းကတော့ ခံစစ်အားကောင်းလို့ဖြစ်ပါတယ်။ ဘာစီလိုနာကိုတော့ ဒီအဆင့်မှာ ခြွင်းချက်ထားရမှာဖြစ်ပါတယ်။

play

ှSource : Sports360

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ