International Sports: အွန်နရီလက်သစ်လို့ နှိုင်းယှဉ်ခံနေရတဲ့ မိုနာကိုလူငယ်တိုက်စစ်မှူး

မန်စီးတီးကို ချန်ပီယံလိဂ်က ထွက်ရအောင်ခြေစွမ်းပြခဲ့သူပါ။

မန်စီးတီးအသင်းနဲ့ ချန်ပီယံလိဂ် ပွဲစဉ်မှာ ခြေစွမ်ပြခဲ့ပြီး မိုနာကိုလူငယ်တိုက်စစ်မှူးလေးကို အာဆင်နယ်ကစားသမားဟောင်း အွန်နရီလက်သစ်လို့ တင်စားခေါ်ဝေါ်နေကြပြီဖြစ်ပါတယ်။

play

 

မိုနာကိုအသင်းတိုက်စစ်မှူး အမ်ဘက်ပီဟာ အခုနောက်ဆုံးကစားခဲ့တဲ့ ၁၁ ပွဲမှာ ၁၁ ဂိုးသွင်းယူခဲ့တဲ့ ကစားသမားဖြစ်ပြီး ချန်ပီယံလိဂ် ၁၆ သင်းအဆင့်ပွဲစဉ်မှာလည်း ပြိုင်ဘက်မန်စီးတီးကို နှစ်ကျော့လုံး ဂိုးသွင်းယူနိုင်ခဲ့တဲ့ ကစားသမားဖြစ်ပါတယ်။ မန်စီးတီးကို အိမ်ကွင်းမှာ ၃-၁ ဂိုးနဲ့ပြန်လည်အနိုင်ယူပြီး ချန်ပီယံလိဂ် ကွာတားဖိုင်နယ်တက်ခဲ့တဲ့ ပွဲစဉ်မှာ အမ်ဘက်ပေးဟာ အသင်းအတွက် အဖွင့်ဂိုးသွင်းယူပေးခဲ့သူဖြစ်ပါတယ်။ မန်စီးတီးဘက်ကို အမ်ဘက်ပေး အဖွင့်ဂိုးသွင်းယူပြီးတဲ့နောက် သူ့ရဲ့အကြောင်းကို ပရိသတ်တွေ တွစ်တာလူမှုကွန်ယက်မှာ tweet လုပ်တဲ့အကြိမ်ရေ အတော်များခဲ့တယ်လို့ သိရပါတယ်။

 

play

 

အာဆင်နယ်အသင်း ဂန္တဝင်တိုက်စစ်မှူးဟောင်း အွန်နရီဟာလည်း အခလူငယ်ကစားသမား အမ်ဘက်ပေးလို့ပဲ ပြင်သစ်လီဂူးကလပ် မိုနာကိုအသင်းကနေ စီးရီးအေနဲ့  ပရီးမီးယားလိဂ်ကိုရောက်ရှိခဲ့သူဖြစ်ပြီး အဲဒီကတဆင့် ဘာစီလိုနာအသင်း ကစားသမားဖြစ်လာခဲ့သူပါ။ ဥရေပအသင်းကြီးတွေစိတ်ဝင်စားနေကြတာ ကြာပြီဖြစ်တဲ့ အမ်ဘက်ပေးကို အသင်းဘက်က ရောင်းချမှာ မဟုတ်ဘူးလို့ မိုနာကိုအသင်း ဒုတိယဥက္ကဌ ဗာဆီယက်ဗ်က ပြောထားပါသေးတယ်။

play

 

အမ်ဘက်ပေးက ဒီရာသီမှာ မိုနာကိုအသင်းအတွက် ပြိုင်ပွဲစုံ ပွဲပေါင်း သုံးဆယ်ကစားပေးထားပြီးပြီဖြစ်ကာ စုစုပေါင်း ၁၆ ဂိုးသွင်းယူခဲ့ပြီးပြီဖြစ်ပါတယ်။ အသက် ၁၈ နှစ်အရွယ်သာရှိသေးတဲ့ လူငယ်ကစားသမား အမ်ဘက်ပေးဟာ  ပြင်သစ် ယူ-၁၉ လက်ရွေးစင်အသင်းမှာသာကစားနေရဆဲဖြစ်ပါတယ်။

အမ်ဘက်ပေးကို အွန်နရီနဲ့ နှိုင်းထားတဲ့ Twitter ပို့စ်များ

 

Source : Mirror

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ