International Sports: မန်ယူ - ရော့စတော့ ယူရိုပါလိဂ် ပွဲကြို သုံးသပ်ချက်

ကွာတားဖိုင်နယ်ရောက်ဖို့ ကစားကြရမှာပါ။

ယူရိုပါလိဂ် ကွာတားဖိုင်နယ်ရောက်ဖို့အတွက် မန်ယူနဲ့ ရုရှားကလပ်ရော့စတော့ဗ်အသင်းဟာ ဒီကနေ့ည ၁၆ သင်းအဆင့် ဒုတိယပွဲစဉ်ကို ကစားဦးမှာဖြစ်ပါတယ်။

 

ချန်ပီယံလိဂ်ပွဲစဉ်တွေမှာ ပထမအကျော့ အပြတ်အသတ်အသာစီးရခဲ့တဲ့အသင်းတွေ ဒုတယိအကျော့မှာ အမှတ်မထင် ရှုံးနိမ့်သွားခဲ့တာကြောင့် မန်ယူအတွက်နောက်တဆင့်တက်မယ်လို့ သေချာပေါက်ပြောလို့မရသေးပါဘူး။ ရော့စတော့ဗ်နဲ့ မန်ယူအသင်းလူအင်အားကွာပေမယ့် ပထမအကျော့မှာ တစ်ဖက်ဂိုးစီ သရေကျခဲ့တာကြောင့် မန်ယူအတွက် နောက်တဆင့်တက်ဖို့ဟာ အားသွန်ခွန်စိုက်ကြိုးစားရဦးမှာပါ။

ပေါ့ဂ်ဘာ

play

 

မန်ယူအသင်းကစားသမားပေါ့ဂ်ဘာအတွက်ဒီပွဲမှာ အလုပ်နဲ့သက်သေပြရတော့မယ့်ပွဲဖြစ်ပါတယ်။ မန်ယူနောက်ဆုံးကစားခဲ့တဲ့ ပွဲစဉ်တွေအတွင်းပေါ့ဂ်ဘာဟာ ထိုက်ထိုက်တန်တန် ခြေစွမ်းပြနိုင်လို့ ဝေဖန်မှုတွေရင်ဆိုင်နေရတာပါ။ ချယ်လ်ဆီးကိုရှုံးတဲ့ပွဲစဉ်မှာလည်း ပေါ့ဂ်ဘာက ထိုက်သင့်သလောက်ခြေစွမ်းမပြနိုင်ပဲ ချယ်လ်ဆီးကွင်းလယ်လူ ကန်တေက ခြေစွမ်းပြခဲ့လို့ ပေါ့ဂ်ဘာအပေါ် ဝေဖန်မှုတွေတိုးခဲ့တာဖြစ်ပါတယ်။ အခုတော့ ပေါ့ဂ်ဘာရဲ့ ခြေစွမ်းကို ဒီပွဲမှာအစွမ်းကုန်ထုတ်ပြရတော့မှာဖြစ်လို့ ပေါ့ဂ်ဘာအတွက် ဒီပွဲဟာပွဲကြီးပွဲကောင်းဖြစ်လာနိုင်ပါတယ်။

မန်ယူအတွက် အားသာချက်

play

 

  • မန်ယူအသင်းဟာ အိမ်ကွင်းမှာ ရုရှားကလပ်တွေနဲ့ ရင်ဆိုင်တဲ့အခါ တစ်ပွဲမှ မရှုံးဖူးပါဘူး။ ဒါပေမယ့် ခုနှစ်ပွဲသရေကျပြီးတစ်ပွဲသာ အနိုင်ရတာပါ။
  • ရော့စတော့ဗ်အသင်းအတွက် ပထမဆုံးအကြိမ် အင်္ဂလန်ကိုလာရောက်ကစားရခြင်းဖြစ်ပါတယ်။ ရုရှားအသင်းတွေ အင်္ဂလန်ကို စုစုပေါင်း ၂၆ ကြိမ် ဥရောပပြိုင်ပွဲအတွက်လာရောက်ကစားခဲ့ရပြီး နှစ်ကြိမ်သာ အနိုင်ရဖူးပါတယ်။
  • မန်ယူအသင်းနောက် ဥရောပပြိုင်ပွဲ အိမ်ကွင်းနောက်ဆုံး ၁၅ ပွဲကစားခဲ့ရာမှာ တစ်ပွဲမှ မရှုံးနိမ့်ထားပါဘူး။

 

ရော့စတော့ဗ်အတွက်အားသာချက်

play

 

  • ရော့စတော့ဗ်အသင်းဟာာ ဥရောပပြိုင်ပွဲ နောက်ဆုံး ၁၄ ပွဲကစားခဲ့ရာမှာ သုံးပွဲသာ ရှုံးထားတဲ့အသင်းဖြစ်ပါတယ်။
  • မန်ယူအသင်းဟာ နောက်ဆုံးကစားခဲ့တဲ့ ပြိုင်ပွဲစုံ သုံးပွဲဆက်တိုက် အနိုင်မရထားတဲ့ အသင်းဖြစ်ပါတယ်။

မန်ယူအသင်း ဖြစ်နိုင်ဖွယ်လူစာရင်း

play

 

မန်ယူအသင်းဘက်မှာ တိုက်စစ်အပြောင်းအလဲ ရှိလာမှာဖြစ်ပါတယ်။ချယ်လ်ဆီးနဲ့ ပွဲတုန်းက မပါခဲ့တဲ့ တိုက်စစ်မှူး အီဘရာဟီမိုဗစ်ခ်ျပြန်လည်ပါဝင်လာပြီဖြစ်ပါတယ်။ ရွန်နေးနဲ့ မာရှယ်ကတော့ မပါနိုင်သေးပါဘူး။ အီဘရာဟီမိုဗစ်ခ်ျကို အထောင်ထားပြီး မက်ခီတာယန်း၊ မာတာ၊ လင်ဂတ်တို့က ဝန်းရံဖွယ်ရှိပါတယ်။

သုံးသပ်ချက်

play

 

မန်ယူအသင်းနဲ့ ရော့စတော့ဗ်ဟာ ခြေစွမ်းအလွန်ကွာဟပါတယ်။ ပထမအကျော့တုန်းက သရေကျခဲ့တာဟာ အကြောင်းအရင်းများစွာရှိပါတယ်။ ချယ်လ်ဆီးပွဲရှိလို့ မော်ရင်ဟိုထိန်းကစားခဲ့တာဖြစ်နိုင်ပြီးရော့စတော့ရဲ့ ကွင်းဟာလည်း မာကျောပြီး ကစားခက်ခဲ့ပါတယ်။ အခုမန်ယူအသင်းအိမ်ကွင်းမှာ ပထမဆုံးအကြိမ် လာကစားရမယ့်ရော့စတော့ဟာ တန်ပြန်တိုက်စစ်ကိုသာ ဦးစားပေးရမှာပါ။ မန်ယူ သုံးဂိုးပြတ်လောက်နိုင်မယ်မျှော်လင့်ရပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ