International Sports: ချစ်သူကိုသတ်ပြီး ခွေးစာကျွေးသည် ဆိုသည့် ဂိုးသမား ထောင်မှလွတ်လာပြီး ဘောလုံးပြန်ကစား

ထောင်ထဲမှာ ၇ နှစ်သာ နေခဲ့ရပါတယ်။

ဘရာဇီးဘောလုံးအသင်း ဖလာမင်ဂိုအသင်းအတွက် ပွဲပေါင်း တစ်ရာကျော်ကစားခဲ့တဲ့ ဂိုးသမား ဘရူနိုဖာနန်ဒက်စ်ဟာ သူ့ရဲ့ချစ်သူကို သတ်ဖြတ်ဖို့ညွှန်ကြားစေခိုင်းခဲ့ရာမှာ ပါဝင်ပတ်သတ်ခဲ့သူလို့ တရားရုံးက ဆုံးဖြတ်ပြီးနောက် ထောင်ဒဏ် ၂၂ နှစ်ကျခံဖို့ အမိန့်ချမှတ်ခံခဲ့ရသူဖြစ်ပါတယ်။ ထောင်ထဲမှာ ၇ နှစ်သာနေခဲ့ပြီးတဲ့နောက် ဘရူနိုဟာ ထောင်ကလွတ်လာခဲ့ပြီလို့ သိရပါတယ်။

play

 

ထောင်ကလွတ်လာပြီးသိပ်မကြာခင်မှာပဲ ဘရာဇီးဒုတိယတန်းကလပ် ဘိုအာအက်စ်ပေါ်တေးအသင်းက ဂိုးသမားဘရူနိုကို နှစ်နှစ်သက်တမ်းရှိတဲ့ စာချုပ်နဲ့ခေါ်ယူလိုက်ပြီလို့ ကြေညာခဲ့တာဖြစ်ပါတယ်။ ဘရူနိုကိုခေါ်ယူလိုက်ပြီလို့ ကြောခဲ့တဲ့ ဒုတိယတန်းကလပ် အက်စ်ပေါ်တေးအသင်းကို အမျိုးသမီးတွေနဲ့ ကလပ်အသင်းပရိသတ်တွေက ဆန္ဒပြကြနေတယ်လို့ သိရပါတယ်။ တကယ်လို့ ဘရူနိုကို ကလပ်အသင်းက ဆက်ခေါ်ထားမယ်ဆိုရင် ကလပ်အသင်းကို လုံးဝအားပေးတော့မှာမဟုတ်ဘူးလို့ ပရိသတ်အချို့က ဆန္ဒပြနေကြတာဖြစ်ပါတယ်။

play
အသင်းသသစ်ရောက်လာသည့် ဘရူနို

 

အရပ် ၆ ပေ ၃ လက်မရှိတဲ့ ဂိုသမားဘရူနိုဟာ ၂၀၀၉ ခုနှစ်မှာ အယ်လီဇာဆာမူဒီယိုဆိုတဲ့ အမျိုးသမီးကို ပါတီပွဲတစ်ခုမှာ တွေ့ဆုံခဲ့တာဖြစ်ပါတယ်။ အဲဒီနောက်သူတို့ ငြိစွန်းခဲ့ပြီး ကလေးတစ်ယောက်ရချိန်မှာ ဘရူနိုက ကလေးကို မယူဖို့တားမြစ်ခဲ့တယ်လို့ သိရပါတယ်။ ဒါပေမယ့် မော်ဒယ်ဖြစ်သူ ဆာမူဒီယိုက ကလေးကိုယူဖို့ ဆုံးဖြတ်ခဲ့ချိန်မှာ ဂိုးသမား ဘရူနိုက စတင်ခြိမ်းခြောက်ခဲ့ပါတယ်။

play
ဘရူနို၏ ချစ်သူဟောင်း ဆာမူဒီယို

 

အဲဒီနောက် ဂိုးသမား ဘရူနိုဟာ သူ့ရဲ့ဇနီးဖြစ်သူအပြင်၊ ယောက်ဖငယ်ဖြစ်သူတွေအပါအဝင် ရဲအရာရှိဟောင်းတစ်ဦးကိုပါ ကြေးစားငှားပြီးဆာမူဒီယိုကို ညှင်းပန်းသတ်ဖြတ်ခဲ့တာလို့ သိရပါတယ်။ ဒါပေမယ့် ဆာမူဒီယိုရဲ့ အလောင်းကိုတော့ ဘယ်မှာမှ ရှာမတွေ့နိုင်ခဲ့ကြပါဘူး။ တရားရုံးမှာ အပြန်အလှန်ထွက်ဆိုချက်တွေအရ ဂိုးသမား ဘရူနိုဟာ ချစ်သူဟောင်းရဲ့ အလောင်းကို ခွေးစာကျွေးပစ်လိုက်တာလို့ စွပ်စွဲခံရပါတယ်။ ဒီကိစ္စ မှန်၊ မမှန်ဆိုတာကိုတော့ သက်သေပြမနိုင်ခဲ့ပါဘူး။

play
ရုံးထုတ်စဉ်ကတွေ့ရသည့် ဘရူနို

 

၂၀၁၀ မှာဘရူနိုအဖမ်းခံခဲ့ရပြီး အခုပြန်လွတ်လာခဲ့တာပါ။ ဘရူနိုဟာ အဖမ်းမခံရခဲ့ရခင်တုန်းက အေစီမီလန်အသင်းရောက်ဖို့တောင် နာမည်ကျော်ခဲ့သူဖြစ်ပါတယ်။ အခု ဘရူနိုကို ခေါ်တဲ့ကလပ်အသင်းကို ဆန္ဒပြသူ အများစုဟာ အမျိုးသမီးတွေဖြစ်နေပါတယ်။

 

Source : Mirror

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ