International Sports: အဖေလို ဘောလုံးသမား ဖြစ်လာဖွယ် မရှိတဲ့ မက်ဆီရဲ့ သားငယ်

အဖေလို ဘောလုံးသမား ဖြစ်ချင်မှ ဖြစ်လာမှပါ။

ကမ္ဘာ့အကောင်းဆုံးဘောလုံးသမား မက်ဆီရဲ့ သားဖြစ်သူဟာ သူ့ရဲ့ဖခင်မက်ဆီရဲ့ ခြေရာကိုနင်းမယ့်သူတစ်ယောက် မဟုတ်ကြောင်း မက်ဆီကိုယ်တိုင် ထုတ်ပြောလိုက်ပါပြီ။

play

 

မက်ဆီရဲ့ သားကြီးဖြစ်သူ သီယေဂိုမက်ဆီဟာ ဘောလုံးအားကစားကို စွဲစွဲမြဲမြဲနှစ်သက်သူတစ်ယောက်မဟုတ်ဘူးလို့ သိရပါတယ်။ သီယေဂိုဟာ ဘောလုံးကိုမကြိုက်ပဲ အပေါင်းအသင်းသာ ခင်တတ်သူဖြစ်တယ်လို့ မက်ဆီက ဥရုဂွေး ရုပ်သံအစီအစဉ်နဲ့ အင်တာဗျူးမှာဖြေကြားခဲ့တာဖြစ်ပါတယ်။ မက်ဆီနဲ့အတူ ဘာစီလိုနာအသင်း ကြယ်ပွင့်ဘောလုံးသမား အများစုဟာ သူတို့ရဲ့ သားငယ်တွေကို ဘာစီလိုနာအသင်း လူငယ်အကယ်ဒမီမှာ လာရောက်အပ်နှံထားတာဖြစ်ပါတယ်။

play

 

မက်ဆီရဲ့ သားကြီးဖြစ်သူ သီယေဂိုလည်း ဘာစီလိုနာဘောလုံးသင်တန်းကျောင်းမှာတက်ရောက်နေတဲ့ ကလေးငယ်ဖြစ်ပါတယ်။ ဒါပေမယ့်  သီယေဂိုဟာ သူ့ရဲ့သူငယ်ချင်းတွေကို တွေ့ချင်လို့ ဘောလုံးသင်တန်းကျောင်းသွားနေတဲ့သူဖြစ်ပြီး ဘောလုံးကစားတာကိုတော့ သိပ်မကြိုက်ကြောင်း မက်ဆီက ဝန်ခံလိုက်တာဖြစ်ပါတယ်။

play

 

" သူကဘောလုံးကို သိပ်မကြိုက်ဘူးဗျ။ တကယ်ပြောတာပါ။ သူအကယ်ဒမီကို သွားနေရတာ အကြောင်းရှိတယ်။ အဲဒီမှာ ဘန်ဂျာရှိတယ်လေ( တိုက်စစ်မှူးဆာရက်ဇ်၏သား)။ တခြားသူငယ်ချင်းတွေနဲ့လည်းတွေ့ရလို့ သူအဲဒီကို သွားနေတာ"  လို့ မက်ဆီက ပြောခဲ့တာဖြစ်ပါတယ်။ မက်ဆီရဲ့ သားဖြစ်သူအပြင် ဆွာရက်ဇ်ရဲ့ သားဘင်ဂျမန်ကလည်း နူးကမ့်ဘောလုံးကွင်း အကယ်ဒမီမှာ တက်ရောက်သင်ကြားနေကြတာဖြစ်ပါတယ်။

 

သီယေဂိုက ဘောလုံးကိုသိပ်ပြီးဝါသနာမပါပေမယ့် ဆွာရက်ဇ်ရဲ့ သားဖြစ်သူကတော့တစ်နေ့တစ်နေ့ ဘောလုံးမှဘောလုံး ဖြစ်နေတာလို့ မက်ဆီက ထပ်ပြောခဲ့ပါသေးတယ်။ " ဘန်ဂျမင်ဆိုရင်နေ့တိုင်း ဘောလုံးက သူ့ခြေထောက်ထဲမှာချည်းပဲ" လို့ မက်ဆီက ပြောပါတယ်။ ဘာစီလိုနာအသင်းဟာ ပြီးခဲ့တဲ့ တစ်ပတ်အတွင်း ဒီပို့တီပိုအသင်းကို ရှုံးနိမ့်ခဲ့တဲ့အတွက် အမှတ်ပေးဇယားမှာ ရီးရဲလ်မက်ဒရစ်အသင်းရဲ့ ဦးဆောင်မှုကိုခံထားရပါတယ်။

Source : Mirror

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ