International Sports: ယောက်ျားပီပီသသ ကစားရန် ဗာဒီကို နာဆရီ စိန်ခေါ်

ဗာဒီဟာ လူလိမ်လူညာလို့ ပြောပါတယ်။

လက်စတာအသင်းတိုက်စစ်မှူး ဗာဒီဟာ ဘောလုံးကို လိမ်ညာလှည့်ဖြားပြီး ကစားတတ်သူဖြစ်ကြောင်း ချန်ပီယံလိဂ်မှာ အနီကတ်နဲ့ အထုတ်ခံလိုက်ရတဲ့ နာဆရီက ပြောကြားလိုက်ပါတယ်။

ဗာဒီဟာ ဒီဖြစ်ရပ်အတွက် ကောင်းကောင်းသရုပ်ဆောင်သွားနိုင်ခဲ့ပြီး သူ့ကိုအနီကတ်နဲ့ အထုတ်ခံရအောင် ဟန်ဆောင်သွားနိုင်ခဲ့တယ်လို့ နာဆရီက ပြောပါတယ်။ လက်စတာက ဆီဗီးလ်အသင်းကို ၂-၀ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ပွဲစဉ်မှာ တိုက်စစ်မှူး လက်စတာနဲ့ အချင်းများခဲ့ပြီးနောက် ဆီဗီးလ်ကစားသမား နာဆရီဟာ အနီကတ်နဲ့အထုတ်ခံလိုက်ရပါတယ်။ သူတို့နှစ်ဦး ငြိစွန်းပြီးနောက် နှစ်ဦးသားခေါင်းချင်းဆိုင်ရာမှာ ဗာဒီက လဲကျသွားခဲ့တာဖြစ်ပါတယ်။

play

 

အဲဒီနောက် ကွင်းလယ်ဒိုင်က နာဆရီကို ဒုတိယအနီကတ်ပြပြီး ကွင်းထဲက ထုတ်လိုက်တာပါ။ ပွဲအပြီး တစ်ရက်အကြာမှာ မန်စီးတီးကစားသမားဟောင်းလည်းဖြစ်တဲ့ နာဆရီက အခုလို ပြောပါတယ်။ " သူဘာမှတော့ မပြောခဲ့ပါဘူး။ ဒါပေမယ့် ကျွန်တော်တို့မျက်နှာချင်းဆိုင်ယုံပဲရှိသေးတယ်။ သူကလဲကျသွားတယ်။ တကယ်ကို ဟန်ဆောင်ကောင်းခဲ့ပါတယ်။ ကျွန်တော်မျက်နှာကို သူက မျက်နှာချင်းဆိုင်လာပြီးနောက် သူပဲလဲကျသွားခဲ့တယ်" လို့ နာဆရီက ပြောခဲ့တာဖြစ်ပါတယ်။

play
play

 

နာဆရီက သူ့အတွက်တော့ ဗာဒီဟာလူလိမ်လူညာတစ်ယောက်ဖြစ်ကြောင်းနဲ့ ဗြိတိန်မီဒီယာတွေကလည်း ဘက်လိုက်ကြောင်း ဝေဖန်ခဲ့ပါတယ်။ " ကျွန်တော့်အတွက်တော့ သူကလူလိမ်ပါပဲ။ သူဟာ နိုင်ငံခြားသားကစားသမားဆိုရင် ဗြိတိန်မီဒီယာတွေက လူလိမ်လို့ရေးသားကြလိမ့်မယ် ။ သူတို့အခုလ ၂-၀ ဂိုးနဲ့ နိုင်တယ်ပေါ့လေ။ ယောက်ျားပီပီသသ ကစားဈေခင်တယ်။ ပြီးတော့ အနိုင်ယူပေါ့။ နိုင်ငံတကာက စောင့်ကြည့်နေတဲ့ ကစားသမားတွေပဲလေ။ ဒါမျိုးလုပ်စရာ မလိုပါဘူး" လို့ နာဆရီက မကျေမနပ်နဲ့ သတင်းထောက်တွေကို ပြောကြားခဲ့တာဖြစ်ပါတယ်။

 

ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ရှုံးထွက်ပြိုင်ပွဲ ပထမအကျော့မှာ စပိန်ကလပ် ဆီဗီးလ်အသင်းက လက်စတာအသင်းကို အိမ်ကွင်းမှ ၂-၁ ဂိုးနဲ့ အနိုင်ရခဲ့ပြီး လက်စတာက အိမ်ကွင်းမှာ ၂-၀ ဂိုးနဲ့ အနိုင်ရခဲ့တာဖြစ်ပါတယ်။ အခု လက်စတာက ချန်ပီယံလိဂ် ကွာတားဖိုင်နယ်တက်သွားခဲ့ပါပြီ။

Source : Goal

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ