International Sports: အသက် ၃၄ နှစ်မှာ အင်္ဂလန်လက်ရွေးစင် ပြန်ဖြစ်လာတဲ့ ဒီဖိုး

ယခုနှစ် ဘောလုံးရာသီ ပရီးမီးယားလိဂ်မှာ ဂိုးအများဆုံး သွင်းယူထားတဲ့ ထိပ်တန်း တိုက်စစ်မှူးစာရင်းမှာလည်း ဒီဖိုး ပါဝင်နေပါတယ်။

ဂိုးသွင်းယူနိုင်မှုအကြောင်းပြောတဲ့ ဒီဖိုး


ဆန်းဒါးလန်းအသင်း တိုက်စစ်မှူး ဂျာမိန်းဒီဖိုးဟာ အသက် ၃၄ နှစ်အရွယ်မှာ အင်္ဂလန်လက်ရွေးစင်အဖြစ် ပြန်လည် ရွေးချယ်ခံရကြောင်း သိရပါတယ်။ လာမယ့် သီတင်းပတ်အတွင်း ဂျာမနီမှာကစားမယ့် ခြေစမ်းပွဲစဉ်နဲ့ အင်္ဂလန်မှာကစားမယ့် လစ်သူယေးနီးယားနဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်တွေ မတိုင်မီ ဒီဖိုးကို အင်္ဂလန်လက်ရွေးစင်အဖြစ် ပြန်လည်ခေါ်ယူလိုက်တာ ဖြစ်ပါတယ်။ ဒီဖိုးဟာ ယခုနှစ် ဘောလုံးရာသီ ပရီးမီးယားလိဂ်မှာ တန်းဆင်းရမယ့် အခြေအနေရှိနေတဲ့ ဆန်းဒါးလန်းအသင်းရဲ့ သွင်းဂိုး ၂၄ ဂိုးအနက် ၁၄ ဂိုး သွင်းယူထားပြီး အဆုံးသတ်သေချာတဲ့ တိုက်စစ်မှူးစွမ်းရည်ကို ပြသထားနိုင်ပါတယ်။

play


သို့သော် ဒီဖိုးဟာ အင်္ဂလန်အသင်းအတွက် ၂၀၁၃ ခုနှစ် နိုဝင်ဘာလအတွင်း ၅၅ ပွဲမြောက် ကစားခဲ့ပြီးနောက်ပိုင်း လက်ရွေးစင်စာရင်းမှာ မပါဝင်တော့ပါဘူး။ ယခုနှစ် ဘောလုံးရာသီ ပရီးမီးယားလိဂ်မှာ ဂိုးအများဆုံး သွင်းယူထားတဲ့ ထိပ်တန်း တိုက်စစ်မှူးစာရင်းမှာလည်း ဒီဖိုး ပါဝင်နေပြီး ၁၉ ဂိုး သွင်းယူထားတဲ့ တော့တင်ဟမ်တိုက်စစ်မှူး ဟယ်ရီကိန်းရဲ့နောက်မှာ ရပ်တည်နေပါတယ်။ အင်္ဂလန်အသင်းရဲ့ လာမယ့် သီတင်းပတ်ပွဲစဉ်တွေမှာ တော့တင်ဟမ်တိုက်စစ်မှူး ဟယ်ရီကိန်းဟာ ဒဏ်ရာကြောင့် ပါဝင်နိုင်မှာ မဟုတ်သလို မန်ယူတိုက်စစ်မှူး ဝိန်းရွန်နေးလည်း ပါဝင်မှာ မဟုတ်ပါဘူး။


အင်္ဂလန်အသင်းဟာ ဂျာမနီနဲ့ လာမယ့် သီတင်းပတ် ဗုဒ္ဓဟူးနေ့ (မတ်လ ၂၂ ရက်) မှာ ခြေစမ်းပွဲစဉ် သွားရောက်ကစားမှာဖြစ်ပြီး မတ်လ ၂၆ ရက်မှာတော့ ဝင်ဘလေကွင်းမှာ လစ်သူယေးနီးယားနဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲ ကစားရမှာဖြစ်ပါတယ်။ ဒီဖိုးက အင်္ဂလန်အသင်းအတွက် ပြန်လည် ကစားခွင့်ရမှုအပေါ် အားလုံးကို ကျေးဇူးတင်ကြောင်း တွစ်တာမှာ ပြောထားပါတယ်။

လက်ရှိ ရွေးချယ်ထားတဲ့ အင်္ဂလန်အသင်း ကစားသမားစာရင်း

  • ဂိုး - ဖရေဆာ ဖော်စတာ (ဆောက်သမ်တန်)၊ ဂျိုးဟတ် (မန်စီးတီးမှ တိုရီနိုသို့ အငှားချ)၊ တွမ်ဟီတန် (ဘန်လေ)
  • နောက်တန်း - ရိုင်ယန်ဘာထရန် (ဆောက်သမ်တန်)၊ ဂယ်ရီကာဟေး (ချယ်လ်ဆီး)၊ နေသန်နီးလ် ကလိုင်နီ (လီဗာပူး)၊ ဖီးလ်ဂျုံးစ် (မန်ယူ)၊ မိုက်ကယ်ကိန်း (ဘန်လေ)၊ လုခ်ရှော (မန်ယူ)၊ ခရစ်စမောလင်း (မန်ယူ)၊ ဂျွန်စတုန်း (မန်စီးတီး)၊ ကိုင်လီဝေါ်ကာ (တော့တင်ဟမ်)
  • ကွင်းလယ် - ဒီလီအလီ (တော့တင်ဟမ်)၊ မစ်ချီ အန်တိုနီယို (ဝက်စ်ဟမ်း)၊ ရော့စ်ဘာကလေ (အဲဗာတန်)၊ အဲရစ်ဒီယာ (တော့တင်ဟမ်)၊ အဒမ် လာလာနာ (လီဗာပူး)၊ ဂျေဆီလင်ဂတ် (မန်ယူ)၊ ဂျိတ်လီဗာမိုးရ် (ဝက်စ်ဟမ်း)၊ ချိန်ဘာလိန် (အာဆင်နယ်)၊ နေသန် ရက်ဒ်မွန် (ဆောက်သမ်တန်)၊ စတာလင် (မန်စီးတီး)၊ ဂျိမ်းစ်ဝက်ဒ်ပရွန်းစ် (ဆောက်သမ်တန်)
  • ရှေ့တန်း - ဂျာမိန်းဒီဖိုး (ဆန်းဒါးလန်း)၊ မားကပ်စ်ရက်ရှ်ဖို့ဒ် (မန်ယူ)၊ ဗာဒီ (လက်စတာ)

Source & Photo: Reuters

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ