International Sports: ဂျာမနီကိုရှုံးသော်လည်း အင်္ဂလန်ခြေစွမ်းကို အားရနေသည့် နည်းပြဆောက်ဂိတ်

ဂျာမနီက ၁-၀ ဂိုးနဲ့ အနိုင်ရခဲ့တာပါ။

ခြေစမ်းပွဲမှာ ရှုံးနိမ့်သွားပေမယ့် အင်္ဂလန်အသင်းရဲ့ ခြေစွမ်းကို နည်းပြဆောက်ဂိတ်က အကောင်းမြင်လျှက်ရှိတယ်လို့ သိရပါတယ်။

 

ခြေစမ်းပွဲမှာ ဂျာမနီကို ရှုံးနိမ့်သွားခဲ့တဲ့ ရလဒ်က အသင်းနောက်ပိုင်းပွဲစဉ်တွေရလဒ်အပေါ် အရိပ်မဲတစ်ခုလို လိုက်ပါနေမှာ မဟုတ်ဘူးလို့ နည်းပြဆောက်ဂိတ်က ပြောပါတယ်။ ဂျာမနီအတွက် နောက်ဆုံးအဖြစ်ကစားခဲ့တဲ့ ပွဲစဉ်မှာ အနိုင်ဂိုး သွင်းယူခဲ့တဲ့ ပိုဒေါစကီးအတွက်တော့ မိမိဝမ်းသာကြောင်း ဆောက်ဂိတ်ကေ ပြာပါတယ်။ ဂျာမနီအသင်းကစားသမား ပိုဒေါစကီးဟာ လက်ရွေးစင် ကစားသမားအဖြစ် ၁၃ နှစ်ကြာဖြတ်သန်းခဲ့ပြီးနောက် အင်္ဂလန်နဲ့ ခြေစမ်းပွဲအပြီးမှာ အနားယူသွားခဲ့ပြီဖြစ်ပါတယ်။ သူ့ရဲ့နှုတ်ဆက်ပွဲမှာ ပိုဒေါစကီးက အနိုင်ဂိုးသွင်းယူနိုင်ခဲ့တာပါ။

play

play

 

" ပုံမှန်အားဖြင့်တော့ ဘောလုံးလောကမှ အိပ်ယာဝင်ပုံပြင်တွေလို ချိုမြိန်တဲ့အဖြစ်တွေက  တကယ်ဖြစ်လေ့မရှိဘူးဗျ။ ဒါပေမယ့် ပိုဒေါစကီးကတော့ တကယ်ဖြစ်သွားတယ်။ သူ့ရဲ့ဂိုးအတွက် ကျွန်တော်ဝမ်းသာပါတယ်။ ဒီရလဒ်က ကျွန်တော်တို့ကို အရိပ်မည်းတစ်ခုလို လိုက်ပါနေမှာ မဟုတ်ပါဘူး။ ဒီဂိုးပေးလိုက်ရတဲ့အခြေအနေကို ကျွန်တော်တို့ ပြန်သုံးသပ်သွားမှာပါ။ ဒါပေမယ့် ဒီပွဲရလဒ်ကိုတော့ ကျွန်တော်အချိန်အများကြီးပေးပြီးစဉ်းစားနေမှာမဟုတ်ဘူး။ ကစားသမားတွေရဲ့ ခြေစွမ်းနဲ့ပတ်သတ်လို့ ကျွန်တော်အကောင်းမြင်ထားပါတယ်" လို့  အင်္ဂလန်နည်းပြ ဆောက်ဂိတ်ဆောက်ဂိတ်က ပြောပါတယ်။

play
အင်္ဂလန်နည်းပြဆောက်ဂိတ်

 

အင်္ဂလန်အသင်းက ဒီနေ့ပွဲစဉ်မှာ နောက်တန်းကစားသမား သုံးဦးထားတဲ့ ကစားကွက်ကို စမ်းသပ်အသုံးပြုခဲ့တာဖြစ်ပြီး ဒါဟာ ၂၀၀၆ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် ပြန်ကစားတဲ့ ကစားကွက်ဖြစ်ပါတယ်။ ဒီနေ့ပွဲမှာ အင်္ဂလန်အသင်း တိုက်စစ်မှာ လက်စတာတိုက်စစ်မှူး ဗာဒီ၊ စပါးကစားသမားအယ်လီတို့ ပွဲထွက်ခဲ့တာဖြစ်ပါတယ်။ ပိုဒေါစကီးက ပွဲချိန် ၆၉ မိနစ်မှာ ဂိုးဧရိယာအပြင်က ကန်သွင်းယူခဲ့တာဖြစ်ပါတယ်။

play

Source :  BBC

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ