International Sports: ဘာစီလိုနာ ကစားသမားနေမာ သရုပ်ဆောင်မှု မင်းသားရှုံးဟု ဝေဖန်ခံရ

နေမာက ဘောလုံးကွင်းထဲ သရုပ်ဆောင်တာ အလွန်ပီပြင်တယ်လို့ ပြောပါတယ်။

ဘာစီလိုနာကစားသမား နေမာဟာ ဘောလုံးလောကမှာ သရုပ်ဆောင်အရမ်းကောင်းသူဖြစ်ကြောင်း ဝေဖန်ပြောကြားခံလိုက်ရပါတယ်။

 

စကော့တလန်ဘောလုံးကလပ် ဆဲလ်တစ်အသင်း နောက်ခံကစာသမား လုစ်တစ်က ပြောကြားလိုက်တာဖြစ်ပါတယ်။ ဘောလုံးကွင်းထဲရောက်တဲ့အခါ နေမာရဲ့ သရုပ်ဆောင်မှုတွေဟာ အရမ်းကိုပီပြင်လွန်းတယ်လို့ နောက်ခံကစားသမား မိုက်ကယ်လုစ်တစ်က ဝေဖန်ခဲ့တာဖြစ်ပါတယ်။ ဆဲလ်တစ်အသင်းနဲ့ ဘာစီလိုနာအသင်းက ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ် နိုဝင်ဘာလအတွင်း ချန်ပီယံလိဂ် ပြိုင်ပွဲမှာ တွေ့ဆုံခဲ့ကြတာဖြစ်ပါတယ်။ နေမာဟာ နည်းနည်းလေးတောင်မှ အထိမခံတဲ့ ကစားသမားဖြစ်ပြီး အမြဲတမ်းမြက်ခင်းပြင်ပေါ် လဲကျဖို့သာ စိတ်အားထက်သန်သူ ဖြစ်တယ်လို့ လုစ်တစ်က ပြောတာပါ။

play

 

နိုဝင်ဘာလအတွင်း ချန်ပီယံလိဂ် အုပ်စုပြိုင်ပွဲမှာ ဘာစီလိုနာအသင်းနဲ့ ဆဲလ်တစ်နှစ်ကျော့ တွေ့ဆုံခဲ့ကြတာဖြစ်ပြီး စက်တင်ဘာလအတွင်း တွေ့ဆုံတဲ့ပထမပွဲစဉ်မှာ ဘာစီလိုနာက ၇ ဂိုးပြတ်အနိုင်ရခဲ့တာဖြစ်ပါတယ်။ နောက်တစ်ခါ ဒုတိယအကျော့ ပြိုင်ပွဲမှာလည်း ဘာစီလိုနာက နှစ်ဂိုးပြတ်အနိုင်ရခဲ့ပြန်ပါတယ်။

play

 

" ခင်ဗျားသူ့ကို တွန်းတွန်းတိုက်တိုက်သွားလုပ်လို့မရဘူး။ သူက ပေါ့ပေါ့ပါးပါပဲ  လှဲချပစ်လိုက်တာ။ ပုံမှန်အရဆိုရင် သူက ကျွန်တော့်ထက်ကောင်းတယ်လေ။ ဒါကြောင့် သူဘယ်လိုလှည့်စားမှုတွေလုပ်မလဲဆိုတာ စဉ်းစားပြီး ထိန်းချုပ်ခဲ့ရတယ်" လို့ နောက်ခံလူ မိုက်ကယ်လုစ်တစ်က ပြောပါတယ်။ " ဒါပေမယ့် နေမာဟာ သရုပ်ဆောင်တဲ့နေရာမှာတော့ တကယ့်ကို မင်းသားတစ်ယောက်လိုပဲ" လို့ သူက ထပ်ပြောပါတယ်။

play

 

တကယ့်ပြင်ပဘဝမှာလည်း နေမာဟာ သရုပ်ဆောင်အလုပ်နဲ့ သိပ်ပြီးကင်းကွာလှသူတော့မဟုတ်ပါဘူး။ ကြော်ငြာရိုက်ကူးရေးလုပ်ငန်းတွေမှာ ဝင်ရောက်သရုပ်ဆောင်တဲ့အပြင် ဟောလိဝုဒ်မင်းသား ဗန်ဒီဇယ်ရဲ့ နောက်ဆုံးဇာတ်ကားထဲမှာတောင်ပါဝင်ထားပါသေးတယ်။ ၂၀၁၇ ခုနှစ်အတွင်း ထွက်ရှိလာတဲ့ xXx: Return of Xander Cage ဇာတ်လမ်းထဲမှာ တစ်ခန်းနှစ်ခန်းစ ပါဝင်သရုပ်ဆောင်ခဲ့သူဖြစ်ပါတယ်။

Source : Mirror

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ