International Sports: ကမ္ဘာ့ဖလား ခြေစစ်ပွဲမှာ ဆွာရက်ဇ်မပါတဲ့ ဥရုဂွေးကို ဘရာဇီး ဂိုးပြတ်အနိုင်ရ

ယနေ့မနက် ကစားခဲ့တဲ့ တောင်အမေရိကဇုန် ကမ္ဘာ့ဖလား ခြေစစ်ပွဲမှာ ဘရာဇီးက ဥရုဂွေးအသင်းကို ဂိုးပြတ်အနိုင်ရသွားခဲ့ပါတယ်။

 

ဥရုဂွေးအသင်းက အဖွင့်ဂိုး အရင်သွင်းယူခဲ့ပေမယ့် ဘရာဇီးအသင်းက တစ်ဦးချင်းခြေစွမ်းပြမှုတွေနဲ့ အဆုံးသတ်သေချာမှုတွေကြောင့် ဥရုဂွေးအသင်းကိုလေးဂိုးအထိပြန်သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။ ဘာစီလိုနာအသင်းကစားသမား  နေမာလည်း ဒီပွဲမှာ အသင်းအတွက်တစ်ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ ဒီပွဲအနိုင်ကြောင့် ဘရာဇီးအသင်းဟာ ခြေစ်ပွဲအောင်ဖို့ သေချာသလောက်ရှိသွားပြီဖြစ်ပြီး လက်ကျန်ငါးပွဲမှာ နောက်ထပ်နှစ်ပွဲလောက်နိုင်ပြီဆိုတာ ခြေစစ်ပွဲအောင်မြင်တော့မှာဖြစ်ပါတယ်။

play

 

ဒီနေ့ ရှုံးပွဲတွေ့သွားတာကြောင့် တောင်အမေရိကဇုန်ခြေစစ်ပွဲ အုပ်စုအတွင်း ဒုတိယနေရာရပ်တည်နေတဲ့ ဥရုဂွေးအသင်းဟာ ဘရာဇီးနဲ့ ၇ မှတ်ပြတ်သွားခဲ့ပါတယ်။ ဥရုဂွေး၊ အာဂျင်တီးနား၊ ကိုလံဘီယာစတဲ့အသင်းတွေအားလုံးဆက်ပြီး ပွဲကြပ်တွေရင်ဆိုင်ကြရဦးမှာ ဖြစ်ပါတယ်။ ခြေစစ်ပွဲအောင်နိုင်ခြေရှိတဲ့အသင်းဟာ နောက်ထပ် ခုနှစ်သင်းလောက်ရှိနေသေးပြီး ဘရာဇီးကိုဖယ်လိုက်မယ်ဆိုရင် နောက်ထပ် သုံးသင်းသို့မဟုတ်လေးသင်းသာ ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်ရမှာဖြစ်ပါတယ်။

play

 

ပွဲချိန် ၉ မိနစ်မှာတင် ကာဗာနီကို ဘရာဇီးဂိုးသမား ဆွဲလှဲသလိုဖြစ်ခဲ့လို့ ပင်နယ်တီရခဲ့ပြီး ဒီပင်နယ်တီကို တိုက်စစ်မှူး ကာဗာနီက ကန်သွင်းယူခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် နောက်ထပ် ဆယ်မိနစ်အကြာမှာ ဘရာဇီးအသင်း ချေပဂိုးပြန်ရသွားပါတယ်။ အသင်းက တိုက်စစ်ဆင်လာတဲ့အချိန် ဂိုးဧရိယာထဲမရောက်ခင် အတော်ခပ်လှမ်းလှမ်းကပဲ ပေါ်လင်ဟိုက ဂိုးထောင့်ကို ကန်သွင်းလိုက်တာဖြစ်ပါတယ်။ ဒီပွဲမှာ ပေါ်လင်ဟို အထူးခြေစွမ်းပြခဲ့ပြီး ဟက်ထရစ်ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။

play

 

နောက်တစ်ခါ ဒုတိယပိုင်းပွဲချိန် ၅၂ မိနစ်မှာလည်း ဖာမီနို ကန်ချက်ဘရာဇီးဂိုးသမား ပုတ်ထုတ်လိုက်ပြီး ပြန်ထွက်လာတဲ့ ဘောလုံးကို ပေါ်လင်ဟိုကပဲ ပိတ်သွင်းယူလိုက်တာဖြစ်ပါတယ်။ နောက်တစ်ခါ  နေမာသွင်းယူခဲ့တဲ့ ဂိုးကတော့ ဘရာဇီးရဲ့ တစ်ဦးချင်းစွမ်းရည်ကောင်းမွန်မှုကို သက်သေပြခဲ့တဲ့ ဂိုးဖြစ်စေခဲ့ပါတယ်။

play

 

ဘရာဇီး နောက်တန်းက ဖျက်ထုတ်လိုက်တဲ့ဘောလုံးဟာ ပြိုင်ဘက်ဂိုးရှေ့ရောက်သွားပြီးနေမာက ဥရုဂွေးနောက်ခံလူတွေ ကျော်ဖြတ်ပြီးကာ ဂိုးသမားကိုပါ ကျော်သွင်းယူလိုက်တာဖြစ်ပါတယ်။ ပွဲပြီးခါနီမှာလည်း ညာဘက်အခြမ်းကနေ ဂိုးရှေ့ဖြတ်တင်လိုက်တဲ့ဘောလုံးကို ပေါ်လင်ဟိုက ရင်ဘတ်နဲ့ တိုက်ပြီးသွင်းယူလိုက်တာဖြစ်ပါတယ်။

play

ှSource : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ