International Sports: အာဂျင်တီးနားကို ရှုံးလို့ ဒေါသအကြီးအကျယ် ပေါက်ကွဲတဲ့ ဆန်းချက်ဇ်

ချီလီက ခြေစစ်ပွဲအောင်ဖို့ ရုန်းကန်နေရပါပြီ။

ပွဲအပြီမှာ ချီလီအသင်း​ ရှုံးနိမ့်သွားတဲ့ရလဒ်ထက် ဆန်းချက်ဇ်ကွင်းထဲမှာ ဒေါသပေါက်ကွဲခဲ့တဲ့အကြောင်းက ပိုပြီးရေပန်းစားလျှက်ရှိနေပါတယ်။

လွန်ခဲ့တဲ့ တစ်နှစ်တုန်းက ဗိုလ်လုပွဲမှာ ဒီနှစ်သင်းတွေ့ဆုံခဲ့ပြီး မက်ဆီဦးဆောင်တဲ့ အာဂျင်တီးနားအသင်းဟာ ကြေကွဲစရာအဖြစ်နဲ့ရှုံးပွဲတွေ့ခဲ့ရပါတယ်။ အခု အာဂျင်တီးနားအသင်းက ရရှိလာတဲ့ တစ်လုံးတည်းသော ပင်နယ်တီဂိုးနဲ့ ချီလီကိုအနိုင်ရကာ ခြေစစ်ပွဲအောင်ဖို့ အခြေအနေ ပိုကောင်းသွားတာဖြစ်ပါတယ်။

play

 

ချီလီအသင်းက အရင်ဂိုးရခဲ့ပေမယ့် လူကျွံနေလို့ ဂိုးအဖြစ်သတ်မှတ်ခြင်း မခံခဲ့ရပါဘူး။ ချီလီကစားသမား ပက်ဒရိုဖွန်ဇာလီဒါက ဒီမာရီယာကို ပင်နယ်တီဧရိယာအတွင်း ဥပဒေပ ကစားသလို ဖြစ်ခဲ့တဲ့အတွက် ပင်နယ်တီပေးခဲ့ရပြီး ဒီပင်နယ်တီကို မက်ဆီက ကန်သွင်းယူခဲ့တာဖြစ်ပါတယ်။ ဂိုးပေးလိုက်ရတဲ့အတွက် ဆန်းချက်ဇ်ဟာ အတော်လေး ဒေါသပေါက်ကွဲခဲ့ပြီး ပရိသတ်တွေဘက်က ချီးကျူးစကားတွေ လူမှုကွန်ယက်မှာ ပြောခဲ့ကြပါတယ်။

play

play

 

ဆန်းချက်ဇ်ရဲ့ ပေးဆပ်လိုစိတ်ဟာ ကလပ်အသင်းအာဆင်နယ်ပေါ်မှာသာမက နိုင်ငံအသင်းအတွက်လည်း မလျော့သွားဘူးလို့ အချို့က မှတ်ချက်ပြုပါတယ်။ ၂၀၁၈ ကမ္ဘာ့ဖလားအတွက် တောင်အမေရိကဇုန် ခြေစစ်ပွဲဟာ လက်ကျန်ငါးပွဲ ကစားဖို့ ကျန်ရှိနေသေးပြီး အာဂျင်တီးနားအသင်းက ထိပ်ဆုံးက ဘရာဇီးနဲ့ ၈ မှတ်အကွာ အုပ်စုအဆင့်-၃ နေရာ ရပ်တည်လျှက်ရှိပါတယ်။ ဆယ်သင်းရှိတဲ့အထဲမှာ အသင်းလေးသင်း တိုက်ရိုက်ခြေစစ်ပွဲအောင်မှာဖြစ်ပြီး နံပတ်-၅ ရတဲ့အသင်းက အခြားဒေသကအသင်းတစ်သင်းနဲ့ ရှုံးထွက်ပွဲ ကစားပေးရမှာဖြစ်ပါတယ်။

ဘောလုံးသမားဘဝ အဆုံးသတ်သွားနိုင်တဲ့ ဒဏ်ရာမျိုး ရသွားတဲ့ အဲဗာတန်နောက်ခံလူ ကိုးလ်မန်း

 

ဆန်းချက်ဇ်က အာဆင်နယ်အသင်းနဲ့လည်း ရှေ့ဆက်ဖို့ မရေမရာ ဖြစ်နေတဲ့ကစားသမားဖြစ်ပြီး လာမယ့်နွေရာသီမှာ ပြတ်ပြတ်သားသား သိရဖွယ်ရှိပါတယ်။ အာဆင်နယ်အသင်းမှာ နည်းပြအာစင်ဝင်းဂါးရှိ၊မရှိဆိုတာလည်း ဆန်းချက်ဇ်အနာဂတ်အတွက် အရေးပါတဲံ ဆုံးဖြတ်ချက် ဖြစ်နိုင်ပါတယ်။ ဆန်းချက်ဇ်က လက်ရှိဘောလုံးရာသီမှာ အာဆင်နယ်အတွက် ဂိုးသွင်းအများဆုံး ကစားသမားဖြစ်ပါတယ်။

Source : Mirror

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ