International Sports: မူးယစ်ရာဇဝတ်ဂိုဏ်းတွေရဲ့ အသုံးချခံ ဖြစ်ခဲ့ရတဲ့ မက်ဆီ

မူးယစ်ကုန်သည်တွေကြားထဲမှာ မက်ဆီဟာ ကြားထဲက အသုံးချခံ ဖြစ်ခဲ့ရပါတယ်။

နှစ်စဉ် ဒေါ်လာသန်းပေါင်းများစွာ ရနေတဲ့ ဘောလုံးသမားမက်ဆီဟာ တောင်အမေရိကမူးယစ်ရာဇဝတ်ဂိုဏ်းရဲ့ အသုံးချခံ တစ်ယောက် ဖြစ်သွားခဲ့ကြောင်း သိရပါတယ်။

play

 

မက်ဆီဟာ စံချိန်များစွာချိုးထားတဲ့ ကစားသမားတစ်ဦးဖြစ်ပြီး ကမ္ဘာ့လုပ်ခလစာအများဆုံး ကစားသမားတွေထဲက တစ်ဦးအပါအဝင်ဖြစ်ပါတယ်။ မက်ဆီရဲ့အမည်ကို တရားဝင်သုံးစွဲပြီး စီးပွားရေးလုပ်ငန်းတွေမှာ  ကြေညာမယ်ဆိုရင် ဒေါ်လာသန်းပေါင်းများစွာ ပေးရမှာဖြစ်ပါတယ်။ တောင်အမေရိက မူးယစ်ရာဇဝတ်ဂိုဏ်းတွေကတော့ မက်ဆီရဲ့ နာမည်ကို အသုံးချပြီး ဒေါ်လာသန်းပေါင်းများစွာ ဝင်ငွေရှာဖွေခဲ့ကာ နောက်ဆုံးဖမ်းဆီးရမိသွားပြီဖြစ်ပါတယ်။

မက်ဆီ ဘယ်တော့မှမတွေ့ချင်တဲ့ ဘောလုံးသမား (၅) ဦး

play

 

ပီရူးနိုင်ငံအတွင်း ယူရို ၈၅ သန်းတန်ကြေးရှိတဲ့ ကိုကိန်းတွေကို ရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့တာပါ။ ကုန်ပစ္စည်းတွေမှာ နာမည်တစ်ခု ထားလေ့ရှိတဲ့ ထုံးစံအတိုင်း အဲဒီကိုကိန်းတွေမှာလည်း နာမည်တစ်ခုရှိပြီး မက်ဆီဆိုတဲ့ နာမည်နဲ့ ကိုကိန်းတွေ ထုတ်လုပ်ခဲ့တာဖြစ်ပါတယ်။ အခုဖမ်းဆီးရမိခဲ့တဲ့ ကိုကိန်းထုတ်တွေအပေါ်မှာ မက်ဆီရဲ့ဓာတ်ပုံနဲ့ နာမည်ကို အသုံးပြုခဲ့ကြတာတွေ့ရပါတယ်။

play

 

AFP သတင်းရဲ့ဖော်ပြချက်ရ အခုဖမ်းဆီးရမိတဲ့ ကိုကိန်းတွေဟာ အေ အဆင့်ရှိတဲ့ အကောင်းစားအမျိုးအစားတွေဖြစ်ပြီး စုစုပေါင်း ကီလိုဂရမ် ၁၄၁၇ ရှိတယ်လို့ သိရပါတယ်။ မက်ဆီရဲ့နာမည်ကိုအသုံးပြုပြီး မူးယစ်ရာဇာတွေက ဒေါ်လာသန်းပေါင်းများစွာ ရှာဖွေနေကြတာဖြစ်ပါတယ်။ မက်ဆီဟာ မရည်ရွယ်ပဲ မူးယစ်ရာဇဝတ်သားတွေရဲ့ သားကောင် ဖြစ်ခဲ့ရတာဖြစ်ပါတယ်။

 

Source : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ