International Sports: မွေးရပ်မြေပေါ်တူဂီမှ လေဆိပ်ကို ရော်နယ်ဒိုအမည် ပြောင်းလဲခေါ်ဆိုတော့မည်

ရော်နယ်ဒိုကို ဂုဏ်ပြုမှာပါ။

နိုင်ငံ့ဂုဏ်ဆောင် ဘောလုံးသမားအဖြစ် သတ်မှတ်ခံရတဲ့ ရော်နယ်ဒိုကို မွေးရပ်မြေ ပေါ်တူဂီမြို့ကလေးရဲ့ ပြည်နယ်အစိုးရက အကြီးကျယ်ဆုံးဂုဏ်ပြုမှုတစ်ခုပြုလုပ်တော့မှာ ဖြစ်ပါတယ်။

 

ရော်နယ်ဒို မွေးဖွားနေထိုင်ခဲ့ရာ ပေါ်တူဂီနိုငံ မက်ဒေးရီးယားဒေသမှာရှိတဲ့ လေဆိပ်ကို ရော်နယ်ဒိုရဲ့အမည်ပြောင်းလဲကာ ခေါ်ဆိုစေမှာဖြစ်ပါတယ်။ ၂၀၁၆ ခုနှစ်အတွင်း ယူရိုချန်ပီယံရှစ်ပြိုင်ပွဲမှာ ရော်နယ်ဒိုဦးဆောင်တဲ့ ပေါ်တူဂီအသင်းက ချန်ပီယံ ဖြစ်ခဲ့ပြီးတဲ့နောက် ပြည်နယ်အစိုးရက အခုလိုဂုဏ်ပြုပေးဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ ရော်နယ်ဒိုမွေးဖွားခဲ့ရာ ဒေသမှာ ရော်နယ်ဒိုကိုဂုဏ်ပြုတဲ့ပြတိုက်လည်းဖွင့်လှစ်ထားပြီးပြီဖြစ်ပါတယ်။

play

 

ရော်နယ်ဒိုပိုင်ဆိုင်တဲ့ဟိုတယ်ကိုလည်း အဲဒီကျွန်းမြို့ကလေးမှာပဲ ဖွင့်လှစ်ထားပါတယ်။ မက်ဒေးရီးယားဒေသက အယ်ရိုပေါ်တိုမက်ဒေးရီးယားလေဆိပ်ကို ရော်နယ်ဒိုရဲ့အမည် ထည့်သွင်းကာ ခေါ်ဆိုစေမှာဖြစ်ပါတယ်။ လေဆိပ်တရားဝင် နာမည်ပြောင်းပွဲ အခမ်းအနားကိုတော့လာမယ့် မတ်လ ၂၉ ရက်နေ့မှာကျင်းပပြုလုပ်မှာဖြစ်ပါတယ်။

play
မတ်လ ၂၉ ရက်မှာ တရားဝင်ဖွင့်ပွဲ လုပ်ပါမယ်

 

၂၀၁၆ ခုနှစ်ဟာ ရော်နယ်ဒိုအတွက်အောင်မြင်တဲ့နှစ်တစ်နှစ်ဖြစ်ခဲ့ပြီး ကလပ်အသင်း၊ နိုင်ငံအသင်းနဲ့သာမက တကိုယ်ရည် ဆုတံဆိပ်များလည်း ရရှိခဲ့ပါသေးတယ်။ အခုပေါ်တူဂီက မက်ဒေးရီးယားလေဆိပ်မှာ ရော်နယ်ဒိုအမည်ပြောင်းလဲဖို့နဲ့ ရုပ်ပုံတပ်ဆင်တဲ့ ပြင်ဆင်မှုတွေပြုလုပ်နေပြီဖြစ်ပါတယ်။ မက်ဒေးရီးယားလေဆိပ်ဟာ ကျွန်းငယ်လေးပေါ်မှာ တည်ဆောက်ထားတာဖြစ်ပြီး ထူးခြားမှုအနည်းငယ်ရှိပါတယ်။

play

 

ကမ္ဘာ့အန္တရာယ်အများဆုံး လေဆိပ်စာရင်းထဲမှာ မက်ဒေးရီးယားလေဆိပ်က အဆင့်-၉ သတ်မှတ်ခံထားရပါတယ်။ ဥရောပမှာတော့ ဂျီဘရော့တာလေဆိပ်နဲ့ ကော်ရှီဗယ် လေဆိပ်ပြီးရင် တတိယအန္တရာယ်အများဆုံးလေဆိပ်အဖြစ်သတ်မှတ်ထားတာဖြစ်ပါတယ်။ ပေါ်တူဂီမှာတော့ စတုတ္ထမြောက် လူအရှုပ်ဆုံး၊ အရေးအပါဆုံးလေဆိပ်လည်းဖြစ်ပါတယ်။

Source : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ