AD
AD
AD

ဘရာဇီးအပျော်တမ်းအမှတ်ပေး ဘောလုံးပွဲမှာ တာဝန်ယူတဲ့ အမျိုးသမီးဒိုင်လူကြီးရဲ့ အလှကြောင့် ဘောလုံးသမားတွေနဲ့ ပရိသတ်တွေရဲ့ အာရုံစိုက်မှုကို ရရှိခဲ့ပါတယ်။

 

ဒန်းနစ်ဗျူရိုလို့ အမည်ရတဲ့ သူမဟာ အဆိုပါ အပျော်တမ်း ဘောလုံးပြိုင်ပွဲမှာ စည်းကြပ်ဒိုင်အဖြစ်တာဝန်ယူခဲ့တာလို့ သိရပါတယ်။ ဘောလုံးပွဲစဉ်တွေအတွင်း အမျိုးသမီး ဒိုင်လူကြီးတွေကို ပိုမိုတာဝန်ပေးအပ်လာကြတဲ့နောက်ပိုင်း ပရီးမီးယားလိဂ်လို ပြိုင်ပွဲကြီးတွေမှာလည်း အမျိုးသမီးဒိုင်လူကြီးတွေ ထည့်သွင်းအသုံးပြုလာတာတွေ့ရပါတယ်။

play

 

အခုဘရာဇီးက အပျော်တမ်းအသင်းတွေဖြစ်တဲ့ Desire နဲ့ Sporting အသင်းတို့ရဲ့ ပြိုင်ပွဲမှာတော့ သူမဟာ နာမည်ကျော်တစ်ယောက်ဖြစ်ခဲ့ပါတယ်။

play

 

ပရိသတ်အချို့ကလည်း ဘောလုံးပွဲထက် သူမရဲ့ လှုပ်ရှားမှုတွေကိုသာ ပိုပြီးအာရုံစိုက်နေခဲ့တယ်လို့ ပြည်တွင်းမီဒီယာအချို့က ဖော်ပြပါတယ်။ ဒန်းနစ်ဟာ တင်းကျပ်ပါးလွှာတဲ့ ဒိုင်လူကြီးဝတ်စုံကို အဆိုပါပွဲ တာဝန်ယူစဉ် ဝတ်ဆင်ထားခဲ့တဲ့အတွက် အများရဲ့အာရုံစိုက်မှုကိုခံခဲ့ရတာပါ။

play

 

 ပွဲမကစားခင် နှစ်ဖက်အသင်း မှတ်တမ်းဓာတ်ပုံ ရိုက်ကူးနေချိန်မှာတောင်မှ ဘောလုံးသမားအချို့ဟာ ကင်မရာကို မကြည့်နိုင်ပဲ အကြည့်က စည်းကြပ်ဒိုင်လူကြီး ဒင်းနစ်ထံကို ရောက်နေခဲ့တာတွေ့ရပါတယ်။

play

Source : Mirror

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD