ယနေ့ည ကစားမယ့် ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်ပွဲစဉ်မှာ ရီးရဲလ်မက်ဒရစ်အသင်း ကစားသမား အစ္စကို ပြန်လည်ပါဝင်လာမယ်လို့ သိရပါတယ်။

play

 

ဘာစီလိုနာကို ရီးရဲလ်မက်ဒရစ်အသင်း ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်မှာ အစ္စကိုဟာ ချန်လှပ်ခံရသူ ကစားသမားဖြစ်ခဲ့ပြီး အဲဒီအတွက်လည်း နည်းပြဇီဒန်းဝေဖန်ခံခဲ့ရပါတယ်။ အခု အသလက်တီကိုအသင်းနဲ့ ကစားရမယ့် မက်ဒရစ်ဒါဘီပွဲစဉ်မှာတော့ ရီးရဲလ်မက်ဒရစ်ကွင်းလယ်မှာ အစ္စကို ပြန်လည်ပါဝင်လာတော့မှာပါ။ အစ္စကို ပြန်လည်ပါဝင်လာမှာ ဖြစ်ပေမယ့် အခြားကွင်းလယ်ကစားသမား ဂျိမ်းစ်ရိုဒရီဂွက်ဇ်လည်း ပွဲထွက်စာရင်း ပါဝင်လာဖွယ်ရှိနေတယ်လို့ သိရပါတယ်။

အသင်းတောင်ပံ တိုက်စစ်ကစားသမား ဂါရက်ဘေးလ်ဒဏ်ရာရနေတဲ့အတွက် ဒီပွဲမပါဝင်နိုင်ဖို့ သေချာခဲ့ပြီး အစ္စကိုပွဲပြန်ထွက်ဖို့ အခွင့်အရေးရလာခဲ့တာပါ။ အစ္စကိုဟာ ဒီရာသီမှာ ရီးရဲလ်မက်ဒရစ်အသင်းအတွက် ၁၂ ဂိုးသွင်းယူပြီး ၆ ဂိုးဖန်တီးပေးထားသူ ကစားသမားဖြစ်ပါတယ်။

play

 

ရီးရဲလ်မက်ဒရစ်က ယနေ့ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ပထမအကျော့ပွဲစဉ်ကို အိမ်ကွင်းမှာ ကစားရမှာဖြစ်ပြီး အသလက်တီကိုနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ ဘိုင်ယန်မြူးနစ်ကို ချန်ပီယံလိဂ်ကွာတားဖိုင်နယ် ဒုတိယအကျော့ ပွဲစဉ်မှာ အနိုင်ုတန်းက ပွဲထွက်ခဲ့တဲ့ လူစာရင်းအတိုင်း နည်းပြဇီဒန်းက ပွဲထုတ်ဖွယ်ရှိနေပါတယ်။

Source & Photos : Goal

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video