AD
AD
AD

မက်ဒရစ်ဒါဘီပွဲစဉ်တိုင်းဟာ အမြဲစိတ်ဝင်စားဖို့ ကောင်းနေကြပါ။ အခုည တွေ့မယ့် ရီးရဲလ်မက်ဒရစ်နဲ့ အသလက်တီကို မက်ဒရစ်ဒါဘီကတော့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်ဖြစ်လို့ပိုပြီးစိတ်ဝင်စားဖို့ ကောင်းပါတယ်။

 

ရလဒ်ဘယ်လိုထွက်လာမလဲ ဆိုတာကို အဆုံးအဖြတ်ပေးမယ့် အချက် (၅) ချက်ရှိပါတယ်။

၁။ ကေလာနာဗက်စ် - အော့ဘလက်ခ်

play

 

ရီးရဲလ်ဂိုးသမား ကေလာနာဗက်စ်က ပိုပြီးဝေဖန်ခံရတဲ့ ကစားသမားတစ်ဦးဖြစ်ပါတယ်။ နောက်ရာသီအသင်းမှာလည်း ဆက်ရှိဖို့ မရေရာသူပါ။ အော့ဘလက်ခ်ကတော့ အသလက်တီကိုနဲ့ ပုံမှန်အတိုင်း ခရီးဆက်နေဆဲ ဖြစ်ပါတယ်။ ဒီဂိုးသမားနှစ်ဦးရဲ့ လက်စွမ်းပြကာကွယ်မှုက အသင်းရဲ့ ရလဒ်အတွက် ပထမဆုံးနေရာတွေက အရေးပါနေပါတယ်။

 

၂။ ဂိုဒင် - ရာမို့စ်

play

 

မထင်ထားတဲ့အချိန်တွေမှာ အသင်းအတွက် အရေးပါတဲ့ ဂိုးတွေသွင်းပေးနေတဲ့ ကစားသမားတွေဖြစ်ပါတယ်။ လက်ရှိအသင်းခေါင်းဆောင်နှစ်ဦးဖြစ်ကြသူတွေပါ။ နောက်ခံကစားသမားတွေထဲမှာ ရာမို့စ်ဟာ ရီးရဲလ်အတွက် အရေးကြီးတဲ့အချိန် အဆုံးအဖြတ်ဂိုးတွေသွင်းနေကျ ဖြစ်ပါတယ်။ မနှစ်က ဒီနှစ်သင်းဟာ ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ တွေ့ခဲ့ကြပြီး ရီးရဲလ်မက်ဒရစ်အတွက် ရာမို့စ် ဂိုးသွင်းနိုင်ခဲ့ပါသေးတယ်။

 

၃။ မာဆယ်လို - ဖိလစ်

play

 

ဘရာဇီးနောက်တန်းကစားသမားနှစ်ဦးက မက်ဒရစ်မှာ ပြိုင်ဘက်တွေဖြစ်နေကြတာပါ။ နှစ်ဦးလုံးရဲ့ ခံစစ်ကစားပုံက အသင်းအသီးသီးရဲ့ ရလဒ်အတွက် အရေးပါနေပါတယ်။ ဒီကစားသမားနှစ်ဦးရဲ့ တစ်ချက်အမှားကလည်း အသင်းကို ရလဒ်ဆိုးသွားစေနိုင်လို့ ဒီနေရာက အရေးကြီးနေတဲ့ နေရာတစ်ခု ဖြစ်ပါတယ်။

 

၎။ ကိုကီ - မိုဒရစ်

play

 

အသင်းရဲ့ ကွင်းလယ်ကို ထိန်းချုပ်ကစားမယ့် ကစားသမားနှစ်ဦးဖြစ်ပါတယ်။ နှစ်ဦးလုံးရဲ့ တာဝန်က ကွင်းလယ်မှာ ဘောလုံးထိန်းချုပ်ပြီး တိုက်စစ်ကို ဘောလုံးဖြန့်ဝေပေးရမှာပါ။ ရီးရဲလ်မက်ဒရစ်ရဲ့ တိုက်စစ်ကလည် မိုဒရစ်အပေါ် မူတည်သလို ကိုကီရဲ့ ဖန်တီးမှုတွေကလည်း အသလက်တီကိုအတွက် အရေးကြီးနေပါတယ်။ ဒီကစားသမားနှစ်ဦး ဘယ်လောက်ဘောလုံးဖန်တီးပေးပို့မှုတွေ၊ အခွင့်အရေးတွေ ဖန်တီးပေးနိုင်သလဲဆိုတဲ့အပေါ် မူတည်ပြီး အသင်းက ရလဒ်ကောင်းမှာ ဖြစ်ပါတယ်။

 

၅။ ရော်နယ်ဒို - ဂရိဇ်မန်း

play

 

ဒီကစားသမားနှစ်ဦးရဲ့ ရေစက်က အံ့မခန်းဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်မှာလည်း ချန်ပီယံလိဂ်ဗိုလ်လုပွဲ၊ ယူရိုချန်ပီယံရှစ် ဗိုလ်လုပွဲ နှစ်ပွဲလုံးမှာ တွေ့ခဲ့ကြရုံသာမက ကမ္ဘာ့အကောင်းဆုံးကစားသမားဆုမှာလည်း သူတို့ ပြိုင်ခဲ့ကြရပြန်ပါတယ်။ သုံးခုလုံးမှာ ရော်နယ်ဒိုကသာ အနိုင်ရခဲ့ပါတယ်။ အခုအရေးကြီးတဲ့ပွဲစဉ်မှာတွေ့ပြန်ပါပြီ။ ဒီကစားသမားနှစ်ဦး ဂိုးပေါက်တွေ့ခြင်း၊ မတွေ့ခြင်းအပေါ် မူတည်ပြီး အသင်းရဲ့ ရလဒ်က အဖြေထွက်လာမှာပါ။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD