ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်ပွဲစဉ်မှာ ရီးရဲလ်မက်ဒရစ်က ရော်နယ်ဒိုရဲ့ ဟက်ထရစ်ဂိုးနဲ့ အသလက်တီကိုအသင်းကို ဂိုးပြတ်အနိုင်ယူပြီး ဗိုလ်လုပွဲတက်ဖို့ အခြေအနေကောင်းခဲ့ပြန်ပါပြီ။

 

ချန်ပီယံလိဂ်လက်ရှိချန်ပီယံဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်အသင်းအတွက် ရောနယ်ဒိုဟာ ချန်ပီယံလိဂ် ကွာတားဖိုင်နယ်မှာလည်း ဘိုင်ယန်မြူးနစ်ကို ဟက်ထရစ်ဂိုးအပါအဝင် နှစ်ကျော့ပေါင်း ငါးဂိုးသွင်းခဲ့သူဖြစ်ပါတယ်။ အခု အသလက်တီကိုနဲ့ ပထမအကျော့ ဆီမီးဖိုင်နယ် ပွဲစဉ်မှာလည်း ခေါင်းတိုက်အဖွင့်ဂိုးအပါအဝင် ဟက်ထရစ်သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။ ရော်နယ်ဒိုက ၂၀၁၂-၁၃ ဘောလုံးရာသီနောက်ပိုင်း ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်မှာ ပထမဆုံးဟက်ထရစ်သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။

ဟက်ထရစ်သွင်းပြီးနောက် မက်ဆီရဲ့ စံချိန်ကို လိုက်မီသွားတဲ့ ရော်နယ်ဒို

play
အဖွင့်ဂိုး သွင်းပေးနေသည့် ရော်နယ်ဒို

 

ပွဲစပြီး ဆယ်မိနစ်မှာတင် ကက်ရှ်မီယိုရဲ့ ဖြတ်တင်ဘောကို ရော်နယ်ဒိုက ခေါင်းတိုက်သွင်းယူလိုက်တာဖြစ်ပါတယ်။ ရော်နယ်ဒိုရဲ့ အဖွင့်ဂိုးမတိုင်ခင်မှာ ကာဗာရယ်ပေးပို့တဲ့ ဘောလုံး အစ္စကို အဆုံးသတ်မှု မသေချာလို့ ဂိုးလွဲခဲ့ရတဲ့အပြင် ဘင်ဇီမားလည်း အခွင့်အရေးတစ်ချို့လွဲခဲ့ပါသေးတယ်။

play

 

 ဒီနေ့ပွဲမှ အသလက်တီကိုရဲ့ တိုက်စစ်ဟာ ရီးရဲလ်မက်ဒရစ်ဘက်ကို လုံးဝမခြိမ်းခြောက်နိုင်ခဲ့ပါဘူး။ ပွဲချိန် ၁၆ မိနစ်မှာ ထောင့်ကန်ဘောကတဆင့် ဗာရန်းပိတ်သွင်းတာကို အသလက်တီကိုဂိုးသမား အော့ဘလက်ခ် လက်စွမ်းပြ ကာကွယ်နိုင်ခဲ့ပါသေးတယ်။

play

 

ဒုတိပိုင်း ၇၃ မိနစ်မှာ ရော်နယ်ဒို ဒုတိယဂိုးသွင်းသွားပြန်ပါတယ်။ ဘောလုံးဆွဲယူပြီး ဂိုးဧရိယာထဲ ဝင်ဖို့ ကြိုးစားရာမှာ အသလက်တီကိုနောက်ခံလူနဲ့ ထိပြီးပြန်ကျလာတဲ့ဘောလုံးကို ရော်နယ်ဒိုက ပြန်ဆွဲယူကာ ကွင်းပေါ် ခုန်နေတဲ့ဘောလုံးကို မြေမကျ ကန်သွင်းယူလိုက်တာ ဖြစ်ပါတယ်။ ဂိုးဟာ အပေါ်ထောင့်ကို ဝင်သွားလို့ တီကို ဂိုးသမား အော့ဘလက်ခ် ဘာမှမတက်နိုင်ခဲ့ပြန်ပါဘူး။

play
ဒုတိယမြောက်ဂိုး

 

၈၆ မိနစ်မှာ ညာတောင်ပံကတဆင့် ဆွဲပြေးလာပြီး ဗက်စ်ကွက်ဇ်ထိုးပေးတဲ့ ဘောလုံးကို အသင့်ရောက်လာတဲ့ရော်နယ်ဒိုက အသာထိန်းပြီး ပိတ်သွင်းယူလိုက်တာပါ။ ဒီဂိုးကြောင့်လည်း ရီးရဲလ်မက်ဒရစ်ဟာ နှစ်နှစ်အတွင်း ချန်ပီယံလိဂ်ဗိုလ်လုပွဲကို နောက်တစ်ကြိမ်တက်ရောက်ဖို့ နီးစပ်သွားခဲ့ပြီဖြစ်ပါတယ်။

play
ပွဲပြီးခါနီး သွင်းယူသည့် ဟက်ထရစ်ဂိုး
ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video