ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်မှာ ဟက်ထရစ်သွင်းခဲ့ပြီးနောက် ရော်နယ်ဒိုဟာ ပြိုင်ဘက်မက်ဆီရဲ့ ဂိုးသွင်စံချိန်ကို လိုက်မီသွားပြီဖြစ်ပါတယ်။

 

ချန်ပီယံလိဂ်ပြိုင်ပွဲမှာ မက်ဆီဟာ စုစုပေါင်း ဟက်ထရစ် ၇ ကြိမ်သွင်းယူထားသူ ကစားသမားဖြစ်ပါတယ်။ အခု ရီးရဲလ်မက်ရစ်က အသလက်တီကိုအသင်းကို ဂိုးပြတ်အနိုင်ရတဲ့ပွဲမှာ ရော်နယ်ဒိုက ဟက်ထရစ်သွင်းပြီးနောက် မက်ဆီရဲ့ စံချိန်ဖြစ်တဲ့ ချန်ပီယံလိဂ် ဟက်ထရစ် ၇ ကြိမ်စံချိန်ကို လိုက်မီသွားခဲ့တာပါ။

play

 

မက်ဆီရဲ့ ဘာစီလိုနာအသင်းကတော့ ကွာတားဖိုင်နယ်အဆင့်မှာ ဂျူဗင်တပ်အသင်းကို မကျော်ဖြတ်နိုင်ခဲ့လို့ ဆီမီးဖိုင်နယ်နဲ့ ဝေးကွာခဲ့ရပါတယ်။ ချန်ပီယံလိဂ် နှစ်ပွဲဆက်တိုက် ဂိုးသွင်းနိုင်ခဲ့တဲ့ ရော်နယ်ဒိုက ချန်ပီယံလိဂ်မှာ သွင်းဂိုး ၁၀၃ ဂိုးအထိ ရှိလာခဲ့ပါပြီ။ မက်ဆီကတော့ ယူအီးအက်ဖ်အေ ချန်ပီယံလိဂ် ပြိုင်ပွဲမှာ ၉၄ ဂိုးသွင်းယူထားသူ ဖြစ်ပါတယ်။

ရော်နယ်ဒိုရဲ့ ဟက်ထရစ်ဂိုးနဲ့ အခြေအနေ ကောင်းသွားပြန်တဲ့ ရီးရဲလ်မက်ဒရစ်

play

 

ချန်ပီယံလိဂ် ပြိုင်ပွဲမှာ ၂၀၁၂-၁၃ ဘောလုံးရာသီနောက်ပိုင်း ဆီမီးဖိုင်နယ်ပွဲစဉ်မှာ ဟက်ထရစ်သွင်းယူနိုင်သူမရှိခဲ့ပါဘူး။ အဲဒီတုန်းက လီဝမ်ဒေါစကီးက နောက်ဆုံးဟက်ထရစ် သွင်းယူနိုင်ခဲ့သူဖြစ်ပါတယ်။ လီဝမ်ဒေါစကီးနောက်ပိုင်းမှာ ရော်နယ်ဒိုက ပထမဆုံးအကြိမ် ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်မှာ ဟက်ထရစ်သွင်းနိုင်သူ ဖြစ်လာပါတယ်။

play

 

ချန်ပီယံလိဂ်မှာ ရီးရဲလ်မက်ဒရစ်က ရော်နယ်ဒိုနဲ့အတူ ၂၀၁၃-၁၄ ရာသီမှာ ဗိုလ်စွဲခဲ့သလို မနှစ်ကလည်း ဗိုလ်စွဲထားတဲ့အသင်းဖြစ်ပါတယ်။ အခု နှစ်နှစ်ဆက်တိုက် ဗိုလ်လုပွဲတက်ရောက်ဖို့ ရေပန်းစားနေခဲ့ပါပြီ။

Source : Mirror

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video