AD
AD
AD

ချန်ပီယံလိဂ်ဆီမီးဖိုင်နယ် ပထမအကျော့မှာ အသလက်တီကိုအသင်းကို ရီးရဲလ်မက်ဒရစ်က သုံးဂိုးပြတ် အနိုင်ယူပြီးနောက် ဗိုလ်လုပွဲတက်ဖို့ အခြေအနေကောင်းသွားခဲ့ပါပြီ။ ရော်နယ်ဒိုဟက်ထရစ်သွင်းတာကိုတော့ အားလုံးသိပြီးသားဖြစ်ပါတယ်။

 

ဒီပွဲမှာ ပရိသတ်အများစု သတိမထားမိလိုက်တဲ့ ဖြစ်ရပ် (၅)  ခုရှိပါတယ်။

၁။ ရီးရဲလ်ပရိသတ်တွေရဲ့ ရန်စမှု

play

 

ပွဲမစခင် ရီးရဲလ်မက်ဒရစ် ပရိသတ်တွေ ပွဲကြည့်စင်မှာ ကြီးမားလှတဲ့ နဖူးစည်းကြီးတစ်ခု ရှိနေခဲ့ပါတယ်။ နဖူးစည်းကြီးမှာ ချန်ပီယံလိဂ်ဖလားပုံ ရိုက်နှိပ်ထားပြီး ဘေးတစ်ဖက်မှာ မီလန်နဲ့ လစ္စဘွန်ဆိုပြီး ရေးသားခဲ့ပါတယ်။ အဓိပ္ပါယ်ကတော့ လွန်ခဲ့တဲ့ သုံးနှစ်အတွင်း ချန်ပီယံလိဂ်မှာ အသလက်တီကိုအသင်းကို ရီးရဲလ်မက်ဒရစ်အနိုင်ရခဲ့တာကို ဖော်ပြနေတာဖြစ်ပါတယ်။ သုံးနှစ်အတွင်းမှာ ဒီနှစ်သင်းက ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာတစ်ကြိမ်၊ ကွာတားဖိုင်နယ်တစ်ကြိမ် တွေ့ခဲ့ပြီး နှစ်ကြိမ်လုံး ရီးရဲလ်မက်ဒရစ်ကသာ အနိုင်ရခဲ့ပါတယ်။ ကွာတားဖိုင်နယ်မှာတွေ့ခဲ့တုန်း ချန်ပီယံလိဂ်ဗိုလ်လုပွဲကို လစ္စဘွန်းမှာ ကျင်းပခဲ့တာပါ။ အဲဒီတုန်းကတော့ ရီးရဲလ်လည်း ဗိုလ်လုပွဲ မတက်နိုင်ခဲ့ပါဘူး။ နောက်တစ်ခေါက်တော့ မီလန်မြို့မှာ ရီးရဲလ်က အနိုင်ရခဲ့တာဖြစ်ပါတယ်။ ဒီနဖူးစည်းကြောင့် အသလက်တီကိုအသင်းက ယူအီးအက်ဖ်အေကို စောဒကတက်ခဲ့တယ်လို့ သိရပါတယ်။

 

၂။ အနီကတ်နဲ့ နီးစပ်ခဲ့တဲ့ ရာမို့စ်

play

 

ရာမို့စ်ဟာ ကစားသမားဘဝတစ်လျှောက် အနီကတ် ပြခံရတာ ၂၂ ကြိမ်ရှိပြီဖြစ်ပါတယ်။ မနေ့ညက ပွဲမှာ ၂၃ ကြိမ်မြောက် အနီကတ်ကို ရလုနီးနီးဖြစ်ခဲ့ပါသေးတ်။ အသလက်တီကိုကစားသမား လူးကပ်စ်ဟာနန်ဒက်ဇ်ကို တံတောင်နဲ့ တွတ်မိသလို ဖြစ်ခဲ့ပေမယ့် ကွင်းလယ်ဒိုင်မမြင်ခဲ့လို့ အရေးယူမခံရပါဘူး။ အငြင်းပွားစရာ ဖြစ်ရပ်တစ်ခု ဖြစ်ခဲ့ပါတယ်။

 

၃။ အိမ်ကွင်းစံချိန်

play

 

ချန်ပီယံလိဂ်မှာ ရီးရဲလ်မက်ဒရစ်အသင်းက နောက်ဆုံးကစားခဲ့တဲ့ ၃၅ ပွဲဆက်တိုက် ဂိုးသွင်းနိုင်ခဲ့ပါတယ်။ အိမ်ကွင်းမှာ ကစားရတဲ့အခါ သူတို့ ဂိုးမသွင်းနိုင်တဲ့ ချန်ပီယံလိဂ်ပွဲ မရှိခဲ့ပါဘူး။ အခုတော့ ရော်နယ်ဒိုရဲ့ ဟက်ထရစ်နဲ့အတူ ချန်ပီယံလိဂ်မှာ အိမ်ကွင်း ၃၆ ပွဲဆက်တိုက် ဂိုးသွင်းနိုင်ခဲ့တဲ့ အသင်းဖြစ်လာခဲ့ပါပြီ။

 

၎။ ရော်နယ်ဒို Vs အသလက်တီကို

play

 

ချန်ပီယံလိဂ်မှာ ရော်နယ်ဒိုရဲ့ သွင်းဂိုးက ၁၀၃ ဂိုးရှိလာခဲ့ပါပြီ။ အသလက်တီကို တစ်သင်းလုံးတောင်မှ ချန်ပီယံလိဂ် ပြိုင်ပွဲသမိုင်းတစ်လျှောက်သွင်းနိုင်တဲ့ဂိုးက ၁၀၀ သာရှိပါသေးတယ်။ ရော်နယ်ဒိုတစ်ယောက်တည်းနဲ့တင် အသလက်တီကိုအသင်း ချန်ပီယံလိဂ်သမိုင်းတစ်လျှောက် သွင်းလာတဲ့ ဂိုးတွေထက် သုံးဂိုးပိုနေပါပြီ။

 

၅။ အသလက်တီကိုဝတ်စုံ

play

 

အသလက်တီကိုက ဧည့်သည်အသင်းဖြစ်ပေမယ့် အသင်းဝတ်စုံအရောင် ရွေးချယ်မှုက ထူးဆန်းခဲ့ပါတယ်။ ပုံမှန်ဆိုရင် ရီးရဲလ်မက်ဒရစ် ဂျာစီက အဖြူရောင်ဖြစ်လို့  အနီနဲ့ အဖြူအစင်းကြားဖြစ်တဲ့ အသလက်တီကိုရဲ့ အိမ်ကွင်းဝတ်စုံကို ရွေးချယ်ခွင့်ရှိပါတယ်။ ဒါပေမယ့် အသလက်တီကိုအသင်းကိုယ်တိုင် ဒီဝတ်စုံကို ဝတ်ဖို့ ရွေးခဲ့တာလို့ BT Sports မှာ ဖော်ပြပါတယ်။ အချို့သတင်းတွေကတော့ အသလက်တီကိုအသင်း ဒီဝတ်စုံဝတ်ဖို့ ယူအီးအက်ဖ်အေ ညွှန်ကြားခဲ့တာလို့ ဆိုကြပါတယ်။ ဒီနှစ်ဘောလုံးရာသီ လာလီဂါ ပထမအကျော့မှာ ရီးရဲလ်မက်ဒရစ်နဲ့ တွေ့ခဲ့တုန်းကတောင် အဖြူနဲ့အနီအစင်းကြား အိမ်ကွင်းဂျာစီကို ဝတ်စင်ခဲ့တာလို့ သိရပါတယ်။ မနှစ်က ချန်ပီယံလိဂ်မှာလည်း ဒီလိုဝတ်ဆင်ခဲ့တာပါ။ ဘာကြောင့် ပြောင်းလဲသွားလဲ တိတိကျကျ မသိရသေးပါဘူး။

 

Source : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD