AD
AD
AD

ဂျူဗင်တပ်အသင်းက ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်ပထမအကျော့မှာပဲ မိုနာကိုအသင်းကို ၀-၂ ဂိုးနဲ့ အနိုင်ယူလိုက်ပြီဖြစ်ပါတယ်။

 

မိုနာကိုအသင်းအိမ်ကွင်းမှာ ဂျူဗင်တပ်က နှစ်ဂိုးပြတ်အနိုင်ယူလိုက်ပြီဖြစ်တဲ့အတွက် ဗိုလ်လုပွဲ တက်ရောက်ဖို့လည်း ပိုပြီးတော့ နီးစပ်သွားခဲ့ပြီဖြစ်ပါတယ်။ ဂျူဗင်တပ်အသင်းအတွက် တိုက်စစ်မှူး ဟီဂူအင်က နှစ်ဂိုးလုံး သွင်းယူပေးခဲ့တာဖြစ်ပြီး သူ့အတွက် ချန်ပီယံလိဂ် ကျိန်စာကိုလည်းချေဖျက်နိုင်ခဲ့ပါတယ်။

play

 

တိုက်စစ်မှူး ဟီဂူအင်က ချန်ပီယံလိဂ် ရှုံးထွက်အဆင့်ပွဲစဉ်တွေမှာ တစ်ကြိမ်မှ ဂိုးမသွင်းနိုင်သေးတဲ့ ကစားသမားဖြစ်ပါတယ်။ အခုဂိုးနှစ်ဂိုးဟာ ဟီဂူအင်အတွက် ချန်ပီယံလိဂ် ရှုံးထွက်အဆင့်စုစုပေါင်း ၂၄ ပွဲမှာ ပထမဆုံးသွင်းယူတဲ့ဂိုးတွေဖြစ်ခဲ့ပါတယ်။ ဟီဂူအင်က ပထမပိုင်းမှာ တစ်ဂိုး၊ ဒုတိယပိုင်းမှာ တစ်ဂိုးသွင်းယူခဲ့တာဖြစ်ပြီး ဟီဂူအင်ရဲ့ ဂိုးတွေကို ဘာစီလိုနာ ကစားသမားဟောင်းအဲလ်ဗက်စ်က ဖန်တီးပေးခဲ့တာဖြစ်ပါတယ်။

play

 

မိုနာကိုအသင်းက ဒီနှစ်ချန်ပီယံလိဂ်မှာ ခြေစွမ်းပြနေတဲ့အသင်းဖြစ်ပြီး အုပ်စုအဆင့်ကျော်လွန်လာပြီးနောက်ပိုင်း ၁၂ ဂိုးတိတိ သွင်းနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ဂျူဗင်တပ်ကိုတော့ အိမ်ကွင်းမှာ တစ်ဂိုးမှပြန်မသွင်းနိုင်ပဲ အရှုံးပေးခဲ့ရတာပါ။ မိုနာကိုအသင်းက ဒီရာသီ ချန်ပီယံလိဂ် ၁၁ ပွဲကစားရာမှာ စုစုပေါင်း ပေးဂိး ၂ ဂိုးသာရှိပြီး ဒီပေးဂိုး ၂ ဂိုးက ဗိုလ်လုပွဲတက်ဖို့ ခက်ခဲသွားစေခဲ့ပါပြီ။

play
ဟီဂူအင်ရဲ့ ပထမဂိုး

 

မိုနာကိုအသင်းလူငယ်တိုက်စစ်ကစားသမား အမ်ဘက်ပေးရဲ့ အပိုင်ကန်သွင်းချက်တွေကို ဂျူဗင်တပ်ဂိုးသမား ဘူဖွန်လက်စွမ်းပြကာကွယ်နိုင်ခဲ့လို့လည်း ဂျူဗင်တပ်ပေးဂိုးမရှိ အနိုင်ရခဲ့တာဖြစ်ပါတယ်။ ဘူဖွန်ဟာ သူ့ရဲ့ ကစားသမားဘဝ ချန်ပီယံလိဂ်ပွဲ် ၁၀၀ ပြည့်ကို ဒီပွဲနဲ့အတူ ပွဲထွက်ခဲ့တာပါ။

play
ချန်ပီယံလိဂ် ပွဲ ၁၀၀ ပြည့်သွားတဲ့ ဂိုးသမား ဘူဖွန်

 

ပွဲချိန် ၂၉ မိနစ်မှာ ညာခြမ်းကတဆင့် ဂျူဗင်တပ်ကစားသမား အဲဗက်စ်ဘောလုံးဆွဲပြေးလာပြီး ဖနောင့်နဲ့ အနောက်ကိုပြန်ချပေးလိုက်တဲ့ဘောလုံးကို ဟီဂူအင်က အဆုံးသတ်လိုက်တာဖြစ်ပါတယ်။ ဒုတိယပိုင်းမှာ မိုနာကိုတိုက်စစ်မှူး ဖယ်လ်ကာအို အပိုင်ကန်ခွင့်ရပေမယ့်လညး ဘူဖွန်ရဲ့ကာကွယ်မှုကို မကျော်လွှားနိုင်လို့ချေပဂိုးနဲ့ ဝေးခဲ့ရတာပါ။

play

 

ဒုတိယပိုင်း ၅၉ မိနစ်မှာ ဂျူဗင်တပ် ဒုတိယဂိုးပြန်ရပါတယ်။ အဲဗက်စ်ညာခြမ်းက ဖြတ်တင်လိုက်တဲ့ဘောလုံးကို ဟီဂူအင်ကပဲ ပိတ်သွင်းယူလိုက်ပြန်တာဖြစ်ပါတယ်။ ဘာစီလိုနာ ကစားသမားဟောင်း အဲဗက်စ်ဟာ သူ့ရဲ့ ကစားသမားဘဝ ပထမဆုံးအကြိမ် တစ်ပွဲတည်း နှစ်ဂိုးဖန်တီးပေးနိုင်ခဲ့ပါတယ်။

play

 

ဒီပွဲအနိုင်ကြောင့် ဂျူဗင်တပ်ကအသင်းက ဗိုလ်လုပွဲတက်ဖို့ ရေပန်းစားလာပြီး ဗိုလ်လုပွဲမှာ ရီးရဲလ်မက်ဒရစ်နဲ့တွေ့ဖို့ အခြေအနေကောင်းနေပြီဖြစ်ပါတယ်။

Source : Flashscore

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD