AD
AD
AD

ဘာစီလိလို ညာနောက်ခံကစားသမားဟောင်းဖြစ်တဲ့ အဲဗက်စ်ဟာ ယနေ့နံနက် အစောပိုင်း ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ အသင်းအတွက် နှစ်ဂိုးဖန်တီးပေးပို့နိုင်ခဲ့သူဖြစ်ပါတယ်။

play

 

လက်ရှိဘောလုံးသမားမျိုးဆက်မှာတော့ အဲဗက်စ်က ကမ္ဘာ့အကောင်းဆုံး ညာနောက်ခံကစားသမားတစ်ဦး ဖြစ်တယ်လို့ မန်ယူကစားသမားဟောင်း ဖာဒီနန်က ချီးကျူးပါတယ်။ မိုနာကိုအသင်းဘက်ကို ဂျူဗင်တပ် တိုက်စစ်မှူး ဟီဂူအင်သွင်းယူခဲ့တဲ့ ဂိုးနှစ်ဂိုးလုံးဟာ အဲဗက်စ်ရဲ့ ဖန်တီးပေးပို့မှုတွေချည်းသာ ဖြစ်ပါတယ်။

play

 

ဂျူဗင်တပ်အသင်းဟာ ကွာတားဖိုင်နယ်မှာ ဘာစီလိုနာကို အနိုင်ယူပြီးနောက် ဗိုလ်လုပွဲတက်လာခဲ့သူဖြစ်ပါတယ်။ အဲဒီပွဲစဉ်မှာ ဘာစီလိုနာကစားသမားဟောင်း အဲဗက်စ်က အဓိက တိုက်စစ်မှူး နေမာကို ဘာအခွင့်အရေးမှ မရအောင်ထိန်းချုပ်နိုင်ခဲ့လို့ ဂျူဗင်တပ်ဟာ ဒီလိုအောင်မြင်မှုမျိုး ရလာတာလို့ မန်ယူကစားသမားဟောင်းဖာဒီနန်က ချီးကျူးခဲ့ပါတယ်။ အဲဗက်စ်က အသက် ၃၃ နှစ်အရွယ်ရှိပြီဖြစ်တဲ့ နောက်ခံကစားသမားဖြစ်ပါတယ်။

play

 

" သူက အခုချိန်ထိအကောင်းဆုံးဖြစ်နေဆဲပဲ။ သူလိုချင်တဲ့ ခံစစ်ကစားပုံကိုလည်း ကောင်းကောင်း လုပ်နိုင်တယ်။ ဘာစီလိုနာ - ဂျူဗင်တပ်ပွဲ ခင်ဗျားတို့ မြင်တယ်မလား။ နေမာကို သူ့ခါးပိုက်ထဲ ကောက်ထည့်ထားတာလေ" လို့ ဖာဒီနန်က BT Sports မှာ ပြောပါတယ်။ အဲဗက်စ်ဟာ ဒီရာသီချန်ပီယံလိဂ်မှာ

ဂိုးဖန်တီးပေးမှု လေးကြိမ်ရှိလာခဲ့ပြီဖြစ်ပါတယ်။ ယခုနှစ်ချန်ပီယံလိဂ်မှာ အဲဗက်စ်ထက် ဂိုးဖန်တီးမှု များတဲ့ကစားသမားဆိုလို့ ရော်နယ်ဒို၊ ဒမ်ဘီးလ်၊ နေမာတို့ သုံးဦးသာ ရှိပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD