AD
AD
AD
play

 

ရိုးမားအသင်းဂန္တဝင်ကစားသမား တော့တီဟာ အသက် ၄၀ အရွယ်မှာ ဘောလုံးသမားဘဝကနေ အနားယူပြီလို့ ကြေညာလိုက်ပြီဖြစ်ပါတယ်။

play

 

လက်ရှိဘောလုံးရာသီကုန်ဆုံးပြီဆိုရင် ဘောလုံးသမားဘဝကနေ တော့တီအနားယူတော့မှာ ဖြစ်ပါတယ်။ တော့တီဟာ ရိုးမားအသင်းနဲ့အတူ ၂၅ နှစ်ကြာ ဘောလုံးသမားအဖြစ် ဖြတ်သန်းခဲ့သူလည်း ဖြစ်ပါတယ်။ လက်ရှိအချိန်ထိ ရိုးမားအသင်းအတွက် ပွဲပေါင်း ၇၈၃ ပွဲကစားကာ ၃၀၇ ဂိုး သွင်းယူခဲ့တဲ့ တိုက်စစ်မှူးဖြစ်ပြီး ဘောလုံးသမားဘဝက အနားယူပြီးတဲ့အခါ ကလပ်အသင်း ဒါရိုက်တာအဖွဲ့ဝင်အဖြစ် တာဝန်ထမ်းဆောင်ဦးမယ်လို့ သိရပါတယ်။

play

 

ဘောလုံးသမားဘဝက အနားယူတဲ့အခါမှာလည်း ဘောလုံးလောကထဲမှာ ဆက်ရှိဦးမယ်လို့ တိုက်စစ်မှူး တော့တီမကြာသေးခင်က ပြောကြားခဲ့တာဖြစ်ပါတယ်။ အီတလီကစားသမားတော့တီကို ကလပ်အသင်း ဒါရိုက်တာအဖြစ် ဆက်ရှိနေစေဖို့ ယမန်နှစ်ကတည်းက အသင်းနဲ့ သဘောတူညီချက်ရရှိထားတာလို့ သိရပါတယ်။ တော့တီအနားယူတော့မယ်ဆိုတာ ရိုးမားအသင်းဒါရိုက်တာအသစ် မွန်ချီက ပြောခဲ့တာဖြစ်ပါတယ်။

play

 

ပရော်ဖက်ရှင်နယ်ဘောလုံးသမား ဘဝအဖြစ် တော့တီရဲ့ နောက်ဆုံးပွဲဟာ လာမယ့် မေလ ၂၈ ရက်နေ့ အိမ်ကွင်းမှာ ကစားရမယ့် ဂျီနိုအာနဲ့ ပွဲစဉ်ဖြစ်လာမှာပါ။ " သူအသင်းမှာ ဒါရိုက်တာအဖြစ်ဆက်ရှိပါလိမ့်မယ်။ ကျွန်တော်လည်းသူ့ကိုလိုအပ်ပါတယ်။ ရိုးမားက ဘယ်လိုကလပ်အသင်း ဆိုတာကို သူက ကျွန်တော်တို့ကို ပြန်သင်ပေးနိုင်တဲ့သူပါ" လို့ အသင်းဒါရိုက်တာ မွန်ချီက ပြောပါတယ်။

play

 

တော့တီဟာ ရိုးမားကစားသမားဘဝ နှစ်ပေါင်း ၂၅ နှစ်အတွင်း စီးရီးအေဖလားတစ်လုံးနဲ့ ကိုပါအီတလီယာ ဖလားနှစ်လုံး ရခဲ့ဖူးပါတယ်။ အီတလီလက်ရွေးစင်အသင်းနဲ့အတူ ၂၀၀၆ ခုနှစ်မှာ ကမ္ဘာ့ဖလား ချန်ပီယံ ဖြစ်ခဲ့ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD