AD
AD
AD

ယူရိုပါလိဂ်ဆီမီးဖိုင်နယ် ပထမအကျော့မှာ မန်ယူအသင်းက စပိန်ကလပ် ဆယ်တာဗီဂိုအသင်းကို အဝေးကွင်းမှာ ရက်ရှ်ဖို့ဒ်ရဲ့ ဖရီးကစ်ဂိုးနဲ့ အနိုင်ယူသွားခဲ့ပါတယ်။

 

အဝေးကွင်းမှာ တစ်လုံးတည်းသောဂိုးနဲ့ အနိုင်ရလိုက်တဲ့အတွက် ဒုတိယအကျော့ အိမ်ကွင်းမှာ ကစားရတဲ့အခါ မန်ယူက ဂိုးပြန်မပေးရဘူးဆိုရင် ဒါမှမဟုတ် မရှုံးနိမ့်ဘူးဆိုရင် ဗိုလ်လုပွဲ တက်ခွင့်ရတော့မှာ ဖြစ်ပါတယ်။ မော်ရင်ဟိုဟာ နောက်ဆုံးကစားခဲ့တဲ့ ပွဲက ပွဲထွက်လူစာရင်းကို ဒီနေ့ပွဲမှာ ခြောက်ဦးလောက်အထိ အပြောင်းအလဲ ပြုလုပ်ခဲ့ပါတယ်။ ကွင်းလယ်မှာ ပေါ့ဂ်ဘာလည်း ပြန်လည်ပါဝင်လာပြီး တိုက်စစ်ကို ရက်ရှ်ဖို့ဒ်၊ လင်ဂတ်နဲ့ မက်ခီတာယန်းတို့ကို ပွဲထွက်စေခဲ့ပါတယ်။

play

 

ပထမပိုင်းမှာ အိမ်ရှင်ဆယ်တာဗီဂိုအသင်း အပိုင်ခေါင်းတိုက်ဖို့ အခွင့်အရေးအရင်ရရှိပေမယ့် အဆုံးသတ် မသေသပ်တာကြောင့် အဖွင့်ဂိုးနဲ့ လွဲချော်သွားပါတယ်။ ဒါပေမယ့် ပထမပိုင်းမှာ ပိုပြီးအခွင့်အရေးရခဲ့တာ ဧည့်သည်မန်ယူအသင်းဖြစ်ပါတယ်။

play

 

ဂိုးဧရိယာထိပ်က ရက်ရှ်ဖို့ဒ်ရဲ့ မထင်မှတ်တဲ့ လှမ်းကန်ချက်တွေ၊ မက်ခီတာယန်းရဲ့ ဘယ်ခြေကန်ချက်တွေကို ဆယ်တာဗီဂို ဂိုးသမား ဆာဂျီယိုက လက်စွမ်းပြကာ ကာကွယ်သွားနိုင်ခဲ့တာတွေ့ရပါတယ်။

play

 

ဒီနေ့ပွဲ မန်ယူအသင်း တိုက်စစ်မှာ လင်ဂတ်က နေရာယူမမှန်တာနဲ့ အ ဆုံးသတ်အားနည်းနေတာတွေကြောင့်လည်း ဒီထက်ပိုပြီး ဂိုးမရခဲ့တာဖြစ်ပါတယ်။ ဒုတယိပိုင်း ၆၇ မိနစ်မှာတော့ မန်ယူအသင်း အဖွင့်ဂိုး ရရှိသွားခဲ့ပါတယ်။ ဂိုးဧရိယာထိပ်ဘက်မှာ ရလာတဲ့ အလွတ်တည်ကန်ဘောကို ရက်ရှ်ဖို့ဒ်က တိုက်ရိုက်ကန်သွင်းယူလိုက်တာဖြစ်ပါတယ်။  ဒုတိယပိုင်းမှာ ဆယ်တာဗီဂိုအသင်းရဲ့ ကစားပုံပိုပြီး ကောင်းမွန်လာခဲ့တာတွေ့ရပါတယ်။

play
ရက်ရှ်ဖို့ဒ်ရဲ့ ဖရီးကစ်ဂိုး

play

 

ဆယ်တာက ဘောလုံးပိုင်ဆိုင်မှု ပိုသာလွန်ခဲ့ပေမယ့် ဒီနေ့ပွဲမှာ မန်ယူအသင်း ဂိုးဧရိယာထဲအထိ တိုက်စစ်ဆင်ခွင့် မရတာကြောင့် အိမ်ရှင်အသင်း ဂိုးမရခဲ့တာဖြစ်ပါတယ်။ မန်ယူအသင်းဟာ တိုက်စစ်ထက် ခံစစ်ကို ပိုမိုပြင်ဆင်လာခဲ့ပုံရပါတယ်။

တွန်းတိုက်အားကောင်းတဲ့ တိုက်စစ်ကစားသမားမျိုး ဆယ်လ်တာမှာ ပါမလာခဲ့လို့ မန်ယူကို ဂိုးဧရိယာထဲဝင်ပြီး ခြိမ်းခြောက်မှု အားနည်းခဲ့ကာ ဂိုးထိပ်နားကနေ လှမ်းကန်ချက်တွေနဲ့ ဂိုးပေါက်ခြိမ်းခြောက်နေခဲ့ရတာဖြစ်ပါတယ်။

play

 

ဆိုးရွားတာကတော့ ဒဏ်ရာရသူတွေများလို့ ခေါင်းကိုက်နေတဲ့ မော်ရင်ဟိုအတွက် နောက်ထပ်သတင်းဆိုးတစ်ခု ထပ်ရလာတာပါပဲ။ ပွဲချိန် ၈၀ မိနစ်လောက်မှာ လူစားဝင်လာတဲ့ အက်ရှ်လေယန်းဟာ ဒဏ်ရာပြန်ရသွားလို့ ပွဲပြီးခါနီး ပြန်ထွက်သွားခဲ့ရပါတယ်။ ထူးခြားတာကတော့ မန်ယူအသင်းအတွက် သွင်းဂိုး ၁၉ ဂိုးရှိသွားပြီဖြစ်တဲ့ ရက်ရှ်ဖို့ဒ်ဟာ ပထမဆုံးအကြိမ် ဂိုးဧရိယာအပြင်က လှမ်းကန်တဲ့ ဂိုးကို ရရှိခဲ့တာဖြစ်ပါတယ်။

play
ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD