မက်ဆီကို တစ်နှစ်လုပ်ခလစာ ယူရို သန်း ၃၀ နဲ့ ၃၅ သန်းအကြား ရှိတဲ့ ပမာဏနဲ့ ချုပ်ဆိုမယ့် စာချုပ်သစ်ကို အသင်းဘက်က ကမ်းလှမ်းလိုက်တာဖြစ်ပါတယ်။

play

 

ဒါပေမယ့် မက်ဆီဘက်က လက်မခံသေးပေမယ့် ဆွေးနွေးမှုတွေ ဆက်လက်ပြုလုပ်သွားဦးမယ်လို့ သိရပါတယ်။ မက်ဆီဟာ ဘာစီလိုနာအသင်းနဲ့ လက်ရှိချုပ်ဆိုထားတဲ့ စာချုပ်အရ နောက်နှစ်ဘောလုံးရာသီအကုန်မှာ စာချုပ်သက်တမ်း ကုန်တော့မှာ ဖြစ်ပါတယ်။

အဲဒီအချိန်ထိ စာချုပ်မချုပ်ဖြစ်ခဲ့ဘူးဆိုရင် မက်ဆီဟာ လာမယ့် ၂၀၁၈ ဘောလုံးရာသီအစမှာ ဘယ်ကလပ်အသင်းမဆို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်တဲ့ ကစားသမား ဖြစ်လာတော့မှာ ဖြစ်ပါတယ်။ စပိန်က လာတဲ့သတင်းအချို့အရ မက်ဆီဘက်က တစ်နှစ်လုပ်ခလစာ ယူရို ၄၅ သန်းလောက် တောင်းဆိုထားတယ်လို့ သိရပါတယ်။ နောက်ထပ်သတင်းမှာတော့ မက်ဆီဟာ ဘာစီလိုနာအသင်းနည်းပြသစ် ဘယ်သူဖြစ်လာမလဲဆိုတာ စောင့်ကြည့်နေတာလို့ ဆိုပါတယ်။

play

 

လက်ရှိဘာစီလိုနာအသင်းနည်းပြ အင်းနရစ်က ရာသီကုန်ရင်အနားယူမှာဖြစ်ပြီး ဘာစီလိုနာက နည်းပြသစ် ခန့်အပ်ရမှာပါ။ ဒါကြောင့် အသင်းကို နည်းပြသစ်ဘယ်သူရောက်လာမလဲဆိုတဲ့ အခြေအနေပေါ် မူတည်ပြီး မက်ဆီဘက်က စာချုပ်သစ်ကို လက်မှတ်ရေးထိုးဖွယ်ရှိတယ်လို့ သတင်းတွေက ခန့်မှန်းဖော်ပြထားပါတယ်။

play

 

မက်ဆီဟာ စာချူပ်သက်တမ်းတစ်နှစ်သာကျန်တော့ပေမယ့်အသင်းနဲ့အတူ စာချုပ်သက်တမ်း ထပ်တိုးဖြစ်ဖို့ သေချာသလောက်ရှိနေတာကြောင့် အသင်းဘက်ကလည်း အလောတကြီး စာချုပ်ချုပ်ဖို့ မကြိုးစားဘူးလို့ ဆိုပါတယ်။ လက်ရှိဘောလုံးရာသီမှာ မက်ဆီက ဘာစီလိုနာအသင်းအတွက် ဂိုး ၅၀ ပြည့်သွားခဲ့ပြီဖြစ်ပြီး ဥရောပထိပ်သီးအမှတ်ပေးလိဂ်ပြိုင်ပွဲ ၅ ခုမှာ ပထမဆုံး ဂိုး ၅၀ ပြည့်တဲ့ ကစားသမား ဖြစ်လာခဲ့ပါပြီ။

Source : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video